၀က်ခြံအမာရွတ်တွေကို ပူစီနံရွက်နဲ့ဖယ်ရှားကြမယ်

၀က်ခြံတွေထွက်ပြီးလု့ိ ပျောက်ပြီးရင်တောင် တစ်ခါတစ်လေအမာရွတ်တွေကျန်နေပါသေးတယ်။အဲ့ဒီအခါ ဒီအမာရွတ်တွေကိုဖုံးရဖိရနဲ့စိတ်လည်းရှုပ်ရမှာပါ။ဒါကြောင့် ဝက်ခြံအမာရွတ်တွေအတွက် ပူစီနံရွက်ရဲ့အကျိုးကျေးဇူးလေးတွေကိုပြောပြပေးချင်ပါတယ်။
ဝက်ခြံအမာရွတ်တွေကိုဖယ်ရှားဖို့ ပူစီနံရွက်ကိုသုံးရမယ့်နည်းလမ်းက ၅ခုရှိပါတယ်။

၁)ပူစီနံရွက်


ပူစီနံရွက် ၁၀ရွက် ၁၅ရွက်လောက်ကိုယူပါ။ရေအနည်းငယ်နဲ့ရောစပ်ပြီး ခပ်ပျစ်ပျစ်လေးဖြစ်အောင်ရောကြိတ်လိုက်ပါ။ရလာတဲ့အနှစ်တွေကို ဝက်ခြံအမာရွတ်ပေါ်မှာ ခြောက်သွေ့သွားတဲ့အထိထားပြီး ရေကြက်သီးနွေးရေလေးနဲ့ဆေးကြောသန့်စင်ပေးပါ။တစ်နေ့ကိုတစ်ကြိမ်ဖြစ်စေ၊ နှစ်ရက်ခြားတစ်ခါဖြစ်စေလုပ်ပေးနိုင်ပါတယ်။ပူစီနံရွက်မှာ ဘတ်တီးရီးယားပိုးတွေသေစေပြီး Salicylic Acid ပါဝင်တာကြောင့်ဝက်ခြံထပ်ဖြစ်မှာလည်းမစိုးရိမ်ရပါဘူး။ယားယံတာတွေလည်းမဖြစ်စေတော့ပဲ အမာရွတ်တွေကိုလျော့နည်းသွားစေမှာပါ။

၂)ပူစီနံရွက်နဲ့ ပျားရည်


ပူစီနံရွက် ၁၅ရွက်လောက်နဲ့ ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောစပ်ပြီး ပျစ်နှစ်သွားအောင်ချေလိုက်ပါ။ရလာတဲ့အနှစ်ကို ဝက်ခြံအမာရွတ်ပေါ်မှာလိမ်းပေးပြီး နာရီဝက်ထားပေးပါ။နာရီဝက်ပြည့်ရင် ရေဆေးချလို့ရပါပြီ။ဒီနည်းလမ်းလေးက အသားအရည်ခြောက်သွေ့တဲ့သူတွေအတွက်ပိုပြီးအသုံးဝင်နေပါတယ်။တစ်ပတ်ကို သုံးလေးကြိမ်လုပ်ပေးနိုင်ပါတယ်။

၃)ပူစီနံရွက်နဲ့ နှင်းဆီရည်


ပူစီနံရွက် ၁၅ရွက်ကို အရင်ဆုံး ခပ်ပျစ်ပျစ်အနှစ်လေးဖြစ်သွားအောင်ကြိတ်ချေပါ။ပြီးရင် နှင်းဆီရည်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ရောစပ်ပါ။ရလာတဲ့အရည်ကိုဝက်ခြံအမာရွတ်ပေါ်မှာလိမ်းပေးထားပါ။နာရီဝက်လောက်ကြာလို့ ခြောက်သွားပြီဆိုရင် ရေနဲ့ပြန်ပြီးသန့်စင်လို့ရပါပြီ။ဒီနည်းလမ်းလေးကိုလည်း တစ်ပတ်ကိုသုံးလေးကြိမ်ပုံမှန်လုပ်ပေးနိုင်ပါတယ်။နှင်းဆီရည်ကပိုလျှံနေတဲ့အဆီတွေကိုဖယ်ရှားပေးသလို အရေပြား pH balance ကိုလည်းညီမျှစေပါတယ်။

၄)ပူစီနံနဲ့အုတ်ဂျုံမှုန့်


ပူစီနံ ၁၅ရွက်လောက်နဲ့အုတ်ဂျုံမှုန့် စားပွဲတင်ဇွန်း၊သခွားသီးအရည်စားပွဲတင်ဇွန်းတစ်ဇွန်း၊ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းအားလုံးကို ရောမွှေကြိတ်ချေပါ။ရလာတဲ့ခပ်ပျစ်ပျစ်အနှစ်တွေကို နှင်းဆီရည်အနည်းငယ်နဲ့ရောစပ်ပြီး မျက်နှာတစ်ပြင်လုံးကိုလိမ်းပေးနိုင်ပါတယ်။အထူးသဖြင့်ဝက်ခြံအမာရွတ်ရှိတဲ့နေရာကိုသေချာလေးလိမ်းပေးပါ။ခြောက်သွားတဲ့အခါ ရေအေးနဲ့ပြန်ဆေးချလို့ရပါပြီ။ဒီနည်းလမ်းကိုလည်းတစ်ပတ်ကို သုံးကြိမ်လုပ်ပေးနိုင်ပါတယ်။

၅)ပူစီနံ၊သံလွင်ဆီ၊သံပုရာရည်


ပူစီနံအရွက် ၂၀ကို ကြိတ်ချေပြီးသံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောစပ်ပါ။မျက်နှာကိုသေချာသန့်စင်ပြီး အဲ့ဒီအရည်လေးကိုဝက်ခြံအမာရွတ်ပေါ်မှာလိမ်းပေးပါ။မျက်နှာကိုဖြည်းညင်းစွာနှိပ်နယ်ပေးပြီး မိနစ် ၂၀လောက်ထားထားပါ။ပြီးရင်တော့ကြက်သီးနွေးရေလေးနဲ့ မျက်နှာကိုပြန်ပြီးဆေးကြောပေးလို့ရပါပြီ။ဒီနည်းလေးကိုလည်း တစ်ပတ်ကို သုံးကြိမ်လုပ်ပေးနိုင်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*