အိမ်ထောင်ရေးကို အဖုအထစ်ဖြစ်အောင် လုပ်တဲ့ ဆွေမျိုးတွေ

အိမ်ထောင်ရေးကို အဖုအထစ်ဖြစ်အောင် လုပ်တဲ့ ဆွေမျိုးတွေ

၁။ ဆွေမျိူးတိုင်း မကောင်းပါ

အိမ်ထောင်ရေးမှာ ဆွေမျိုးတွေ ဝင်ပါရင်တော့ ပြဿနာတက်တာ များပါတယ်။ မိမိတို့ အကျိုးစီးပွားကိုလိုတဲ့ အမျိုးရှိပေမယ့် တစ်ချို့က မလိုလားကြပါဘူး။ ဒါကြောင့်ဆွေမျိုးတိုင်း မကောင်းပါ။

၂။ အိမ်ထောင်ရေးကို နှောင့်ယှက်တဲ့ ဆွေမျိုး တွေကို ဖယ်

မိမိတို့ သာယာနေတဲ့ အိမ်ထောင်ရေး ကို နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်နေတဲ့ ဆွေမျိုးတွေကို ဖယ်ရှားလိုက်ပါတယ်။ ဒါမှ အိမ်ထောင်ရေး သာယာပြီး သင့်တို့ ဘဝ ပျော်ရွှင် ပါလမ့်မယ်။ ဆွေမျိုးတွေကို အဆက်ဖြတ်လို့ သင်တို့ မမှားပါ။

၃။ ငွေရေး ကြေးရေး မပက်သက်တာ ကောင်းတယ်

ဆွေမျိုးတွေနဲ့ ငွေရေး ကြေးရေး ပက်သက်မိမိရင်တော့ မိမိရဲ့ အိမ်ထောင်ဘက် နဲ့ ပြဿနာ တက်နိုင်ပါတယ်။ ဒါကြောင့် ဆွေမျိုး တွေနဲ့ ငွေရေး ကြေးရေး မပက်သက်အောင် ဂရုစိုက်စေလိုပါတယ်။

၄။ မိမိတို့ အကျိုးစီးပွားကို မလိုတဲ့ အမျိုးတွေကို မေ့လိုက်ပါ

မိမိတို့ အဆင်ပြေတာကို မနာလို ချမ်းသာတာကို မကြည့်ရက်တဲ့ အမျိုး တွေကို မမေ့နိုင်ရင်တော့ အိမ်ထောင်ရေးကို ထိပါးလာနိုင်ပါတယ်။ ဒါကြောင့် ရဲရဲကြီးသာ မေ့လိုက်ပါနော်။

၅။ သာပေါင်းညာစား အမျိုးများ

အဲလို အမျိုး တွေကိုတော့ ဝေးဝေးကသာရှောင်ပါ ကိုယ် အဆင်မပြေရင်တော့ သူတို့တွေ ကူညီမှာ မဟုတ်ပါဘူး။ ကိုယ်အဆင်ပြေနေလို့ သာပေါင်း ညာစား လုပ်နေတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*