ကိုယ်ကြိတ်ခိုက်ရတဲ့ကောင်လေး ကိုယ့်အပေါ်နှစ်သက်လာစေမယ့် နည်းလမ်း (၁၁) ခု

တစ်စုံတစ်ယောက်က ကိုယ့်ကို ချစ်လာဖို့ဆိုတာက တစ်ကယ်တော့ သူ့စိတ်နဲ့ပဲ ဆိုင်တဲ့ အရာပါ၊ ဒါပေမယ့် သူ့ဘက်က ကိုယ့်ကို သတိထား မိလာအောင်တော့ လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်၊

၁။ ပင်ကိုယ်ဟန် အတိုင်းပဲနေ ပါ။ အရမ်းကာရော ပြင်ဆင်တာတွေ ဟန်ဆောင် တာတွေ မလုပ်ပါနဲ့။

၂။ သပ်သပ်ရပ်ရပ် ရှိပါစေ။ ဘိုသီဘတ်သီနဲ့ ညစ်တီးညစ်ပတ် ပုံစံကို ဘယ်သူမှ သဘောမကျ ပါဘူး။

၃။ သူပြောတဲ့ စကားတွေကို ငြိမ်ငြိမ်လေး နားထောင်ပေး ပါ။

၄။ ပွင့်ပွင့်လင်းလင်း ရယ်မောတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေ နှစ်သက် ကြပါ တယ်။

၅။ ကိုယ်ပိုင် အရည်အချင်း ရှိပါစေ။ သူများကို မှီခိုလွန်းသူဟာ ဘယ်လိုနည်းနဲ့မှ လေးစားစရာမကောင်းပါဘူး။

၆။ ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံပါ။ ဟန်ကြီး တစ်ခွဲသားနဲ့ မနေ ပါနဲ့။

၇။ သူ့အပေါ် ကြင်နာပါ။ ဂရုတစိုက် ရှိပါစေ။

၈။ သူနဲ့တွေ့ရင် ဘယ်လိုနေမယ်၊ ဘာတွေပြောမယ် ဆိုတာ မှန်ရှေ့မှာပြော ကြည့်ပါ။ အရှက်လွန်ပြီး ဘာမှမပြော ဘဲနေရင် သူကကိုယ့်ကို သတိထားမှာ မဟုတ်ပါဘူး။

၉။ မျက်လုံးချင်း ဆုံအောင် ကြည့်ပါ။ သူသင့်ကို မှတ်မိဖို့ အလွယ်ဆုံး နည်းပါပဲ။

၁၀။ သင်နဲ့ပတ်သက်တဲ့ ပဟေဠိဆန်ဆန် စိတ်ဝင်စားစရာတွေ ဖန်တီးကြည့်ပါ။

၁၁။ သူဝါသနာပါတဲ့ အရာတွေကို ထောက်ခံအားပေး တာကလဲ သူသင့်ကို နှစ်သက် လာစေနိုင်တဲ့ အချက် တစ်ခုပါပဲ၊

ဒီနည်းလမ်းတွေကို လိုက်လုပ်ရုံရင် ရပြီဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူက သတိထားမိလာတဲ့အခါ တစ်ဖြည်းဖြည်း ရင်းနှီးလာတဲ့ အခါ အဆင်ပြေနိုင်ချေ ပိုများမှာပါ၊

Be the first to comment

Leave a Reply

Your email address will not be published.


*