“နင်းနှိပ်ပေး တတ် တဲ့ အနှိပ် သည် ဆင်လေးတွေ နောက်ကွယ် က ခါးသီး ဖွယ် အမှန်တရား’” (သနားစရာကောင်းလိုက်တာ)

ဆိုရှယ် မီဒီယာတွေ ပေါ်မှာ လူတွေက ဆင်တွေနဲ့ အနင်း အနှိပ်ခံနေကြတာကို တွေ့ဖူးမှာပါ။ တကယ်လို့ စာဖတ်သူကိုယ်တိုင်က ထူးခြားတဲ့ အတွေ့အကြုံ စွန့်စားခန်းမျိုးတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဆင်အနင်းခံတာဟာ စာဖတ်သူအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် လူတွေကို နင်း တတ်၊ နှိပ်တတ်တဲ့ ဆင်လေးတွေ ရဲ့နောက်မှာ ဝမ်းနည်း ဖို့ကောင်းတဲ့ အမှန်တရား တွေလည်း ရှိနေပါတယ်။

ားသောအားဖြင့်တော့ ဒီလိုဆင် အနင်းအနှိပ်ခံတဲ့ ဓာတ်ပုံမျိုး ဗီဒီယိုမျိုးတွေ ကို ထိုင်းနိုင်ငံ ဖူးခက်မှာ ရိုက်ကူးထားတာ တွေ့ရမှာပါ။ တစ်ခါတစ်လေ လည်း ဆင်တစ်ကောင်က အောက်မှာ ဝမ်းလျား မှောက်ထားတဲ့ လူတစ်ယောက်ပေါ် ကို ခြေထောက်တစ်ချောင်းတင်ပြီး နင်းပေးတာ၊ တစ်ခါ တစ်လေလည်း သူတို့ရဲ့နှာမောင်း နဲ့ လူကို အသာအယာ ဖွဖိပြီး နှိပ်နယ်ပေးနေတာတွေလည်း မြင်ဖူးကြ မှာပါ။ ဒီလိုဓာတ်ပုံ ဗီဒီယိုလေးတွေကို သာမန် အတိုင်းကြည့်ရင်တော့ ဆင်လေးတွေဟာ အရမ်းလိမ္မာတာပဲ ၊ နှိပ်တတ်နင်းတတ်လိုက်တာဆိုပြီး ချီးကျူး လောက်စရာပါ။

ဒါပေမယ် အခုလို လူကို နင်းတတ် နှိပ်တတ်ဖို့ အတွက် သူတို့လေးတွေဟာ အရမ်းကို ဆင်းရဲပင်ပန်းကြီးစွာ လေ့ကျင့် သင်ကြားခံခဲ့ရပါတယ်။ ဆင်လေးတွေ ကို သူတို့ငယ်ငယ်လေး ထဲက မိခင်ကြီးနဲ့ ခွဲထုတ်ပြီး ထားပါတယ်။ ပြီးတဲ့အခါ ဆင်ပေါက်လေးတွေကို ဒဏ်ရာ အနာတရရအောင် လုပ်တာပဲဖြစ်ဖြစ်၊ အချွန် တစ်ခုခု နဲ့ ထိုးတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း လှောင်အိမ်ထဲ သော့ခတ် ထားပြီးပဲ ဖြစ်ဖြစ် ထိန်းသိမ်းပြီး သူတို့ကို အစာငတ်ရေငတ်ထားကြပါတယ်။

ဆင်ပေါက် လေးတွေဟာ သူတို့ကို လေ့ကျင့်ပေးနေ တဲ့ အခုလို ကာလအတွင်း မှာ အစာငတ်မွတ်တာ၊ ရေငတ်တာ၊ အိပ်ရေးပျက်တာစတဲ့ ဆိုးကျိုး မျိုးစုံကို ခံစားကြရပါတယ်။ တကယ်လို့များ လေ့ကျင့်ရေး အရမ်းပြင်းထန် လွန်းခဲ့ရင် တချို့ဆင်လေးတွေဟာ မခံနိုင်တော့ပဲ သေကုန် တာမျိုးလည်း ရှိပါတယ်။

ဆင်ထိန်းတွေဟာ ဒီလို ရက်စက်တဲ့နည်းလမ်းတွေ နဲ့ ဆင်တွေကို ပုံစံပေးကာ ဆင်တွေ ရဲ့မာန်စိတ်ကို ချိုးချတာ ဖြစ်ပါတယ်။ ပြီးတဲ့ နောက်မှ လူတွေကို ဘယ်လို နင်းနှိပ်ရတာ၊ ကမ္ဘာလှည့် ခရီးသည်တွေ ကို ဆောင်ယူပြီး လိုက် ပို့ရတာ စတဲ့အချက်တွေကို ဆင်လေးတွေကို သင်ပေးတာပါ။ ဒါကြောင့် ဂရုဏာ သက်ဖွယ်ကောင်းတဲ့ သူတို့ ရဲ့ ဘဝလေးတွေကို ညှာတာတဲ့အနေနဲ့ သူတို့လေးတွေကို လူတွေရဲ့စိတ်အပန်းဖြေရာသက်သက်အဖြစ် အသုံးမချသင့်ပါဘူး။ အခုဆိုရင်တော့ စာဖတ်သူတွေဟာ အနှိပ်သည်ဆင်ကလေးတွေရဲ့ သနားဖွယ်ကောင်းတဲ့ ဘဝအကြောင်းတွေ ကို elitereaders ကနေ တဆင့် ဖတ်ရှုလိုက်ရတာပဲ ဖြစ်ပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*