အင်္ဂါ ၆-ပါးနှင့် ပြည့်စံ ုသော အလှူ လှူကြရအောင် …!

ရဟန်းတို့ ဤ သာသနာတော် ၌ ပေးလှူတတ်သူ ဒါယကာ ၏အင်္ဂါ၃-ပါး၊ အလှူခံ ပုဂ္ဂိုလ်တို့၏အင်္ဂါ၃-ပါးတို့ဖြစ်၏။အလှူရှင်သည်… ၁။မပေးလှူမီဝမ်းမြောက်၏။ ၂။ပေးလှူစဉ်စိတ်ကြည်လင်၏။ ၃။ပေးလှူပြီးနောက်နှစ်သက် ၏။

အလှူခံ ပုဂ္ဂိုလ် သည်… ၁။ တပ်မက်ခြင်း ရာဂကင်းကုန်၏။(သို့)ကျင့်ကုန်၏။ ၂။ အမျက်ထွက်ခြင်း ဒေါသ ကင်းကုန်၏။(သို့)ကျင့်ကုန်၏။ ၃။တွေဝေခြင်းမောဟ ကင်းကုန်၏။(သို့)ကျင့်ကုန်၏။

ဤသို့ အင်္ဂါ၆-ပါးနှင့်ပြည့်စုံသော အလှူ ကို ပေးလှူသူသည်၊ ဤမျှအတိုင်းအရှည်ရှိသော ချမ်းသာ ကိုဆောင်တတ် ၏၊ ကောင်းမြတ်သောအာရုံကို ပေးတတ်၏၊ နတ်ပြည်၌ဖြစ်စေတတ်၏၊ နှစ်သက်ဖွယ် မြတ်နိုးဖွယ် အစီးအပွါးချမ်းသာအလို့ငှါ ဖြစ်၏ ဟူ၍ ကောင်းမှုအတိုင်းအရှည်ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ။

စင်စစ် သော်ကား မရေမတွက်နိုင်သော ကောင်းမှု ကုသိုလ် အစုဟူ၍သာလျှင် ရေတွက် ခြင်းသို့ရောက်၏။

(ဒါနသုတ်၊အဂုၤတ္တိုရ်-ဒု၊ စာ ၃၇၉။)

 

Be the first to comment

Leave a Reply

Your email address will not be published.


*