သဘာဝအတိုင်း ပါးဖောင်းဖောင်းလေးရအောင်လုပ်ကြမယ်

ပထမဆုံးလူတစ်ယောက်ကိုစသတိထားမိတာက မျက်လုံး၊နှုတ်ခမ်းနဲ့ပါးတွေပါ။ မျက်လုံးဝိုင်းဝိုင်းလေးဖြစ်နေတာ ၊နှုတ်ခမ်းလေးကဖူးဖူးလေးဖြစ်နေတာမျိုးဆိုလူတိုင်းက ချက်ချင်းသတိထားမိကြပြီး ဒီမိန်းကလေးချစ်စရာကောင်းတယ် ဆိုပြီး တစ်ခါတည်းသတ်မှတ်လိုက်ကြတာပါ။

ပါးဖောင်းတဲ့မိန်းကလေးတွေဆိုလည်း အတူတူပါပဲ။မျက်နှာထက်ပါးနှစ်ဖက်ကိုအရင်မြင်ရပြီး မြင်သူတိုင်းလိမ်ဆွဲချင်အောင် ပါးဖောင်းဖောင်းလေးတွေက ချစ်ဖို့ကောင်းပါတယ်။တစ်ချို့ကျတော့ ပါးဖောင်းနေတာကိုမကြိုက်တာလည်းရှိသလို တစ်ချို့မိန်းကလေးတွေက ပါးဖောင်းဖောင်းလေးဖြစ်ချင်ကြပါတယ်။ ပါးဖောင်းချင်တဲ့ပျိုမေတို့အတွက် သဘာဝအတိုင်းပါးလေးဖောင်းလာစေမယ့်နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

၁)နှင်းဆီရေနဲ့ အလှဆီ

Glycerine ဆိုတဲ့အလှဆီဟာလည်း အသားအရည်တင်းရင်းစေပြီးအရေးအကြော်ငးတွေကင်းစင်စေ ပါတယ်။နှင်းဆီရေကလည်း အသားအရည်အတွက်နုပျိုစေပါတယ်။နှင်းဆီရေနဲ့အလှဆီကိုပေါင်းစပ်ပြီး မျက်နှာမှာလိမ်းပေးမယ်ဆိုရင် ပါးနှစ်ဖက်ကို ဖောင်းဖောင်းလေးဖြစ်လာစေပါတယ်တဲ့။့အလှဆီနဲ့နှင်းဆီရေကြောင့် ပါးကိုအာဟာရပိုဖြစ်လာစေပြီး ပြည့်ဖောင်းလာစေတာပါ။

၂)သံလွင်ဆီ

သံလွင်ဆီရဲ့ကောင်းကျိုးတွေကို လူတိုင်းသိကြပါတယ်။သံလွင်ဆီက အလှအပအတွက်တော့ မရှိမဖြစ်ပါပဲ။သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းကိုနေ့တိုင်းလိမ်းပေးမယ်ဆိုရင် အသားအရည်ကိုအာဟာရဖြစ်စေပြီး ၁၅ရက်အတွင်းပါးဖောင်းဖောင်းလေးဖြစ်လာစေပါတယ်တဲ့။

၃)နွားနို့

နွားနို့က ဗီတာမင်နဲ့ပရိုတင်းဓာတ်တွေပါဝင်လို့အာဟာရဖြစ်စေပါတယ်။ပါးဖောင်းဖောင်းလေးဖြစ်ချင်ရင်မနက်မိုးလင်းရင် နွားနို့တစ်ခွက်၊ညအိပ်ရာဝင်တစ်ခွက်သောက်ပေးပါတဲ့။၃လကျော်ရင် ပါးလေးဖောင်းလာပါလိမ့်မယ် လို့လေ့လာချက်တွေအရသိရပါတယ်။

၄)ပန်းသီး

ပန်းသီးကလည်းပါးဖောင်းဖောင်းဖြစ်ဖို့ကူညီပေးနိုင်ပါတယ်တဲ့။ပန်းသီးမှာသဘာဝအာဟာရဓာတ်တွေအများကြီးပါဝင်လို့ ကျန်းမာပြီးလှပတဲ့ပါးဖောင်းလေးဖြစ်စေမှာပါ။အဲ့ဒီလိုပါးဖောင်းလေးရဖို့ ပန်းသီးတစ်လုံးကိုကြေညက်နေအောင် ချေလိုက်ပါ။ပြီးရင်ညက်နေတဲ့ပန်းသီးတွေကိုပါးမှာလိမ်းပေးပါ။မိနစ် ၂၀လောက်ထားပြီးရင်ရေဆေးချ လိုက်ပါ။ပန်းသီးမှာပါဝင်တဲ့ဓာတ်တွေကြောင့် လှပကျန်းမာတဲ့ပါးဖောင်းလေးဖြစ်လာစေမှာပါ။ တစ်ပတ်ကိုတစ်ခါလောက်ပုံမှန်လုပ်သွားပါ။

၅)ထောပတ်သကြား

ဓာတုပစ္စည်းတွေမပါဝင်ပဲသဘာဝအတိုင်းပါးဖောင်းလေးရချင်တယ်ဆိုရင် ထောပတ်နဲ့သကြားကို လည်းမေ့ထားလို့မရပါဘူး။ထောပတ်နဲ့သကြားကိုဆတူရောစပ်ပါ။ပြီးရင် ပါးပေါ်ကိုလိမ်းပြီး ၁၅မိနစ်လောက်ထားပေးပါ။၁၅မိနစ်ကြာပြီးရင်ရေနဲ့ဆေးချလို့ရပါပြီ။တစ်ပတ်ကိုတစ်ခါဖြစ်စေ ပါးလေးဖောင်းလာတဲ့အထိလုပ်ပေးနိုင်ပါတယ်။

၆)shea butter

Shea butter ဆိုရင် စီးတီးမတ်တွေ၊စူပါမားကတ်တွေမှာ ရှိပါတယ်။ပါးဖောင်းဖောင်းလေးလိုချင်တယ်ဆိုရင် shea butter ကလည်းကူညီပေးနိုင်ပါတယ်။shea butter မှာပါတဲ့ ဗီတာမင်အီးက သင့်ရဲ့ပါးကိုပိုဖောင်းလာစေပြီး အသားအရည်လည်းတင်းရင်းစေပါတယ်။ရိုးရိုးလေးပါပဲ။shea butter ကို သင့်ရဲ့ပါးပေါ်မှာလိမ်းပြီးစက်ဝိုင်းပုံ စံနှိပ်နယ်ပေးပါ။ပြီးရင်အပေါ်ကိုတွန်းပြီးနှိပ်ပါ။၁၀မိနစ်လောက်နှိပ်ပြီးရင် နောက်ထပ် ၁၅မိနစ်လောက်ဘာမှမလုပ်ပဲနေပါ။ပြီးရင်တော့ရေဆေးချလို့ရပါပြီ။တစ်ပတ်ကို ၂ခါလောက်ပေးနိုင်ပါတယ်။ တစ်လလောက်ဆို သိသာထင်ရှားတဲ့ရလဒ်ကိုမြင်တွေ့ရပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*