တွဲနေပေမယ့်ဘယ်တော့မှ လက်ထပ်မှာမဟုတ်တဲ့ ယောက်ျားလေး တွေရဲ့အကျင့်စရိုက်(၅)မျိုး

တချို့ ယောက်ျားလေး တွေက မိန်းကလေး တစ်ယောက်နဲ့ နှစ်အတော်ကြာတွဲနေတာတောင်ဘာကြောင့် အေးအေးဆေးဆေးနဲ့သက်တောင့်သက်သာဖြစ်နေရတာလဲ။နှစ်ယောက်လုံးရဲ့ဆက်ဆံရေးကအဆင်ပြေနေတာမျိုးမဟုတ်ဘဲသူ့ဘက်က သွေးအေးလွန်းတဲ့အခြေအနေကိုဆိုလိုခြင်းဖြစ်ပါတယ်။

ဒါဟာမိန်းကလေးတစ်ယောက်တည်းကိုအတည်တကျလက်ထပ်ချင်တဲ့စိတ်ဆန္ဒသူတို့မှာမရှိတဲ့လက္ခဏာတွေပါပဲ။အဲဒီလိုမိန်းကလေးတစ်ယောက်ကိုအပျော်တွဲရုံသာတွဲပြီးဘယ်တော့မှလက်ထပ်ဖို့စဉ်းစားမှာမဟုတ်တဲ့ယောက်ျားလေးတွေမှာဘယ်လိုအကျင့်စရိုက်တွေရှိသလဲဆိုတာ န်းကလေး တွေအနေနဲ့သိထားဖို့လိုပါတယ်။ အဲဒီအချက်တွေနဲ့ပတ်သက်ပြီး စုစည်းဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ ခွင့်လွှတ်နားလည်မှုကို ရယူတယ်

များသောအားဖြင့်relationshipတစ်ခုမှာလက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်လာရင်မိန်းကလေးက ယောက်ျားလေးကိုအသနားခံရတာဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေလို့ပြောလို့ရပါတယ်။ဒါပေမယ့် ထူးချွန်ထက်မြက်တဲ့ မိန်းမ တစ်ယောက်ထက်မြက်တဲ့မိန်းမတစ်ယောက်ရဲ့အချစ်ရေးမှာကျတော့ …..

အဲဒီ မိန်းမရဲ့အချစ်ကို ပိုင်ဆိုင်ထားပေမယ့်လက်ထပ်ဖို့ဘယ်တော့မှမစဉ်းစားတဲ့ ယောက်ျားလေးတွေဟာအဲဒီမိန်းမနဲ့ရေရှည်ဆက်ဆံရေးတည်မြဲအောင်သူ့တို့ကိုယ်သူတို့နှိမ့်ချလေ့ရှိပြီးအဲဒီထက်မြက်တဲ့မိန်းမရဲ့ သနားညှာတာမှုကိုရယူလေ့ရှိကြပါတယ်။

အချိန်ဆိုင်းလေ့ရှိတယ်

အထူးသဖြင့် သူတို့ပြောနေကျစကားက လက်ထပ်ဖို့အချိန်မတန်သေးဘူး၊ အချိန်မကျသေးဘူးဆိုတာပါပဲ။တခါတလေ လက်ထပ်ခါနီးအချိန်၊အားလုံးပြင်ဆင်ပြီးခါမှသတို့သားကမင်္ဂလာပွဲကိုရောက်မလာတာမျိုးတွေပတ်ဝန်းကျင်မှာမြင်ဖူး၊ကြားဖူးကြမှာပါ။

ဒါကြောင့် စုံတွဲတွေအနေနဲ့ သတိပြုရမှာက ဘယ်လို အရည်အချင်းပြည့်ဝတဲ့ယောက်ျားလေးပဲဖြစ်ပါစေ သူ့ရဲ့ အကြောင်းပြချက်ကိုအမှတ်တမဲ့မနေသင့်ဘူးဆိုတာပါပဲ။

မဂၤလာရက္မ သတ္မွတ္ဘူး

တကယ် လက်ထပ် ဖို့အထိ ရည်ရွယ်ထားတဲ့ ယောက်ျားလေး ကတော့ လက်ထပ်လက်စွပ်ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ သူချစ်ရတဲ့ မိန်းကလေး ကို သေချာပေါက်လက်ထပ်ခွင့်တောင်းလေ့ရှိပါတယ်။

 

ဒါပေမယ့်လက်ထပ်ဖို့ကိုခေါင်းထဲထည့်မစဉ်းစားတဲ့ ယောက်ျားလေး ကတော့လက်ထပ်ခွင့်တောင်းမှာလည်းမဟုတ်သလိုမင်္ဂလာရက်သတ်မှတ်တာမျိုးလည်းရှိမှာမဟုတ်ဘူး။

လက်မထပ် ဘဲအတူနေဖို့ တိုက်တွန်းမယ်

ရေရှည်လက်တွဲသွားနိုင်ဖို့ အရင်ဆုံး တစ်ယောက်သဘောတစ်ယောက်နားလည်ပြီး အယူအဆတွေအံဝင်ခွင်ကျဖြစ်ဖို့ အတူနေကြည့်မယ်ဆိုတဲ့အကြောင်းပြချက်မျိုးနဲ့ သင်နဲ့အတူနေထိုင်ဖို့ တိုက်တွန်းတတ်ပါတယ်။

မိန်းကလေး ဘက်က သူတို့ ရဲ့ဒီလိုတောင်းဆိုမှုကိုလိုက်လျောမယ်ဆိုရင်ဒီလိုတစ်ယောက်ကိုတစ်ယောက်လေ့လာတဲ့ အဆင့် ကနေအနာဂတ်တွေရှေ့ဆက်ဖို့ ဆိုတာဘယ်တော့မှဖြစ်လာနိုင်တော့မှာမဟုတ်တော့ပါဘူး။

မသေချာတဲ့ အနာဂတ် ကိုရွေးချယ်မယ်

မင်္ဂလာဆောင် ဖို့ ဆွေးနွေးကြ၊ပြောကြပြီးခါမှရုတ်တရက်ရက်ရွှေ့ဆိုင်းတာမျိုး၊အစီအစဉ်တွေပြောင်းလိုက်တာမျိုး၊မသေချာတဲ့အနာဂတ်မှာမင်္ဂလာဆောင်ဖို့ပြောလာမယ်ဆိုရင်သူဟာသင့်ကိုလက်ထပ်ဖို့ဘယ်တော့မှစဉ်းစားမှမဟုတ်ဘူးဆိုတာပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*