လူ ကို မပေါက်ခင် မှာ သေချင်ယောင်ဆောင် နေလေ့ ရှိ တဲ့ အန္တရာယ် များလွန်း တဲ့ “ဇွန်ဘီမြွေ” အမျိုးအစား

မြွေတွေ ဟာ အလွန် ကြောက် စရာကောင်းပြီး အန္တရာယ်များလွန်း တဲ့ သတ္တဝါတွေ ပဲဖြ စ်ပါတယ် ။အခုဆိုရင် သြစတေးသျ မှ မြွေတွေဟာ သားကောင် ကို ထောင်ခြောက်ဆင် ဖို့အတွက် သေချင်ယောင်ဆောင်ပြီး စောင့်နေတာ မျိုးတွေ ပြုလုပ်လာတာ ကိုတွေ့ရ ပါ တယ် ။အခုပြထား တဲ့ ပုံကတော့ မြောက် ကာရိုလိုင်းနား မှ ဥယျာဉ်မှူး တစ်ယောက် ရိုက်ကူး ခဲ့တဲ့ သေချင်ယောင် ဆောင်ပြီး သားကောင် ကို စောင့်ဆိုင်းနေ တဲ့ ပုံပဲဖြစ် ပါ တယ် ။ပန်းခြံ တစ်ဝိုက် ဒီပုံနဲ့ အတူ သတိပေးချက် ထုတ်ပြန် ထားပြီးတော့ ဒီလို ဇွန်ဘီမြွေတွေ ကို တွေ့ခဲ့ရင် လည်း အနား မကပ် ဖို့ ဒေသခံပြည်သူတွေ ကို သတိပေး ထား ပါ တယ် ။

ပုံမှာပြထားတဲ့မြွေကတော့ hognoseမြွေလို့သိကြတဲ့ Puff Adders မြွေတစ်ကောင် ဖြစ်ပြီး အနားရောက်လာတဲ့သားကောင်ကို အဆက်မပြတ်ပေါက်တတ်တဲ့မြွေအမျိုးအစားပဲဖြစ်ပါတယ် ။ဒီမြွေမျိုးစိတ်တွေဟာ မြောက် အမေရိကတစ်ဝိုက် မှာ ကျင်လည် ကျက်စားတတ်ကြ တဲ့ မြွေအမျိုးအစားတွေဖြစ်ပြီး အသေကော င်လို ဟန်ဆောင် နိုင်ကြ တဲ့ မြွေအမျိုးအစား တစ်ခုလည်းဖြစ် ပါတယ် ။ သူတို့ဟာ ငှက် နဲ့ မြွေကို စားသောက် တဲ့ သတ္တဝါတွေရန်မှ တိမ်းရှောင်နိုင်ဖို့ အတွက် သေချင်ယောင်ဆောင်ပြီး အလစ်မှာထွက်ပြေးကြတာ ပဲဖြစ် ပါတယ် ။

ပုံမှာပြထားတဲ့ ပါးစပ်ဟပြီး သေချင်ယောင်ဆောင်နေ တဲ့မြွေမျိုး စိတ်တွေဟာ ပုံမှန် အားဖြင့်တော့ အခွင့်အရေးရတာနဲ့ထွက်ပြေးတတ်တဲ့ မြွေအမျိုးအစားတွေပဲဖြစ်ပါတယ် ။မြောက်ကာရိုလိုင်းနားမှ တွားသွားသတ္တဝါ နှင့်ကုန်းနေရေနေသတ္တဝါ စောင့်ရှောက်ရေးဌာနကတော့ ဒီမြွေတွေ ဟာ အဆိပ် မရှိတဲ့ အတွက် အန္တရာယ်မရှိ တဲ့မြွေတွေ ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ ပါတယ် ။ဒါပေမယ့်လည်း မြွေဟောက်တစ်ကောင် လို ပါးပျဉ်းထောင် နှာမှူတ်ပြီး ကိုက်တတ်လေ့ ရှိပါတယ် ။

သူတို့ကို သတ္တဝါတစ်ကောင်ကောင် က တိုက်ခိုက်လာပြီဆိုရင် ပါးစပ်ဟပြီး ပက်လက်လှန်ကာ သေချင်ယောင်ဆောင် လိုက်လေ့ရှိပါတယ် ။သေချင်ယောင်ဆောင်တတ်တဲ့ အရည်အချင်းတစ်ခုထဲ ရှိတာမဟုတ်ပဲ ဖားပြုတ်တွေ ကို အနံ့ခံပြီးလိုက်ဖို့အတွက် အနံ့ခံအာရုံအရမ်းကောင်းတဲ့ နှာခေါင်းတစ်စုံလည်းပါရှိပါသေးတယ် ။ထို့အပြင် ပါးစပ်အတွင်းပိုင်းမှာရှိတဲ့ ချွန်ထက်နေတဲ့သွားတွေကလည်း သားကောင်ကိုမြိုတဲ့အခါ အလွယ်တကူမြိုလို့ရအောင် လုပ်ဆောင်ပေး ပါတယ် ။ hognose မြွေတွေဟာ နွေရာသီ အတွင်း မှာ မျိုးပွားလေ့ရှိကြပြီး တစ်ကြိမ်ဥ ချလျင် ဥပေါင်း ၅၀ လောက်ဥလေ့ရှိပါတယ် ။ဥပေါက်ဖို့အချိန် ၂ လတာကြာမြင့်ပြီး ဥမှ ပေါက်ကာစအကောင် နှင့် သက်ကြီးကောင်ဟာ ပုံသဏ္ဍာန်တစ်ထေရာထဲ နီးပါးဆင်တူ ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*