မျက်နှာပေါ်က တင်းတိပ်တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်း နည်းလမ်းမျာ

မျက်နှာပေါ်က တင်းတိပ်တွေကို ပျောက်ကင်းစေမယ့် အိမ်တွင်း နည်းလမ်းမျာ

တင်းတိပ် ဆိုတာ အရေပြားပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် အစက်အပျောက်များ ဖြစ်ပါတယ်။

အမေရိကန် အရေပြား ပညာရှင်များ အဖွဲ့ရဲ့ အဆိုအရ ၎င်းဟာ အသားအရေ ပျက်စီးခြင်း လက္ခဏာ ဖြစ်ပါတယ်။

တင်းတိပ် ဖြစ်ရခြင်း အကြောင်းအရင်းများ ကတော့ နေရောင် အလွန်အကျွံ ထိတွေ့ခြင်း၊ မျိုးရိုး၊ ဟော်မုန်း မညီမျှမှု တို့ကြောင့် ဖြစ်ပါတယ်။

တင်းတိပ်တွေက မျက်နှာတင်မှာ သာမက ခန္ဓာကိုယ် နေရာ အနှံ့ အပြားမှာ ဖြစ်ပေါ်တတ် ပါတယ်။ တင်းတိပ်တွေကို ဖယ်ရှားဖို့ အထူးကုသမှုတွေ ရှိပေမယ့် ဈေးအလွန်ကြီး ပါတယ်။

ယင်းတင်းတိပ် များကို အိမ်မှာ နေရင်း သဘာ၀ ကုထုံးတွေနဲ့ စမ်းသပ် ကုသခြင်းဖြင့် အလွယ်တကူ ဖယ်ရှားနိုင် ပါတယ်။

၁။ သံပုရာရည်

သံပုရာရည်ကို တင်းတိပ်ဖြစ်တဲ့ နေရာတွေ အနှံ့လိမ်းပါ။ (၁၀-၁၅) မိနစ်ခန့် ထားပြီး ကြက်သီးနွေး ရေနဲ့ ဆေးချပါ။ ထိုနည်း အတိုင်း တစ်နေ့ နှစ်ကြိမ် လုပ်ပါ။

နောက်တစ်နည်း ကတော့ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး သံပုရာခြမ်းပေါ်မှာ သကြားဇွန်းသေး တစ်ဇွန်း ဖြူးပါ။ ယင်းသံပုရာခြမ်းနဲ့ မိနစ် အနည်းငယ်ကြာ အရေပြားကို ပွတ်တိုက်ပါ

ထို့နောက် ရေဆေးပါ။ ထိုနည်းကို တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ် ပုံမှန် လုပ်ဆောင်ပါ။

၂။ ပျားရည်

ပျားရည်နဲ့ ရေကို ရောပြီး အပူပေးပါ။ ၎င်းကို တင်းတိပ်ရှိတဲ့ အရေပြားမှာ လိမ်းပြီး မိနစ် အနည်းငယ် ကြာထားပါ။

ထို့နောက် ရေနွေးနဲ့ ဆေးပါ။ ထိုနည်းကို နေ့စဉ် လုပ်ဆောင်နိုင် ပါတယ်။

နောက်တစ်နည်း ကတော့ ပျားရည်နဲ့ ဒိန်ချဉ်ကို ရောပြီး တင်းတိပ်များပေါ် မိနစ် (၃၀)ကြာ လိမ်းပါ။ နေ့စဉ် လုပ်ဆောင်ပါ။

၃။ သင်္ဘောသီး

လတ်လတ်ဆတ်ဆတ် သင်္ဘောသီး အရည်ကို ဂွမ်း အသုံးပြုပြီး တင်းတိပ်များပေါ် တိုက်ရိုက် လိမ်းပါ။ (၁၀) မိနစ်ကြာ ထားပြီးနောက် ရေအေးဖြင့် ဆေးပါ။

တစ်နေ့ တစ်ကြိမ် ပုံမှန် လုပ်ဆောင် သွားပါ။

၄။ ကြက်သွန်နီ

ကြက်သွန်နီ တစ်လုံးကို ခပ်ထူထူ လှီးပြီး ထိုကြက်သွန်ကွင်း များနဲ့ တင်းတိပ်များကို တစ်နေ့ နှစ်ကြိမ် ညင်သာစွာ ပွတ်ပါ။ ထိုနည်းကို တင်းတိပ်များ မှိန်သွားသည် အထိ ဆက်လက် လုပ်ဆောင်ပါ။

နောက်တစ်နည်း ကတော့ ကြက်သွန်နီ တစ်လုံးကို ခြစ်ပြီး အရည်ညှစ်ပါ။ ကြက်သွန်နီရည်ကို တင်းတိပ် ရှိသော အသားအရေပေါ် တစ်နေ့ နှစ်ကြိမ် လိမ်းပါ။

ပိုမို ထိရောက် လိုလျှင် ကြက်သွန်နီရည်ထဲ ရှာလကာ ရည် ဇွန်းသေး တစ်ဇွန်း ထည့်ရောပါ။

၅။ ခရမ်းသီး

ခရမ်းသီး တစ်လုံးကို ခပ်ထူထူ လှီးပါ။ လှီးထားသော အချပ်များကို တင်းတိပ်ရှိသော နေရာ များတွင် တင်ထားပါ။ ထိုအချပ်များကို တင်းတိပ်များပေါ် စက်ဝိုင်းပုံ ပွတ်တိုက်ပါ။

ထို့နောက် (၁၀-၁၅) မိနစ်ကြာ ထားပါ။ ထိုနည်းအတိုင်း တစ်နေ့တစ်ကြိမ် လုပ်ပါ။

၆။ နှမ်း

နှမ်းတစ်ဇွန်းကို ကြိတ်ချေပြီး နနွင်းမှုန့် ဇွန်းသေး တစ်ဇွန်းနှင့် ရေ အနည်းငယ် ရောပြီး အရေပြားပေါ် လိမ်းပါ။(၁၀-၁၅) မိနစ်ကြာထား ပြီးနောက် ရေအေးဖြင့် ဆေးပါ။

ထိုနည်းကို နေ့စဉ် လုပ်ဆောင်ပေးခြင်းဖြင့် တင်းတိပ်များ အရောင်မှိန်သွားပါ လိမ့်မည်။

Be the first to comment

Leave a Reply

Your email address will not be published.


*