မျက်လှည့်ပြသလိုလိုနဲ့ မိန်းကလေးတွေကိုလိုက်အသားယူနေတဲ့ကောင် အဖမ်းခံရ

တရုတ်ပြည်တွင် လမ်းပေါ်မျက်လှည့်ပြသူယောကျ်ားလေးတစ်ယောက် မိန်းကလေးတွေကိုလှည့်စားပြီး အသားယူမှုကြောင့် အတိုင်ခံရပြီး မကြာသေးမီကပဲတရုတ်အာဏာပိုင်တွေမှ ဖမ်းဆီးသွားပြီလို့သိရပါတယ်။

သူနဲ့ကြံရာပါ ဗီဒီယိုရိုက်ကူးသူလည်း မိန်းကလေးတွေဒီလိုအကိုင်ခံရခြင်းနဲ့ပတ်သတ်ပြီး သူ့လူဘက်ကာပြောပေးလို့ အခုအချုပ်ထဲအခေါ်ခံသွားရပါပြီ။
မျက်လှည့်ပြသူ ယောကျာ်းလေးရဲ့နာမည်က Xu ဖြစ်ပြီး အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ သူ့ရဲ့မျက်လှည့်ဗီဒီယိုတွေကြောင့် အာဏာပိုင်တွေသတိထားမိသွားခဲ့တယ်။ Daily Mail သတင်းအရ ဗီဒီယိုရိုက်ကူးထားတဲ့နေရာက Chengdu ၊Sichuan ကလမ်းတစ်လျှောက်မှာဖြစ်ပြီး ဂျွန်လ ၁၄ရက်နေ့က ဗီဒီယိုကိုတင်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ၂၆နှစ်မျက်လှည့်ပြသူဟာ ဒင်္ဂါးပြားလေးကို မိန်းကလေးတွေရဲ့ရင်ဘတ်နားကပ်ပြီး ပျောက်သွားအောင် လှည့်စားပြတာဖြစ်ပါတယ်။ တကယ်လည်း ဒင်္ဂါးပြားကပျောက်သွားတာမဟုတ်ဘဲ ဒင်္ဂါးပြားကိုအောက်ကျချင်ယောင်ဆောင်တာတွေ့ရပါတယ်။ အခုတော့ Xu နဲ့ ၃၁နှစ် ကင်မရာရိုက်ကူးသူကို မိန်းကလေးတွေအားလှည့်ဖျားပြီး အသာားယူမှုအတွက် အာဏာပိုင်တွေက ဖမ်းဆီးသွားပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*