”နှာခေါင်းပိတ်ပြီး အသက်ရှူမဝ သူများ အ တွက် ဆေးနည်းကောင်းလေး”

နံ့သာဖြူ

အချို့ကလေး၊ လူကြီးတို့ နှာခေါင်းပိတ်ပြီး အသက်ရှူ၍ မဝခြင်း မကြာခဏဖြစ်တတ်ကြပါသည်။ လူကြီးထက်ကလေးဖြစ်လျှင်တော်တော်စိတ်ပျက်စရာ ကောင်းပါသည်။ ထိုသို့ဖြစ်ပါလျှင်လွယ်လွယ်ကူကူနှင့် မိနစ်ပိုင်းအတွင်းသက်သာပျောက်ကင်းစေသော ဆေးမြီးတိုလေအားတင်ပြ လိုက်ပါသည်။နံ့သာဖြူ(အသား)ကိုသွေးပြီးနှာတံပေ ါ်နှင့်နှာခေါင်း၀ အားလိမ်းပေးလိုက်ပါ။ တစ်ခဏ အတွင်း နှာခေါင်းပိတ်ပြီး အသက်ရှူ မဝခြင်း ပျောက်ကင်းသွား ပါမည်။

နံ့သာဖြူသုတ

အတု အစစ်ရှိပါတယ်။ အတုက နံ့သာဖြူဆီနဲ့ မာလကာ သားကို ပေါင်းလိုက်တဲ့ အခါ မာလကာသားမှာ အနံ့စွဲ သွားပါတယ်။ချက်ချင်းတော့အနံ့စွဲနေတတ်ပါ တယ်။ကြာလာတော့ အနံ့ပြယ်သွားပါတယ်။ နံ့သာဖြူရဲ့အနှစ်သားဟာအလေးချိန်စီးပြီး ကျစ်လစ် သိပ်သည်းပါတယ် ။နံ့သာဖြူအသားက အဝါရောင် သန်းပါတယ်။ နံ့သာဖြူစစ်ရင်ဘယ်တော့ မှအနံ့ပျက်ပြယ်တယ် မျိုးမရှိပါ။

ရဲမျိုးသူ(ဗောဓိမြိုင်)

Be the first to comment

Leave a Reply

Your email address will not be published.


*