
ဂင်ပိတ်ပင်-နွယ်နီနတ်ပန်း ဆေးအာနိသင်များ
၁။ ဂင်ပိတ်ပင်ပါ သွေးဝမ်းသွား ၊ အဆုတ် သန့်စင် ၊ သလိပ်စင် ၊သွေးသန့်တဲ့နေရာတွေမှာ သုံးပါတယ် ။ အသုံးတည့်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးများစွာ ဓါတ်စာများစွာ မှာ သုံးပါတယ် ။
၂။ သား/သမီးထွန်းကားဖို့အတွက်ဟင်းချို ချက်သောက်ရပါတယ်။
၃။ ပန်းနာ/ရင်ကြပ်အတွက်ဘဲဥနဲ့ကျော်စား ပေးပါ။
၄။ ဆေးလိပ်သောက်များ သူတွေဆေးဂျိုးတွေ ကျစေဖို့ တစ်ပါတ်မှာ သုံးရက်လောက်ဟင်းချို ချက်သောက်ပေးပါ။
သတိသွေးတိုးရောဂါရှိ သူများမစားသောက်သင့်ပါ။
ဆေးဖက်ဝင် အပင်များအကြောင်း
ဆေးနည်းဒါန ဝေမျှရသော ကု သိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာ သလို လောကသားအားလုံး အေးချမ်း သာယာပါစေ အသိမှန်အမြင်မှန်များ ဖြင့် ကျန်ရှိသောဘဝကိုလှပစွာ ဖြတ်သန်းနိုင်ကြပါစေ။
“နွယ်နီနတ် ပန်းပင် (ခ)ဂင်ပိတ်ပင် ”
သဘာဝဆေး ဘက်ဝင်ပုံနှင့် နွယ်နီနတ်ပန်းအပင်ကို ယခုမှ လေ့လာမှုရရှိ၍ ဗဟုသုတအဖြစ်မျှဝေမှုပြုလိုက်ရပါသည် ငယ်စဉ်က ကြားဖူးနားဝသာ ရှိခဲ့ဘူးပါသည် …..ဆေဘက်ဝင်ပုံမှာ ပဉ္စငါးပါးလုံး အသုံးပြုလို့ရပါသည်။
အရွက် ကို သုပ်၍စားခြင်း /ဟင်းချက်စားသုံးမှုပြုခြင်းဖြင့် ခန္ဓာကိုယ်မှကုန်ဆုံးသွားသောအားအင်တို့ကိုပြန်လည် ဖြည့်စီးပေးနိုင်သော အစွမ်း သတ္တိရှိပါသည်။
နွယ်နီနတ်ပန်းဂုဏ် သတ္တိမှာ ပျားရည်ဖြင့်နှပ်၍စားသုံးခြင်းပြုပါက ကင်ဆာဝဒေနာတို့ကိုသက်သာပျောက်ကင်းနိုင် သည်ဟုလေ့လာသိရှိရ၍ မိတ်ဆွေ/ရောင်းရင်းတို့ ကိုမျှဝေမှုပြုပေးလိုက်ရပါသည်…
စိတ္တသုခ/ကာယသုခ အဖြာဖြာ တို့နှင့် ပြည့်စုံနိုင်ကြပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝ တို့ကို ပိုင်ဆိုင်နိုင်ကြပါစေ … … …
မေတ္တာ ၊ ကရုဏာဖြင့် သုတလုလင် နတ်ရှားစောင်းမြန်မာ့တိုင်းရင်းဆေး
Leave a Reply