သမ္မတ ရာထူး က အနား ယူပြီး ဂန္ဓမာပန်းရောင်းစား နေ တဲ့ ကမ္ဘာ့ အဆင်းရဲဆုံး သမ္မတကြီး

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ ဟိုဆေးမူဂျီကာ ကို သိပါသလား

ဥရုဂွေးဆိုတဲ့ နိုင်ငံလေး…..။ ကမ္ဘာ့ဖလားပွဲ တွေမှာ ဥရုဂွေးအသင်း ကို ရံဖန်ရံခါ ကြားရတတ်တယ်။ တောင်အမေရိကတိုက်က နိုင်ငံလေး၊ သိပ်တော့စိတ်ဝင်စားစရာ မဟုတ်။ စိတ်ဝင်စားစရာ ကောင်းတာက ဥရုဂွေးနိုင်ငံကို ပဲ့ကိုင်သွားတဲ့ သမ္မတကြီး ဟိုဆေးမူဂျီကာ ။ ရိုးသားလွန်းတဲ့ သမ္မတကြီး။

ကမ္ဘာကျော်သတင်းဌာန ဘီဘီစီကတောင် ကမ္ဘာ့ အဆင်းရဲဆုံးသမ္မတလို့တောင် တင်စားခဲ့တယ်။ ဟိုဆေးမူဂျီကာကဘာတွေလုပ်ခဲ့လို့ ဆင်းရဲတာလဲ။ဟိုဆေးမူဂျီကာ ကို ၁၉၃၅ ခုနှစ် မေလ (၂ဝ) ရက်နေ့ မှာ ဥရုဂွေးနိုင်ငံရဲ့မြို့တော် မွန်တီဗီဒီယို မှာ မွေးတယ်။ ဖခင်က လယ်သမား ၊ ဆင်းရဲလွန်းလို့ လူမွဲဘွဲ့ခံလိုက်ရတယ်။ မိခင်ကတော့ အီတလီနိုင်ငံကနေ နိုင်ငံရေးခိုလှုံသူ။ ဆင်းရဲလွန်းလို့သူ့ရဲ့ ဆယ်ကျော်သက်ဘဝက အလုပ်ကြမ်းပေါင်းစုံလုပ်ပြီး ကုန်ဆုံး ခဲ့ရတယ်။

၁၉၆ဝ ခုနှစ်တွေမှာ ကျူးဘားတော်လှန်ရေး ရိုက်ခတ်မှုတွေကြောင့် ဥရုဂွေးနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာပြီးအစိုးရဆန့်ကျင်ရေး လုပ်လာချိန်မှာ Tupamaros အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။

သူတို့အဖွဲ့က ငြိမ်းချမ်းမှုကို လိုချင်သူ၊ နိုင်ငံကို အသစ်ပြန်လည် မွေးဖွားလိုသူ။ ၁၉၇၀ ခုနှစ်တွေမှာ ဟိုဆေးမူဂျီကာ ဟာ နိုင်ငံရေးသမားဘဝမှာ သေနတ်ဒဏ်ရာ (၆) ခါရဖူးပြီး (၁၄) နှစ်အထိ ထောင်ကျခဲ့ဖူးတယ်။ ၁၉၉၄ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတယ်။ ၁၉၉၉ ရွေးကောက်ပွဲမှာတော့ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ် မတ်လ (၁) ရ

က်နေ့မှာ သူဟာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဖြစ်လာခဲ့တယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ဘဏ္ဍာရေးဝန်ကြီး Danilo Astori ကို ကျော်ဖြတ်ပြီး ဥရုဂွေးနိုင်ငံရဲ့ (၄ဝ) မြောက် သမ္မတ ဖြစ်လာခဲ့တယ်။အမေရိကန်သမ္မတ ထရမ့် ဆိုရင် အိမ်ဖြူတော်မှာနေတယ်၊ ပြင်သစ်သမ္မတ မတ်ခရွန် ဟာ Élysée Palace မှာနေတယ်၊ ဗြိတိန်ဘုရင်မကြီး အယ်လီဇဘတ်က သူ့နန်းတော် ဘက်ကင်ဟန်နန်းတော် မှာပဲ စံမြန်းတယ်။

ဥရုဂှေးသမ်မတ ဟိုဆေးမူဂြီကာ ဟာ နိုငျငံတောျက စီစဉျ ပေးတဲ့ Residencia de Suarez စံအိမျမှာ မနဘေူး။ အခွှအေရံတှကေိုပါ ငွငျးပယျထားလိုကျတာ၊ ရပိုငျခှငျ့တှကေို မယူပါဘူး။ မှနျတီဗီဒီယိုမွို့ရဲ့ ဆငျခွဖေုံးရပျကှကျမှာရှိတဲ့ လယျတောအိမျမှာပဲ နတေယျ။ဟိုဆေးမူဂျီကာ ဟာ သူ့အတွက် နဲ့ နိုင်ငံတော်ကို စရိတ်မတက်စေချင်တဲ့ သဘော။ အဝတ်အစားကိုလည်း ဖြစ်သလိုပဲ ဝတ်တယ်။ ကပိုကရိုနေတတ်တယ်။ သမ္မတလစာက (၁၁,၆၃၄) ဒေါ်လာ ရတယ်။ သိန်း (၁၆၀) ကျပ်ပဲ ဆိုပါစို့။ သူ့လစာထဲက (၉၀) ရာခိုင်နှုန်းအထိ ဆင်းရဲတဲ့ပြည်သူတွေကို လှူပစ်ခဲ့တယ်။

သူ့အိမ်မှာ လယ်ကွင်းကြီးရယ်။ ထွန်စက် အဟောင်းကြီးရယ်။ ခြေတစ်ဖက်ပြတ်နေတဲ့ Manuela လို့ခေါ်တဲ့ ခွေးကြီးရယ်။ အိမ်ရဲ့မလှမ်းမကမ်းမှာ အစောင့်ချထားတဲ့ရဲသား(၂) ယောက်ရယ်ပဲ ရှိပါတယ်။သမ္မတ ဟိုဆေးမူဂျီကာဟာ ဇိမ်ခံကား မစီးပါဘူး။ ၁၉၈၇ ခုနှစ်ထုတ် ဒေါ်လာ (၁,၈၀၀) တန် ဗောက်စ်ဝက်ဂွန် လိပ်ခုံးကားကိုပဲ မြတ်မြတ်နိုးနိုး စီးနေတုန်းပါ။ ကျန်းမာရေးမကောင်းရင်လည်း အများပြည်သူတွေနဲ့ ဆေးခန်းမှာပဲ ကုတယ်။ သီးသန့်မကုဘူး။ သူ့အတွက်နဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို မထိခိုက်စေချင်ဘူး။

၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတဖြစ်တယ်၊ ၂ဝ၁၅ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတရာထူးက ဆင်းသွားတယ်။ သူ့ရာထူးမှာ ပိုမနေဘူး။ အချိန်တန်ရင် ဆင်းသွားတယ်။ လယ်တောထဲက လာတဲ့လူဟာ လယ်တောထဲမှာပဲ ပြန်ဆင်းသွားခဲ့ပါတယ်။စိတ်တူကိုယ်တူရှိတဲ့ ဇနီးသည်လူဆီယာ တိုပိုလန်စကီး ကို ၂၀၀၅ ခုနှစ်မှာ လက်ထပ်တယ်၊ သားသမီးမထွန်းကားဘူး။ အခုတော့ (၈၅) နှစ်ရှိပြီဖြစ်တဲ့သမ္မတဟောင်းကြီးက ဂန္ဓမာပန်းရောင်းစားနေသတဲ့၊ တင်းတိမ်ရောင့်ရဲချက်။

“ကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ ပြော ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ဆင်းရဲတယ်လို့ မခံစားမိပါဘူး။ ဆင်းရဲတဲ့သူဆိုတာ ကုန်ကျစရိတ်မြင့်မားတဲ့ လူနေမှုဘဝကို ကာမိဖို့ ပိုက်ဆံတွေကို မရပ်မနား ရှာဖွေနေရတဲ့သူတွေပါ”

ကဲ . . . လူ့ဘဝတိုတိုလေးထဲမှာ နောက်ဆုံးပေါ်ဖက်ရှင်၊ တန်ဖိုးကြီးတံဆိပ်တွေနောက်ကို လိုက်ပြီးတော့ ရူးသွပ်နေတော့မှာလား။ အကျိုးရှိတာတွေကို လုပ်နေပြီး ကုန်ဆုံးတော့မှာလား။ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရအောင်ဗျာ။ အဓိကအချက်က အရေးမကြီးတာတွေ လုပ်နေရင် အရေးကြီးတာတွေ မေ့တတ်တယ် ဆိုတဲ့ ဒဿနကို အမြဲသတိရသင့်ပါတယ်။

လူ့ဘဝတိုတိုလေးမှာ ရိုးရိုးရှင်းရှင်းနေကြရအောင်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*