ညီမလေးမငိုနဲ့တော့ ချစ်သူကအဆက်အသွယ်မလုပ်တော့လို့စိတ်မကောင်းဖြစ်နေလား?

ချစ်သူကအဆက်အသွယ်မလုပ်တော့လို့စိတ်မကောင်းဖြစ်နေလား? ညီမလေးရေ ကိုယ့်ကိုသတိမရတဲ့သူကိုမလွမ်းဘဲနေနိုင်အာင်နေကြည့်ပါ။ သူ တောင်နေစိမ့်သေးရင် ကိုယ်လည်းမာနလေးနဲ့နေတတ်ရမှာပေါ့။ ချစ်သူကဂရုမစိုက်တော့လို့ခံစားနေရလား?

ညီမလေးရေ…လူ့စိတ်ဆိုတာအပြောင်းအလဲမြန်တတ်တယ်။ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ။ခဏတာရခဲ့တဲ့ကြင်နာမှုဆိုတာပီကေဝါးရသလို၊ခဏလေးပဲချိုမြိန်ပြီးအရသာကင်းမဲ့လာလိမ့်မယ် ပါးစပ်အညောင်းခံပြီးဆက်မဝါးနဲ့၊ထွေးထုတ်ပစ်လိုက်ပါ။သူ့အတွက်နေရာကအမှိုက်ပုံးထဲပဲလေ။ပေးဆပ်သလိုပြန်မရလို့နာကျင်နေရလား?

ညီမလေးရေ…သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ်ဆိုပေမယ့် ထပ်တူကျတဲ့တန်ပြန်သက်ရောက်မှုရမယ်လို့မဆိုလိုထားတာ သိထားရင် ဖြေသာမှာပါ။ ချစ်သူကတကယ်မချစ်လို့ဝမ်းနည်းနေတာလား?

ညီမလေးရေ…ဟန်ဆောင်မှုဆိုတာရေရှည်မခံဘဲကွာကျလာစမြဲပဲ။ quality မ ကောင်းမှန်းသိရင်အရှုံးခံပြီးမဝယ်ချင်နဲ့လေ၊လှည့်ထွက်ခဲ့လိုက်ပါ။ချစ်သူကစွန့်ခွာသွားလို့မျက်ရည်ကျနေလား?

ညီမလေးရေ…ကိုယ်နဲ့မထိုက်တန်သူအတွက် သူနဲ့တန်သလောက်ပဲရဖို့လမ်းဖယ်ပေးလိုက်ပါ။ရင်ခုန်သံတွေမရပ်သေးသရွေ့အချစ်ကမသေဘူးလေ။အချစ်ဦးနဲလွဲပြီးရင်အချစ်ဆုံးနဲ့ဖူးစာဖက်ဖို့ကြုံရလိမ့်မယ်။ ညီမလေးမငိုနဲ့တော့နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*