ဘာမှ မထွက်တဲ့ စက်မှုဇုန်ကြီးတွေနဲ့ လယ်သမားဆိုတာ ပြတိုက်မှာ ထားရတော့မယ့် မြန်မာပြည်

စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းပြည်မှာ စပါးပေါ်တဲ့အခါ စပါးဈေးကျတယ်။ ပဲပေါ်တဲ့အခါ ပဲဈေးကျတယ်။ ဈေးကျတဲ့အချိန်မှာ ပွဲစားတွေက ဝယ်လှောင်ပြီး ပစ္စည်းပြတ်သွားရင် ဈေးဆွဲတင်ကြတယ်။

စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းပြည်မှာ စပါးပေါ်တဲ့အခါ စပါးဈေးကျတယ်။ ပဲပေါ်တဲ့အခါ ပဲဈေးကျတယ်။ ဈေးကျတဲ့အချိန်မှာ ပွဲစားတွေက ဝယ်လှောင်ပြီး ပစ္စည်းပြတ်သွားရင် ဈေးဆွဲတင်ကြတယ်။

အချိန်ကုန်ငွေကုန်ခံပြီး တကယ် ပင်ပင်ပန်းပန်း စိုက်ရပျိုးရတဲ့ လယ်/ယာသမားတွေအတွက်ကတော့ ရာသီဥတုဖျက်ရင် ဘဝပျက်တယ်။ အထွက်နည်းရင် အကြွေးတင်မယ်။ အထွက်တိုးရင် ဆိုင်ကယ်ဝယ်စီးနိုင်မယ်။ ဒီလောက်ပဲ

လယ်သမား၊ ယာသမားတွေရဲ့ သားသမီးတွေက လကုန်ရင် လစာရမှာ သေခြာတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီထွက်ပြီး အလုပ်လုပ်ကြတယ်။ လယ်ပိုင်ရှင်၊ ယာပိုင်ရှင်တွေက လယ်မြေတွေကို ရောင်းစားဖို့စိတ်ဝင်စားလာကြတယ်။ ပွဲစားနဲ့ပေါင်း အခြားသုံးစွဲခွင့်လျှောက် ၄၀/၆၀ အကွက်ရိုက်ပြီး ရောင်းစားဖို့ဘဲ အားသန်လာကြတယ်။

အစိုးရအဆက်ဆက်ကလဲ လယ်တွေသိမ်းပြီး စက်မှုဇုံအဖြစ်အသွင်ပြောင်းတယ်။ လယ်မြေ ယာမြေတွေကနေ အသွင်ပြောင်းသွားတဲ့ စက်မှုဇုံတွေမှာ စက်မှုလုပ်ငန်းကြီးတွေမပေါ်ပေါက်လာဘဲ ၊ အုတ်တံတိုင်းခတ်ပြီး နိုင်ငံခြားကလာဝယ်မယ့်သူတွေကို ဈေးတင် ရောင်းစားဖို့အတွက် ငွေကြေးတတ်နိုင်သူသူဌေးကြီးတွေက မျှော်ကြတယ်။

ကြိုးစားရုန်းကန်ပြီး စက်မှုလုပ်ငန်းလုပ်နေရတဲ့ ပညာရှင်တွေ အတွက်တော့ စက်မှုဇုန်တွေမှာ နေရာမရှိပါဘူး။ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံးစက်မှုဇုန်ဆိုတာ ပြည်ပက စက်ပစ္စည်းတွေ ဝယ်သွင်းပြီး ပြန်ရောင်းတဲ့ ဆိုင်ခန်းတွေဘဲရှိတဲ့နေရာကို ခေါ်တာပါ။ ဘာထုတ်ကုန်မှ မည်မည်ရရမရှိပါဘူး။

တကယ်အလုပ်မလုပ်ကြတော့ အလုပ်လက်မဲ့တွေ များပြားလွန်းပြီး အလုပ်လုပ်ချင်တဲ့ သူတွေဟာ ပြည်ပထွက် အလုပ်လုပ်ဖို့အတွက် ပတ်စပို့ ရုံးမှာ နေ့စဉ်တိုးဝှေ့နေကြရတယ်။ ပြည်ပက ကျွမ်းကျင်လုပ်သားတွေက ပြည်တွင်းကို တဖွဲဖွဲနဲ့ ဝင်လာကြတယ်။