
ဦးဇော်ဇော်ကတော့ ကိုဗစ်တိုက်ဖျက်ရေးမှာ အစွမ်းကုန်ကြိုးစားအားထုတ်နေတာဖြစ်ပါတယ်။ခုတစ်ကြိမ်မှာ ဦးဇော်ဇော်ဟာ မှတ်သားဖွယ် စကားကို ဆိုလာတာပါ။
ဦးဇော်ဇော်က “ကောင်းသတင်းကိုသာ ကြားချင်ပေမယ့် အရှိတရားကလည်း ငြင်းပယ်လို့ မရနိုင်ပါဘူး။ အယုတ်အလတ်အမြတ်မရွေး နေ့စဉ် ကိုဗစ်ကြောင့် ဘဝတစ်ပါး ကူးပြောင်းသွားရသူတွေရှိနေပါတယ်။
၎င်းတို့ရဲ့ နောက်ဆုံးခရီးကို အဆင်ပြေချောမွေ့စေဖို့ မညည်းမညူဘဲ ကူညီဆောင်ရွက်ပေးနေကြတဲ့ ထိန်ပင်က စည်ပင်ဝန်ထမ်းတွေကို တွေ့ဆုံပြီး တော့ ကျေးဇူးတင်စကားဆိုဖြစ်ခဲ့ပါတယ်။အားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်လို
သတင်းကောင်းတွေ ကြားရပေမယ့် အချိန်တိုတစ်ခု စောင့်ရဦးမှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီက ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း နေထိုင်ခြင်းဖြင့် မိဘဘိုးဘွား သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေကို
သက်တမ်းစေ့နေနိုင်အောင် ကူညီစောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။ရှေ့တန်းမှာ အနစ်နာခံဆောင်ရွက်နေကြတဲ့ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်းတွေကိုလည်း
သက်သာရာရစေမှာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ဆင်ခြင်တုံတရားနဲ့ နေထိုင်ခြင်းဖြင့် ကုသိုလ်ပြုနိုင်ကြပါစေ” ဆိုပြီးတော့ ပြောလာတာဖြစ်ပါတာ်နော်။Source:U Zaw Zaw
Leave a Reply