ခြေစွယ်ငုပ်ခြင်း ကို အလျင်အမြန် သက်သာပျောက် ကင်းစေနိုင် မယ့် နည်း လမ်းကောင်းများ

ခြေစွယ်ငုပ်ခြင်းကို အလျင် အမြန် သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းကောင်းများ

ခြေစွယ်ငုပ်ခြင်းဟာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတခုဖြစ်သလို ခံစားရလည်းခက်ပြီး ပျောက်ကင်းဖို့လည်း အချိန် အတော်ကြာပါတယ်။ ခြေသည်းညှပ်ပုံ နည်းစနစ် မမှန်ကန်တဲ့ အခါမျိုးနဲ့ ကြပ်တည်းလွန်းတဲ့ ဖိနပ်တွေ ဝတ်ဆင်တဲ့ အခါမျိုးမှာ အဖြစ်များ သလို ထိခိုက် ဒဏ်ရာရတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လို့ ခြေစွယ်ငုပ်တဲ့အခါ အလျင်အမြန်သက်သာ ပျောက်ကင်းေ စနိုင်ဖို့ နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ဆားရေစိမ်ခြင်း

အိမ်မှာ အလွယ် တကူ ရရှိနိုင်တဲ့ အိမ်သုံးဆား ၂ ဇွန်းခန့်ကို ရေခပ်နွေးနွေးနဲ့ ဇလုံတခုထဲ ရောထည့်ကာ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းဟာ ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေနိုင်သလို ခြေစွယ် ငုပ်ရာကနေတဆင့် ပိုးဝင်ခြင်း ကိုလည်း ကြိုတင်ကာကွယ် ပေးနိုင်ပါတယ်။

(၂) ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည် အနည်းငယ်ကို ဂွမ်းစပေါ်မှာ သုတ်လိမ်းပြီး ခြေစွယ်ငုပ်နေတဲ့ ခြေချောင်းနေရာပေါ်ကို မိနစ် ၂၀ ခန့် ဖိကပ်ထားပေးပါ။ ဒီလိုပြုလုပ်ခြင်းဟာ ခြေစွယ်ငုပ်ခြင်းကြောင့် ရောင်ရမ်းလာခြင်းနဲ့ ပြည်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ခြေသည်းခွံကိုလည်း ပျော့ပြောင်းသွားစေတာကြောင့် ခြေစွယ် ကို အလွယ်တကူ ညှပ်ထုပ် ပစ်နိုင်မှာ ဖြစ် ပါတယ်။

(၃) ပျားရည်နဲ့ သံပုရာရည်

ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းခန့်နဲ့ သံပုရာရည် အနည်းငယ်ကို ရောစပ်ပြီး ခြေစွယ်ငုပ်နေတဲ့ ခြေချောင်းပေါ်မှာ သုတ်လိမ်းပြီး ပတ်တီးနဲ့စည်းထားပေးပါ။ ဒီနည်းလမ်းအတိုင်း ၂ ရက်၊ ၃ ရက်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ခြေစွယ်ကို ညှပ်ထုတ်စရာ မလိုဘဲ သူအလိုလို ပျောက် ကင်းသွားနိုင်မှာ ဖြစ် ပါတယ်။

(၄) တမာရွက်

ဒီ နည်းလမ်းကတော့ အိန္ဒိယ တိုင်းရင်းဆေး နည်းလမ်း တခုပါ။ တမာရွက်ကို ရေနဲ့ပြုတ်ပြီး ရလာတဲ့ တမာရွက်ပြုတ်ရည် နဲ့ ခြေစွယ်ငုပ်နေတဲ့ ခြေထောက် ကို စိမ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ခြေစွယ်ငုတ်နေတာ ကို သက်သာ ပျောက်ကင်းစေနိုင်တဲ့အပြင် နောက်ထပ် မဖြစ်ပေါ်အောင်လည်း ကာကွယ်ေ ပးနိုင် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*