အမှုမဲ့ အမှတ်မဲ့ သုံးစွဲနေကြတဲ့ အရမ်းပြင်းထန် တဲ့ ပရုပ်လုံး အဆိပ်အကြောင်း..

အမှုအမှတ်မဲ့ သုံးစွဲနေကြတဲ့ အရမ်းပြင်းထန် တဲ့ ပရုပ်လုံးအဆိပ်အကြောင်း (အထူးသတိထားကြပါ)။

Naphthalene ပရုပ်လုံးကို ဘာနှင့်ပြုလုပ် ပါသလဲ။ ကြားဖူးတာကကလေး အသုံးဆောင် အဝတ်စားထည့်ရင်

သွေးကင်ဆာ ဖြစ်တက်တယ်လို့ ကြားဖူးပါတယ်။ ဟုတ်ပါ သလားဆရာ။ ဖြစ်တက်ကို ဖြစ်တတ်လို့ပြင်ရမယ်။

Naphthalene ကိုကျောက်မီးသွေး၊ ရေနံတို့ကနေ ထုတ်လုပ်တယ်။ ပလပ်စတစ်၊ ရေဆင်ဓါတ်ပေါင်း၊ လောင်စာဆီနဲ့

ဆိုးဆေး ထုတ်လုပ် ရာမှာ သုံးတယ်။ ဓါတုဗေဒ လို ပရုပ်လုံးဟာC10H8 အော်ဂဲ နစ်ကွန်ပေါင်းဖြစ်တယ်။

ဒီဓါတ်ကနေ ကင်ဆာကိုဖြစ်စေနိုင်တယ် အရေပြား၊ အဆုတ်၊ ဆီးအိမ်၊ အသဲနဲ့ အစာအိမ်ကင်ဆာတွေဖြစ်တယ်။

အဲဒီ PAHs(Paradichlorobenzene) ကွန်ပေါင်းတွေဟနှလုံးသွေးကြောရောဂါ နဲ့လည်း ဆက်စပ်နေတယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်၊ ဗိုက်နာ၊ တက်သတိလစ်ဖြစ်နိုင် တယ်ပရုပ်လုံးကြာကြာ ထည့်ထားတဲ့

အနွေးထည်ဝတ်လို့ ကလေးတွေ အဆိပ်သင့် တာဖြစ်ဖူးတယ်။ များများထိတွေ့ရင် အားနည်း၊ ခေါင်းကိုက်

စိတ်မကြည်လင်၊ လက်တုန်၊ ပျို့အန်ဖြစ်တယ်။ အစားပျက်၊ ဂဏာမငြိမ်၊ ဖြူဖတ်ဖြူရော်ဖြစ်၊ ဆီးထဲသွေး ပါ၊ အသားဝါတာတွေတယ်။ G6PD ရှိတဲ့သူတွေ မ တည့်ပါ။

IQ နိမ့်တာလည်း ဖြစ်စေနိုင် တယ်။ PAHs (Paradichlorobenzene) ကွန်ပေါင်းတွေကိုသာပြောတာဖြစ်ပြီး အိမ်သုံး ပရုပ်လုံးကို သတိနဲ့ သုံးလိုရပါတယ်။ အဆိပ်သင့်တာကိုသာ သတိထားရပါမယ်။ အဲဒီစက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်သူတွေကတော့ သတိကြီးရပါမယ်။

ခရက်ဒစ်

ဒေါက်တာတင့်ဆွေ

Be the first to comment

Leave a Reply

Your email address will not be published.


*