အဆီကြိတ်၊ ပါးချိတ်ရောင် မီးယပ်မမှန်ခြင်း တို့ဖြစ်လျှင်…

အဆီကြိတ်၊ ပါးချိတ်ရောင် မီးယပ်မမှန်ခြင်း တို့ဖြစ်လျှင်

အဆီကြိတ်ကို နိုင်နင်းတဲ့ သြဇာသီးခြောက်သြဇာသီးအပင်ခြောက်ကို တွေ့ရင် ခူးသိမ်းထားပါ။ လူ့ခန္တာကိုယ်က အဆီကြိတ်ကို ရေနဲ့ နေ့စဉ်သွေးလိမ်းပေးပါ။မာနေတဲ့အဆီကြိတ်ဟာ တစ်ရက်တခြားပျော့လာပါလိမ့်မယ်။

သြဇာသီးအခြောက်ကို သွေးလိမ်းနေစဉ် အတွင်းမှာ အဆီတိုးစေတဲ့ အစာတွေကို ရှောင်ပေးဖို့ လိုပါမယ်။နေ့စဉ်မပျက် လိမ်းခဲ့ရင်အဆီကြိတ်ဟာ သေးပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။ ဘယ်နှစ်ရက် လိမ်းရမယ်ဆိုတာတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။အဆီကြိတ် အကြီးအသေးအပေါ် ကွာနိုင်ပါတယ်။။ ကျန်းမာချမ်းသာကြပါစေ

ဖြစ်ပွားကူးစက်လွယ်သော ပါးချိတ်ရောင်ရောဂါ အတွက် ဆောင်ထားစေချင်ပါသည်။လက်တွေ့ူလိမ်းကြည့်ဖူး (သားသားပါးချိတ်ရောင်စဉ်က) ပါသည်။ အမြန်ပျောက်ပါသည်၊

အမျိူးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ် ဖြစ်နေလျှင်

အမျိူးသမီးများ မီးယပ်လွန်၊ မီးယပ်ငုတ်ဖြစ်နေလျှင် မြန်မာ့သြဇာပင်မှ ကြွေမကျပဲ အပင်ပေါ်တွင် ခြောက်နေသော သြဇာသီးခြောက်ကို ဆန်ဆေးရည်နှင့် ကျောက်ပြင်ကြမ်းတွင် အခါးရည် တစ်ပန်းကန်ခန့် သွေး၍ သောက်ပေးပါ။

ပျောက်ကင်းချမ်းသာသော ရောဂါများ –

ရာသီငုတ်နေခြင်း (၂ / ၃ လ)၊ရာသီသွေးမပေါ်သော အမျိူးသမီးများ၊ရာသီသွေး အဆင်းလွန်နေသော အမျိူးသမီးများလည်း သောက်ပေးခြင်းဖြင့် သွေးများ ရပ်တန့့်သွားပါလိမ့်မည်။

မှတ်ချက် – သြဇာသီး၏ အပေါ်မှ အသားခြောက်ကိုသာ အသုံးပြုနိုင်တာပါ။ သြဇာစေ့ကို အသုံးမပြုရပါ။

သမားတော်ကြီးဦးဝင်းမောင် Shwe La Thar Win

Be the first to comment

Leave a Reply

Your email address will not be published.


*