ခွေး ကိုက် ခံရတော့မယ်ဆိုရင် ဒီအချက် တွေ လုပ်ပါ

ခွေး က ရန်မူတဲ့ပုံပေါက်တာနဲ့ ထွက်မပြေးပါနဲ့။ သားကောင်ကိုလိုက်ပြီးဖမ်းရမယ်ဆိုတဲ့ ခွေး ရဲ့တိရိစ္ဆာန်စိတ် ကို လှုံ့ဆော်ပေးသလိုဖြစ်သွားပါလိမ့်မယ်။


၁ – ကြောက်ကြောင်းမပြနဲ့    …..ခွေးကိုယုံကြည်မှုရသွားစေမှာဖြစ်တာကြောင့် သူ့ကို ကြောက်တဲ့ပုံစံမလုပ်ပါနဲ့။ သူ့ကိုခြိမ်းခြောက်တဲ့ ပုံလည်းမလုပ်ပါနဲ့။ တည်ငြိမ်ပါ။

၂ – အနားကပ်လာရင်……. အနားကိုဖြေးဖြေးချင်းကပ်လာရင် သစ်ပင်တစ်ပင်လို လက်နှစ်ဖက်ကို ဘေးကပ်ပြီး ငြိမ်ငြိမ်လေးရပ်နေပါ။ မျက်လုံးချင်းမဆုံပါနဲ့။

၃ – မပြေးနဲ့…..ခွေး က ရန်မူ တဲ့ပုံပေါက်တာနဲ့ ထွက်မပြေးပါနဲ့။ သားကောင်ကိုလိုက်ပြီးဖမ်းရမယ်ဆိုတဲ့ ခွေးရဲ့တိရိစ္ဆာန် စိတ်ကို လှုံ့ဆော်ပေးသလိုဖြစ်သွားပါလိမ့်မယ်။

၄ – အာရုံလွှဲ…..ခွေး ဟာထွက်မသွားသေးဘဲ သင့်ကိုဆက်ရန်မူတယ်ဆိုရင် အာရုံလွဲတဲ့အနေနဲ့ သင့်မှာပါလာတဲ့ ပစ္စည်းတစ်ခုကို သူကိုက်ဖို့ထိုးပေးလိုက်ပါ။

၅ – ရင်ဆိုင် အမိန့်ပေး

မာမာထန်ထန်ဟန်နဲ့ အော်ငေါက်ထုတ်ပါ။

၆ – ပြန်တိုက်……..သူက ဝင်ကိုက်လာတယ်ဆိုရင်တော့ လျင်လျင်မြန်မြန်ပဲ ခြေထောက်နဲ့ဖြတ်ကန်တာမျိုး ကိုယ့်ဘက်ကအရင်လုပ်ပါ။

၇ – ခန္ဓာကိုယ်ကိုသုံး…..ခွေး တွေဟာ အကိုက်သမားတွေဖြစ်ပါတယ်။ နပန်းမလုံးနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်၊ သင့်ဒူးခေါင်းတွေကို သုံးပြီး ဝိတ်နဲ့တက်ဖိထားပါ။

၈ – သတိထား…..မျက်နှာ၊ရင်ဘတ်နဲ့ လည်ပင်းတွေကိုသတိထားပါ။ ဒီနေရာတွေဟာ ခွေး တွေတိုက်ခိုက်ဖို့ လွယ်ပါတယ်။

၉ – ဖြည်းဖြည်း…..ခွေး ဟာ သင့်ကို စိတ်မဝင်စားတော့ဘူးဆိုရင်လည်း အဆိုပါနေရာကနေ အလျင်စလိုမထွက်ပါနဲ့။ ဖြည်းဖြည်းချင်းထွက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*