သွားတိုက်ဆေးမှာ ပါ တဲ့ ကာလာ ကုတ် အကြောင်း

သွားတိုက်ဆေးအခွံမှာ ပါတဲ့ အရောင်တွေနဲ့ မှတ်သားထားတဲ့ လေးထောင့်ပုံသင်္ကေတလေးက အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြနေတာမဟုတ်ပါဘူး။ သွားတိုက်ဆေးဝယ်ရင်း အခွံအောက်ခြေက အရောင်ပါတဲ့ သင်္ကေတလေးကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုတာ သင်သိရင်တော့ အံသြသွားပါလိမ့်မယ်။

ဒီအရောင်ပါတဲ့ သင်္ကေတ အမှတ်အသားလေးက အထဲမှာ ပါဝင်တဲ့ အရာတွေကို ရည်ညွှန်းတယ်ဆိုပြီး လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီဟာလေးက အထဲမှာပါတဲ့အရာတွေ ဥပမာ – ဓာတုပစ္စည်း ၊ သဘာဝပစ္စည်း ၊ ဆေးဘက်ဆိုင်ရာ စသည်ဖြင့်ဖော်ပြနေတယ်လို့ ထင်နေကြတာပါ။ ဒီအချက် အလက်တွေက တကယ်တမ်းတော့ သိပ်ရှင်း လင်းမှုမရှိဘဲ အသုံးမဝင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝပစ္စည်းများ သာ ပါသည်လို့ ပြထားပေမယ့် ဓာတုပစ္စည်းတွေလည်း ပါနေနိုင်ပါတယ်။

နောက်ပြီး ဆေးဘက်ဆိုင်ရာတွေ ပါဝင်တယ် ဆိုတာလည်း သိပ်ပြီး တိကျမှုမရှိပါဘူး။ဟုတ်ပါတယ် ဒီအရောင်အမှတ်အသားလေးက အထဲမှာပါတဲ့အရာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒါလေးက ထုတ်လုပ်မှုဖြစ်စဉ်အတွက် လိုအပ်တဲ့ လေဆာနဲ့ဓါတ်မှန်ရိုက်ရာမှာ အသုံးချတဲ့ အမှတ်အသားတစ်ခု (eye mark , color mark) သာ ဖြစ်ပါတယ်။ ဒီလိုလေဆာနဲ့ဓါတ်မှန်ရိုက်ပြီး ထုတ်ပိုးမှုမှာ ဘယ်နေရာကို ဖြတ်မယ်၊ ဘယ်နေရာကို လိပ်မယ် ဆိုပြီး ဆုံးဖြတ်တဲ့ အမှတ်အသားဖြစ်ပါတယ်။

အိုင်းမတ်ခ် (eye mark)

အိုင်းမတ်ခ်ဆိုတာ အင်တာနက်ကုန်ပစ္စည်းတွေမှာ အများစုတွေ့နိုင်တဲ့ စတုဂံပုံစံရိုက်နှိပ်ထားတဲ့ အမှတ်အသားကို စစ်ဆေးနိုင်မယ့် လျှပ်စစ်အာရုံခံအရာဖြစ်ပါတယ်။ ဒီအမှတ်အသားလေးက ထုတ်ကုန်တစ်ခုချင်းစီအတွက် ဘယ်နေရာကို ဖြတ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။

အရောင်ပါ တဲ့သင်္ကေတအမှတ်အသားလေးကတော့ အိုင်းမတ်ခ်လို (နောက်ဆုံးထုတ်ပိုးမှုအဆင့်ထိပါဖို့) မဟုတ်ပါဘူး။ အရောင်အမျိုးမျိုးပါဝင်နေတာက အမျိုးမျိုးသောထုတ်ပိုးမှုစနစ်နဲ့ အာရုံခံစက်များအတွက်ပဲ ဖြစ်ပါတယ်။

သွားတိုက်ဆေး တစ်ခုထဲ ဘာတွေပါလဲ သိဖို့ကတော့ ဗူးပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုခြင်းပါပဲ။အရောင်တွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေပြီး ဒီအရောင်နဲ့အမှတ်အသားကို ဘယ်လိုရှာရမယ်၊ ဘယ်လိုအဓိပ္ပါယ်ဖော်ရမယ်ဆိုတဲ့ သတင်း အချက်လက်တွေကို မှားယွင်းစွာမျှဝေနေပါတယ်။ ဒါတွေက အများအားဖြင့် မမှန်ကန်ပါဘူး။

မှားယွင်းတဲ့အချက်အလက်များ 🚫

အပြာရောင် – သဘာဝ + ဆေး

အစိမ်းရောင် – သဘာဝ

အနီရောင် – သဘာဝ + ဓာတုပစ္စည်း

အမဲရောင် – ဓာတု ပစ္စည်း

အမှန်တော့ အရောင် အမှတ်အသားတွေနဲ့ ပါဝင်ပစ္စည်းတွေက ဆက်စပ်မှု မရှိပါဘူး။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ သုံးတဲ့အမှတ်အသားတွေ ဖြစ်ပါတယ်။ ဘယ်နေရာကို ဘယ်လိုဖြတ်မယ်။ ဘယ်လိုလိပ်မယ်။ လေလုံအောင်ဘယ်လိုလိပ်မယ်။ စသည်ဖြင့် သိရှိနိုင်တဲ့ အမှတ်အသားသာဖြစ်ပါတယ်။

သွားတိုက်ဆေးထဲမှာ ပါတဲ့ အရာတွေကို သိထားဖို့ အရေးကြီးပါ တယ်။ ဒါကို သိဖို့အတွက် ဘူးခွံပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းများဆို တဲ့နေရာကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။☘️☘️

Source – Google

ရေးသားသူ Dr. Phio Thia

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Credit to Up To Date

Be the first to comment

Leave a Reply

Your email address will not be published.


*