လူတွေ မျှော်လင့်နေတဲ့ မြင်ကွင်းနဲ့ မြန်မာ့လျှပ်စစ်လုပ်ငန်းရဲ့ ပြောင်းလဲလာမှု

လူတွေ မျှော်လင့်နေတဲ့ မြင်ကွင်းနဲ့ မြန်မာ့လျှပ်စစ်လုပ်ငန်းရဲ့ ပြောင်းလဲလာမှု

မနေ့မနက်က အိမ်ရှေ့လမ်းတလျှောက်မှာရှိတဲ့ ဓါတ်တိုင် တွေကို နောက်ဆုတ်ရွှေ့စိုက်ဖို့ မီးကြိုးတွေ ဖြုတ်ချပြင်ဆင်မှုတွေ လုပ်တော့ တစ်နေကုန် မီးလာမှာမဟုတ်၊ နောက်ထပ် ၄-၅ ရက်တော့ မီးပျက်မှာပဲထင်။

မိတ်ဆွေရဲ့ MMI စင်တာ ထွက်လာပြီး ညနေမှအိမ်ပြန်ခဲ့ပါတယ်။ (ဓါတ်တိုင်တွေရွှေ့ တာက လမ်းခင်း၊လမ်းချဲ့နေလို့ပါ။)အထင်နဲ့အမြင်ကွာခြား သွားတာကတော့ အိမ်ပြန်ရောက် ၆-နာရီမထိုးခင် လမ်းမီး တွေပြန်ရနေပါပြီ။(လုပ်သားတွေနေ့လည်စာတောင်စားကြရဲ့လား မသိဘူးလို့ ပြောပါတယ်။)

တစ်နေကုန် မနားတမ်းလုပ်ရင်း ညမမှောင်ခင် မီးပြန်ပေးနိုင် တာကတော့ ဘဝမှာ ပထမဆုံးကြုံရတာပါ။ တိုင်တွေရွှေ့ တယ်။(ဆွေးမြေ့ပေါက်ပြဲကြိုးတွေ လဲခိုင်းပြီး ပြန်တပ်ပေးရ တယ်။) ရှုပ်ထွေးလှတဲ့ ကြိုးလိုင်းတွေကို အချိန်မီ ပြီးစီးအောင် မနားတမ်းလုပ်ပေးသွားပေမဲ့…ငွေကောက်ခံတာမရှိ၊ အိမ်တွေ ကို ခြိမ်းခြောက်ဟိန်းဟောက်တာမရှိ၊ သူတို့အလုပ် သူတို့ပြီး အောင်လုပ်သွားကြတာပါ။

လူတွေမျှော်လင့်နေတာ ဒီလိုမြင်ကွင်းတွေပါ။ ဒီလိုအပြောင်း အလဲတွေပါ။ လမ်းမီးတွေ လင်းတဲ့ည။ နိုင်လွန်ကတ္တရာခင်း ထားတဲ့လမ်းတွေ။ ရေစီးတဲ့မြောင်းတွေနဲ့ မြို့ပြနဲ့တူလာတဲ့ မြို့တွေ…ရွာတွေ..တွေ့နေရပါပြီ။ အခြားအခြားသောကဏ္ဌ တွေမှာလည်း ပြည်သူဝိုင်းကူလို့ ရှေ့သို့တက်လှမ်းကြပါစို့..

Kyaw San

Be the first to comment

Leave a Reply

Your email address will not be published.


*