ဖောက်ပြန် ဖို့သေချာသလောက်ရှိတဲ့ သူ တွေရဲ့ပုံစံသိလိုသူများဖတ်ဖို့ ရေးပေးလိုက်ပါတယ်

ဖောက်ပြန် ဖို့သေချာသလောက်ရှိတဲ့ စော် တွေရဲ့ပုံစံသိလိုသူများ..

( ၁ ) ပစ္စည်းဥစ္စာမက်တဲ့ စော်…

ဒီလို မိန်းကလေး မျို ုးက ပစ္စည်းဥစ္စာအပေါ်အရမ်းတန်ဖိုးထားတဲ့သူတွေပေါ့။ သူမဟာ ဟိုဟာဝယ်ဖို့၊ ဒီဟာဝယ်ပေးဖို့ အမြဲသင့်ကိုပူဆာနေမှာပါ။

သင်ဝယ်ပေးဖို့ငြင်းလိုက်ရင်လည်း သင်သူ့ကိုမချစ်ဘူးလို့ သူမထင်မှာပါ။ သင်ဝယ်ပေးနိုင်တုန်းတော့ သင့်ကိုချစ်နိုင်ပေမယ့် သင်မဝယ်ပေးနိုင်တော့တဲ့တစ်နေ့မှာ ….

တခြားအကောင်ကြီးကြီးတစ်ယောက်ကို သူမအချစ်တွေသိမ်းကျုံးပေးလိုက်မယ့်မိန်းမ မျိုးပေါ့။

( ၂ ) သူများခံစားချက်ကို ကစားတတ်သူ…

အထိအတွေ့တွေကိုသာယာလို့ဖြစ်စေ၊ ယောကျ်ားလေးတွေကို ကစားချင်လို့ဖြစ်စေ ၊ အတည်တကျတွဲရမယ့်သူမတွေ့သေးလို့ဖြစ်စေ …

ရည်းစားအပျော်ထားတတ်တဲ့သူမဟာလည်း သင့်ကိုပစ်သွားမယ့်မိန်းကလေးအမျိုးအစားပါ။

( ၃ ) ယောကျ်ားလေး သူငယ်ချင်းများတဲ့စော်…

သူမဟာ ရင်းနှီးတဲ့ ယောကျ်ားလေး သူငယ်ချင်း တွေများလွန်းလို့ သင်သဝန်တိုရမယ့် ကောင်မလေးမျိုးပေါ့။

တခါတလေကျတော့လည်း သူနဲ့ သူ့ယောကျ်ားလေးသူငယ်ချင်းတွေကို အတွဲလို့ ပတ်ဝန်းကျင်ကထင်တာခံရပြန်တယ်လေ။

သင့်ကောင်မလေးက ရင်းနှီးတဲ့ယောကျ်ားလေးသူငယ်ချင်းထားတာမမှားပါဘူး။ ဒါပေမယ့် အရမ်းရင်ခုန်စရာကောင်းတဲ့အချစ်ဇတ်လမ်းတွေက …

သူငယ်ချင်းချစ်သူဇာတ်လမ်းတွေပါ။ ဝိုင်လေးနည်းနည်းမူးလာပြီး သူတို့တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်နေပြီလို့ …

နားလည်လိုက်ချိန်မှာ သင်ဟာနောက်ကောက်ကျန်ခဲ့ရတော့မှာ။

( ၄ ) အမြဲဂရုစိုက်ခံချင်တဲ့စော်

သူဟာ သင့်ဆီက ငါမင်းကိုချစ်လိုက်တာ၊လွမ်းလိုက်တာ၊ နင်ကဒီလိုလှတာ၊ဟိုလိုလှတာ၊ အရမ်းချစ်ဖို့ကောင်းတာဆိုပြီးပြောသံမျိုးကို တစ်ရက်အြကိမ် ၁၀၀ လောက်ကြားချင်သူကြီးပေါ့။

သင်အလုပ်တွေရှုတ်နေလို့ သူ့ကိုခဏလောက်လေးပြစ်ထားခဲ့မယ်ဆိုရင်တောင် သူမကျေနပ်ပဲ တခြားဂရုစိုက်တတ်တဲ့ကောင်လေးတစ်ယောက်ဆီချက်ချင်းသွားလိုက်မှာပါ။

( ၅ ) Party Girl…..

ဒီလို ကောင်မလေး ဟာ သင့် ချစ်သူ ဆိုရင် ဖြစ်နိုင်ချေက သင်တို့နှစ်ယောက် ပါတီမှာသောက်ရင်းစားရင်း ရည်းစားဖြစ်ခဲ့ကြတာပါ။

သူ့ကိုပါတီမသွားဖို့လည်း သင်ထိန်းနိုင်မှာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက် ကရင်းခုန်ရင်းရည်းစားဖြစ်ခဲ့သလိုပဲ သူမတခြား ကောင်လေး တစ်ယောက်နဲ့ရည်းစားဖြစ်ဖို့ အရမ်းကိုလွယ်ကူလွန်းပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*