သစ်ခွနဲ့ နှင်းဆီပင်တွေ စိုက်ထား လို့ အပင်ကို ဖျက်ဆီးတတ် တဲ့ ပိုးတွေ ကျရောက်နေရင် အကောင်းဆုံးနည်းလမ်း

သစ်ခွနဲ့ နှင်းဆီပင်တွေ စိုက်ထား လို့ အပင်ကို ဖျက်ဆီးတတ် တဲ့ ပိုးတွေ ကျရောက်နေရင်တော့ အကောင်းနည်းလမ်းကတော့

ကျွန်တော် တို့ ငှက်ပျောသီးကို စားသုံးတဲ့ အခါမှာ ငှက်ပျောခွံ(Banana peel)ကို စွန့်ပစ်လေ့ ရှိတယ်။

လေ့လာတွေ့ရှိချက် အရ စွန့်ပစ် ငှက်ပျောခွံမှာ အပင်များ အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ ဓာတ်တွေ များပါဝင်နေပါတယ်။

ငှက်ပျောခွံကို ရေထဲ၌(၃)ရက်ခန့်ကြာသည့် တိုင်အောင် စိမ်ထားပြီး ၎င်းရေကို အပင်တွေအတွက် လောင်းပေးနိုင်သလို၊

ငှက်ပျောခွံ ကို အပင်ခြေ၌ အုံပေးထားရုံဖြင့် အပင် ကျန်းမာရေးအတွက် မရှိမဖြစ် ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ် နှင့် မဂ္ဂနီဆီယမ် အဟာရဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။

နောက်ထပ် ပြောပြချက်တာက အပင်တွေ မှာ ဖြုတ်ပိုး၊ပျပိုး (Aphid)လို့ခေါ်တဲ့ အပင်ကို ဖျက်ဆီးတတ်တဲ့ ပိုးတွေကျရောက်နေပါက ငှက်ပျောခွံကို အပင် ၌ ချိတ်ဆွဲထားပါက ကင်းစင် သွားပါလိမ့်မယ်။

သစ်ခွ နဲ့ နှင်းဆီပင် တွေအတွက် အရမ်း အသုံးဝင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*