နောက်ဆုံး အမှားကြီး ကို အမှန်ထင်သွားမှာစိုးလို့ပါ .. ထိုင်မသိမ်း ! အခေါ်အဝေါ် မတိမ်းပါးစေလိုပါ

ထိုင်မသိမ်း ! အခေါ်အဝေါ် မတိမ်းပါးစေလိုပါ

တစ်ခါက. TV Channel တစ်ခု မှာ နံမည်ကျော် ဒီဇိုင်နာ တစ်ယောက်ရဲ့ Interview တစ်ခုကြည့် လိုက်ရတယ် ~~ သူက. သူဖန်တီး တဲ့ မဂ်လာဝတ်စုံ တွေ အကြောင်း အားတက်သရော ရှင်းပြနေတာပါ… အဲ့မှာ ဘာတွေ့လိုက်ရလဲ ဆိုတော့

သတို့သမီး ဗြန့်ထဘီကြီးကိုကိုင်၊ကိုင်ပြီး ဒီ ထိုင်မသိမ်းကို စီးကွင့်တွေ နဲ့ ဘယ်လို ထိုးထားတာ ၊ တန်ဖိုးကြီး စိန်ပွင့်တွေ အလုံးရေ ဘယ်လောက်စီ ထားတာဆိုပြီး ရှင်းပြနေလေရဲ့!

ကိုယ့်မှာ စိတ်စနိုးစနောင့်ဖြစ်မိတယ် မြန်မာ့ရိုးရာ ဝတ်စုံ တစ်ထည်ရဲ့ အခေါ်အဝေါ် တစ်ခု ကို အထက်နဲ့ အောက် အကြိမ်ကြိမ်မှားပြီး ပြောနေ၊ခေါ်နေတာကိုပါ။

သူ့ ကို အပြစ်တင်လို့လဲ မရပါဘူး ၊ အခု အတော်များများ ကကို သတို့သမီး ဝတ်စုံ ၊ မဂ်လာဝတ်စုံကိုထိုင်မသိမ်းဝတ်မှာလေ၊ထိုင်မသိမ်း ဝတ်ပြီး ဆောင်မှာ! စသည့်ဖြင့် တွင်တွင်ကျယ်ကျယ်အမှားကြီး က တစ်ပြည်လုံး လိုလိုပါ ~~~

ဒါ ဆို ဘာအရေးကြီးလို့လဲ ၊ ဒီ အခေါ်အဝေါ် လေး အတွက်နဲ့ ဘာဖြစ်သွားမှာ မို့လို့လဲ တွေးကြ ၊ ပြောကြရင်တော့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု နဲ့ ထုံးဓလေ့ အခေါ်အဝေါ် ပျောက်ပြီး နောက်ဆုံး အမှားကြီး ကို အမှန်ထင်သွားတယ်မှာ ၊

မပျောက်ကွယ် သင့်တဲ့ အမျိုးသားရေး လက္ခဏာ ရပ်တွေ မသိလိုက်ဖာသာ ပျောက်ကွယ်သွားရတော့မှာပါ~~ နံမည်ကျော် ဒီဇိုင်နာ တွေ အနေနဲ့လဲ ရိုးရာဝတ်စားဆင်ယင်မှု ဝေါဟာရ မှန်ကန်စေရေး အထူးဂရုပြုပေးကြပါလို့ မေတ္တာ ရပ်ခံပါရစေ

ကဲ … ထိုင်မသိမ်း အကြောင်းလေး ပြန်ဆက်ကြရအောင်

ထိုင်မသိမ်း ဆိုတာ မင်းသမီး ၊ ယခုခေတ် သတို့သမီး တွေ အပေါ်ဝတ်ရတဲ့ အကျီ်ကို ခေါ်ဆိုတာပါ ၊ ရတနာပုံခေတ် မတိုင်မီ ကုန်းဘောင်ခေတ်ဦး နောက်

အမရပူရ ခေတ် အထိ အမျိုးသမီး တွေ ရဲ့ အပေါ် ဝတ်အကျီ တွေဟာ သိုရင်း ၊ သင်တိုင်း သဏ္ဍန် တင်ပါးထိ ဖုံးလို့ ရှည်လျားကြပါတယ် ၊

ဒီ အခါ အဲ့အမျိုးသမီးဟာ ထိုင် လိုက်တော့မယ် ဆိုရင် ရှည်ကျနေတဲ့ အကျီ် အောက်နားစ. ကို အဝိုင်းအဝိုင်းညီအောင် သိမ်းပြီး ၊ ပြုပြင်ပြီးမှ ထိုင်ရပါတယ်

ရတနာပုံခေတ်လောက် ရောက်တဲ့ အခါမှာ အပေါ်ဝတ် သိုရင်းရှည် လို အကျီ် ကို ခါးအနီးနားတစ်ဝိုက်ထိ တိုအောင် ၊ တင်ပါး အထက်ထိ တိုအောင် ပြုပြင်ချုပ်လုပ်ဝတ်ဆင်ခဲ့ကြပါတယ် ၊

အဲ့ အပေါ်ဝတ်အကျီ်ဟာ ထိုင်လိုက်တဲ့ အခါ မှာ အနားစ သိမ်းစရာ မလိုပဲ ၊ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိနေလို့ ထိုင်မသိမ်း အကျီၤလို့ ခေါ်ပါတယ်တဲ့

ရတနာပုံခေတ် က အမျိုးသမီးတွေ ဟာ ရင်စည်း ၊ ရင်ခံ အရင်ပတ်ပြီး အပေါ်က ထိုင်မသိမ်း အကျီ် ကို ထပ်မံဝတ်ဆင်ရလေ့ ရှိပါတယ် ။

ရွှေနန်းတော်အတွင်းက. မိဘုရား ၊ မင်းသမီး များ ကတာ့ ခါးသေး ၊ ရင်ချီအောင် ဂရုစိုက်ပြီး ကိုယ်ကျပ် အကျီ် ကို အနောက်တွင် ကြိုးနှစ်ဆယ့်လေးချောင်းယှက်သိုင်းထိုး ကာ ဝတ်ဆင်ပြီး ထိုင်မသိမ်း အကျီ်ကို အပေါ်က. ထပ်ဝတ်ပါတယ်။

အဲ့ ထိုင်မသိမ်းအကျီ် မှာ ရှေ့ နှစ်ခု စိတဲ့ နေရာ ၊ ဗိုက်ပြင်အနီးနား မှာ ယနေ့ခေတ် အလွယ်ခေါ်နေတဲ့ ကြေးစည် ( အမှန်က. ကရနို့ ၊ အနို့ ) နှစ်ဖက်ချ ချုပ်လုပ် တပ်ဆင်ရပါတယ်….။

အောက်က ဝတ်တာ တော့ ဗြန့်ထဘီ ပေါ့ ၊အနက်ရောင် အထက်ဆင်အပြားကြီး နှစ်ထွာခန့် ၊” အကိုယ် “ဆိုတဲ့ ချိတ်သား က တစ်တောင်လောက်သာ ရှိပါတယ် ၊

ထို ကိုယ်ထည်သား အောက်က မှ ကန်လန့်စင်း အကြောင်းလေးများကို “သာလိကာမျက်လုံး ” ခေါ်ပြီး အောက်ဆုံးကမှ ရေသီနား ဆက်ရပါတယ် ။

ဒါဟာ ရှေးမြန်မာအမျိုးသမီးတို့ရဲ့ ဝတ်စားဆင်ယင် မှု ထိုင်မသိမ်း ၊ ဗြန့််ထဘီ တို့ပါ

ဒါဆို အဲ့ခေတ်က. အမျိုးသမီးတွေ ဘယ်ပေါ့ပေါ့ပါးပါးရှိပါလဲ ၊ အိမ်နေရင်း ဘယ်လိုများ နေကြပါလိမ့် ဆိုရင်… ပွဲလမ်းသဘင်မရှိလို့ အိမ်နေရင်း အခါ ၊ ညဘက် အိပ်ရာဝင်တဲ့ အခါတွေ မှာတော့

ယနေ့ ခေတ်အခေါ် ကွင်းထမီ ၊ အဲ့ခေတ် အခေါ် ဒုံးထဘီ တွေ ဝတ်ပြီးအိပ်ကြနေကြပါတယ်၊

အပေါ်အကျီ် ကတော့ ရင်ဖုံးလက်ရှည်၊ တရုတ်ပွ ရင်ဖုံးအကျီ်များ နဲ့ နေကြ ၊ အိပ်ကြရပါတယ်။

ဒီအကြောင်းအရာ များဟာ မြတ် သိမှီလိုက်တဲ့ သက်တော်ကြီး ဆွေတော်မျိုးတော် များ ၊ ပညာရှင်များ ကို လက်လှမ်းမှီသလောက် မေးမြန်းထားတာလေးတွေပါ၊

ဒီထက် ပိုမို ပြည့်စုံအောင် အသိပညာရှင် ၊ အတတ်ပညာ ရှင် တို့ိက ဖြည့်စွက်ရေးသားဆွေးနွေးပေးကြပါ မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့ ဝေါဟာရ အမှန်များ ရှင်သန် မှန်ကန်စေလိုမှု ဆန္ဒ အမှန်ဖြင့်

Be the first to comment

Leave a Reply

Your email address will not be published.


*