အောင်မြင် ဖို့ အတွက် ဘွဲ့ရစရာမ လိုတဲ့ အကြောင်း အရင်း (၇) ချက်

၁ – ကျွမ်းကျင်မှုနဲ့ အရည်အသွေး

အလုပ် အကိုင်ရရှိမှု ဟာ ကျွမ်းကျင်မှု နဲ့ အရည် အသွေး ကို မူတည်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်းလုပ်မယ်ဆိုရင် လည်း ဒီအချက်တွေပေါ်မှာပဲ မူတည် တာပါ။တက္ကသိုလ်တွေဟာ ပညာရေးအတွက် ကောင်းတဲ့ နေရာတွေ ဖြစ်ပေမဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ရင်တော့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးနိုင်တဲ့ နေရာတွေ မဟုတ်ပါဘူး။

၂ – ဘွဲ့မရသူ

ဘွဲ့မရရင် အောင်မြင်နိုင် တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဘွဲ့မရဘဲနဲ့လည်း အောင်မြင်မှုကို ရယူနိုင်တယ်လို့ ဆိုလိုတာပါ။ စတိဗ်ဂျော့၊ ဟင်နရီဖို့ဒ်၊ စတီဗင်စပီးဘာ့ဂျ် စတဲ့သူတွေဟာ တက္ကသိုလ်က ဘွဲ့ရသူတွေ မဟုတ်ပါဘူး။

၃ – အပြင်ဘဝ

စာသင်ခန်း ထဲမှာထက် အပြင်ဘဝက သင့်ကို ပိုသင်ကြား ပေးနိုင်ပါတယ်။ သင်လိုအပ်တာတွေကို ပိုပြင်ဆင် ပေးနိုင်ပါတယ်။ တကယ်လက်တွေ့ လုပ်ရင်း သင်ယူနိုင်တာကြောင့် ဖြစ်ပါတယ်။

၄ – ရွယ်တူတွေထက် သာတယ်

သင်နဲ့ရွ ယ်တူ တက္ကသိုလ်တက်သူတွေထက် သင်နှစ်သက်ရာ နယ်ပယ်မှာ ပိုရှေ့ရောက်နေပါလိမ့်မယ်။ အဆက်အသွယ် ပိုကောင်းပါလိမ့်မယ်။

၅ – ရှိတာနဲ့ လုပ်လို့ရ

ဒီနေ့ခေတ် မှာ ဘွဲ့ရမှ မဟုတ်ဘဲ သင့်မှာ ရှိပြီးသား အဆက် အသွယ်၊ ကျွမ်းကျင်မှု၊ ငွေကြေးနဲ့ သင့်ဘဝကို အောင်မြင်စွာ ထူထောင်လို့ ရနေပါပြီ။ တက္ကသိုလ်မှာ သင်ကြားတဲ့ ပညာရပ်တွေကိုလည်း အပြင်မှာ လေ့လာလို့ ရနေပါပြီ။

၆ – စွန့်ဦးတီထွင်

ဖောက်ထွက်တွေးခေါ် တတ်တာ၊ စွန့် ဦးတီထွင်ချင်တာတွေကို တက္ကသိုလ် က ထိရောက်အောင် သင်ကြား မ ပေးနိုင်ပါဘူး။ ဘောင်တွေ၊ စနစ်တွေထဲက လာတဲ့လူ မဟုတ်တဲ့အတွက် သင့်တွေးခေါ်မှုက ပိုပြီးလက်တွေ့ကျတတ်ပါတယ်။

၇ – အနည်းငယ်သာ အသုံးဝင်

တက္ကသိုလ်မှာ သင်ကြားခဲ့ တာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ အနည်းငယ် ပဲ အသုံးဝင်တာ ကို တွေ့ရမှာ ဖြစ် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*