ရှေ့သွားနှစ်ချောင်းကို ကြည့်ပြီး သိနိုင်မယ့် သင့်ရဲ့အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးများ

လူ တစ်ယောက်ရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားဟာ နည်းလမ်းမျိုးစုံနဲ့ အကဲဖြတ်လို့ရနိုင်ပါတယ်။ မွေးနေ့၊ သွေးအမျိုးအစား၊ လက္ခဏာ၊ စတာတွေနဲ့ ယေဘုယျမှန်းဆလို့ရသလို သွားပုံစံလေးတွေနဲ့လည်း ခန့်မှန်းလို့ ရနိုင်ပါတယ်။ သင့်ဆီမှာ ရှိနေတဲ့ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးတွေက ဘာလဲ သိချင်ရင် အခုပဲ မှန်ပြေးကြည့်လိုက်တော့နော်။ သင်နဲ့အနီးစပ်ဆုံး တူတဲ့ သွားပုံစံလေးကို ရွေးချယ်ပြီး ဖတ်ကြည့်လိုက်ပါ။

(၁) စတုရန်းပုံ

သင်က ရွှေရောင်နှလုံးသား ပိုင်ရှင်ပါ။ သင့်ရဲ့မေတ္တာတွေကို ပေးဖို့မလိုအပ်တဲ့ သူတွေကိုတောင် သင်ဟာ မေတ္တာထားတတ်သူပါ။ သင့်အနီးအနားကလူတွေကို သင့်ရဲ့နွေးထွေးတဲ့ မေတ္တာတွေအမြဲ ပေးတတ်ပါတယ်။ တမင်လုပ်ယူတာမျိုးမဟုတ်ဘဲ သဘာဝအတိုင်းကို စိတ်ထားကောင်းတဲ့သူ ဖြစ်ပါတယ်။ အတိတ်မှာ သင့်ကို စော်ကားရက်စက်ခဲ့တဲ့သူတွေကိုတောင် သင်က မေတ္တာထားနိုင်ပါတယ်။ လူမှုဆက်ဆံရေး ကောင်းတဲ့သူပေါ့။

(၂) ဝန်းဝိုင်းသောပုံ

သင်ဟာ အံ့သြစရာကောင်းတဲ့သူပါ။ သင်ဟာ ဘယ်လိုအခက်အခဲမျိုးကိုမဆို ပြုံးပြုံးလေး ရင်ဆိုင်နိုင်သူပါ။ သင့်ရဲ့စွန့်လွှတ်တတ်တဲ့စိတ်နဲ့ မွန်မြတ်တဲ့ နှလုံးသားကြောင့် လူတွေက သင့်ကို ချစ်ခင်ကြပါတယ်။ ဘဝမှာပျော်ပျော်နေဖို့တော့ မမေ့ပါနဲ့။ မကောင်းပြောတဲ့သူတွေကိုသာ မေ့ထားလိုက်ပါ။ အဲလိုလူတွေနဲ့ ရန်ဖက်ဖြစ်နေဖို့ မထိုက်တန်ပါဘူး။

(၃) တြိဂံပုံ

သင်ဟာ သင့်အဖွဲ့အစည်းရဲ့ အသက်ဝိညာဉ်ပါပဲ။ သင့်ရဲ့ စွဲဆောင်မှုရှိခြင်းနဲ့ ထူးခြားမှုရှိခြင်းက လူတွေကို ဖမ်းစားနိုင်ပါတယ်။ သင်ဟာ ရည်မှန်းချက်တွေ ချထားတတ်ပြီး သင်လိုချင်တဲ့အရာကို အလွယ်ကူ ရယူနိုင်တဲ့သူမျိုးပါ။ ဒါကြောင့် သင်ဟာ အမြဲပြုံးနေတတ်ပြီး အရာရာကို ရဲရဲကြီး ရင်ဆိုင်လေ့ ရှိပါတယ်။ တစ်ယောက်ယောက်နဲ့ အငြင်းပွားရန်ဖြစ်မယ့်အစား ရယ်ရယ်မောမောပဲ နေချင်သူ ဖြစ်ပါတယ်။ သင်ဟာ အရမ်းကို ခင်တတ်မင်တတ်သူလည်း ဖြစ်ပါတယ်။

(၄) ထောင့်မှန်စတုဂံပုံ

သင်ဟာ အကြင်နာတရား ကြီးမားသူ ဖြစ်ပါတယ်။ အခြားသူတွေဆီက ဘာမှ ပြန်ရဖို့ မမျှော်လင့်ဘဲ ကူညီတတ်သူပါ။ သင့်နားကို လူတွေကိုလည်း ရိုးသားစွာ ဆက်ဆံတတ်ပါတယ်။ သင့်ရဲ့ပျော်ရွှင်မှုတွေကို အခြားသူတွေနဲ့ ဝေမျှလေ့ ရှိပါတယ်။ သင်ချစ်တဲ့သူ၊ သင့်သူငယ်ချင်းတွေအပေါ် သဘောထားကြီးသူလည်း ဖြစ်ပါတယ်။ အခြားသူတွေကို အမြဲတမ်း နားလည်ပေးတတ်သူပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*