ကျော်ချက်ပြီးသား ဆီ ကို ပြန်သုံး တာဟာ နှလုံးရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာ တို့ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း

တစ်ခုခုကြော်ပြီးတဲ့ဆီကို ပြန်ပြီး အပူပေးလိုက်တဲ့အခါ အဲဒီဆီကအဆိပ်အဖြစ် ပြောင်းလဲသွား ပါတယ်။ကျွန်မတို့ အိမ်ရှင်မတွေဟာ မဟုတ်တာလေးကို သိပ်ကန့်တွက်ကြပါတယ်။ ကြက်ဥကြော် လိုက်လို့ပဲဖြစ်ဖြစ် ပိုနေတဲ့ ဆီတွေကို အရွက်တစ်ခုခုကြော်ဖို့အတွက် ပြန်ပြီးအသုံးပြု တတ်ကြပါတယ်။ကိုယ်သုံးနေတဲ့ဆီဟာ ဟင်းသီးဟင်းရွက်က ထုတ်တဲ့ ဆီဖြစ်နေရင် ပိုလို့ တောင်ရှောင်ကျဉ်ပေးသင့်ပါတယ်။

အိမ်ရှင်မတို့ရဲ့ လက်ထဲမှာ မိသားစုတစ်ခုလုံးရဲ့ ကျန်းမာရေး ပုံအပ်ခံထားရတယ်ဆိုတာ မမေ့ပါနဲ့နော်။ တစ်ခုခုကြော်ပြီးလို့ ပိုတဲ့ဆီကို ပြန်သုံးတာဟာ နှလုံးရောဂါ လေဖြတ်ရောဂါ နဲ့ ကင်ဆာတွေကို ဖြစ်ပေါ်စေပါတယ်။လေ့လာတွေ့ရှိမှုအရ ပဲဆီ ပြောင်းဆီ နေကြာဆီအပြင် တခြား အသီးအနှံကရတဲ့ဆီတွေကို ပြန်ပြီး အသုံးပြုတာဟာ အက်ဆစ် တစ်မျိုးကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာ အမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။

ဥပမာ အယ်လ်ဇိုင်းမား၊ အသည်း၊ တခြားရောဂါတွေကို ဖြစ်ပေါ်စေ ပါတယ်။ ကျန်းမာရေး ပညာရှင်တွေက အသီးအရွက်က ထုတ်လုပ်တဲ့ဆီတွေကို မကြာခဏ အပူပြန်ပေးပြီးချက်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။အိမ်ရှင်မတို့ရေ ဘာမဟုတ်တာလေးနဲ့ မိသားစုကျန်းမာရေးကို အထိခိုက်မခံပါနဲ့နော်။ တစ်ခါကြော်ပြီးသား ဆီကို ပြန်မသုံးပါနဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*