
၀မ်းချုပ် စမြင်းခံသူများ အတွက် လွယ်ကူ သည့်နည်း
ဝမ်းချုပ် စမြင်းခံသူတွေဟာ ဝမ်းကြောတွေ တင်းနေ တတ်ပါတယ်။ ဝမ်းကြော တင်းတာကြောင့်လည်း ရင်ပြည့်ရင်ကယ်၊ အစာမကြေ၊ ဝမ်းချုပ်တာ ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် ဝမ်းကြောလျော့အောင် လုပ်ပေး ရပါတယ်။ ဝမ်းကြောလျော့စေ မယ့် နည်း ပေးပါ့မယ်။ လိုအ ပ်တာတွေ ပြောပါ့မယ်။
(၁) အုန်းဆီ
(၂) ကွမ်းစားထုံး
(၃)သွားတိုက်ဆေးတွေ လိုအပ် ပါတယ်။
အဲဒီသုံးမျိုးကို လိမ်း မယ့်လောက်ကို ဆတူယူ ရောမွှေပေးရပါမယ်။ မွှေပြီးရင် လက်ဖနောင့် မှာသုတ်ပြီး ရင်ခေါင်းကနေဆီးခုံ အထိ ခပ်သာသာလေး ဖိလိမ်းပေးရ ပါမယ်။ ဝမ်းဗိုက် တစ်ခုလုံး နှံ့စပ်အောင် လိမ်းပေးရပါမယ်။
လိမ်းပြီး ရင် အပြင်မထွက်ပါနဲ့။
မကြာမီမှာ ဗိုက်ထဲမှာ ဂွီဂွီဂွမ်ဂွမ် မြည်လာပြီး လေတွေ ပြိုကွဲလာပါမယ်။ ဗိုက်ကြော လျော့ လာပြီးတာနဲ့ အိမ်သာ ကို မျက်စောင်း ထိုးလာ ပါတော့မယ်။ သိပ်ပြီး ဝမ်းခိုင်သူ ဆိုရင်တော့ နှမ်းဆီ ဟင်းစားဇွန်း တစ်ဇွန်း ကြိုသောက်ထားပေါ့ဗျာ။ ပြီးရင် ပြေးလမ်း အဆင်သင့် ပြင်ထားပါတော့ဗျာ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
Leave a Reply