ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး တစ်ယောက်တည်းနေထိုင်တဲ့ တောင်ပေါ်ဒေသက ကလေးငယ်

နည်းပညာတွေ၊ လူမှုအဆင့်အတန်းတွေ မြင့်မားနေတဲ့ ခေတ်ကြီးမှာ ပညာရေးဆိုတာဘာမှန်းမသိဘဲ တစ်နေ့စာ တစ်နေ့အတွက်သာ ရုန်းကန်ရှာဖွေစားသောက်နေရတဲ့ လူတွေအများအပြားရှိပါတယ်။ ဒီလို လူတွေအများအပြားထဲမှ တောင်ပေါ်ဒေသမှာနေထိုင်တဲ့ အသက် ၇နှစ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးအကြောင်းကိုဖော်ပြချင်ပါတယ်။ ထိုတောင်ပေါ်ဒေသမှာနေထိုင်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို သူ့တို့ဘဝသူတို့

ရုန်းကန်နိုင်အောင် လွတ်လွတ်လပ်လပ် လွတ်ထားပေးတတ်တာကြောင့် သူတို့ရဲ့ တစ်နေ့တာ စားဖို့နေရေးကိုလည်း သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းရကြရပါတယ်။အောက်မှာဖော်ပြထားတဲ့ ပုံတွေကို ကြည့်ရင်တော့ ထို ကလေးလေးရဲ့ ဘဝဟာ သာမန်ကလေးတွေလိုမဟုတ်ဘဲ အသက်အရွယ်နဲ့ မမျှအောင် ရုန်းကန်နေရတာကို ကြေကွဲဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အဆိုပါ ၇နှစ်အရွယ်ကလေးမလေးဟာ သူတစ်ယောက်ထဲနေထိုင်ပြီး သူမအတွက် အဝတ်အစားကောင်းကောင်း တစ်ထည်လောက်ရှိဖို့နေနေသာသာ တစ်နေ့တာ တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ တစ်နေ့တာ စာဖို့နေရေးကိုတော့ ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်။ တစ်နေ့တာ စားဖို့အတွက် အသားငါးဆိုတာ

သူမအတွက် မရှိသလောက် နည်းပါးပါတယ်။ သူမရဲ့ တစ်နေ့တာအတွက် ပုံထဲမှာ မြင်တွေ့နေရတဲ့အတိုင်းပဲ ထမင်းဖြူနဲ့ အာလူးပြုတ်ရှိရင် စားဖို့အတွက် လုံလောက်နေပါပြီ။ ပုံမှန်အားဖြင့် သူမ မနက်စာစားပြီးတာနဲ့ သူမ မွေးထားတဲ့ ကြက်တွေအတွက် ကြက်စာစင်းရပါတယ်။ ကြက်စာအတွက်လည်း ဆန် ဒါမှမဟုတ် အသီးအရွက်တွေကို နုံနုံစင်းပြီး ကျွေးရပါတယ်။ အားလုံးပြီးသွားရင်တော့ နောက်ကျောမှာ ခြင်းတစ်လုံးကို လွယ်ပြီး တောင်ပေါ်တက်ကာ နောက်နေ့အတွက် စားစရာတွေ ရှာဖွေရပြန်ပါတယ်။

သူတို့ရဲ့ ဘဝမှာ ဒါတွေက လုပ်ရိုလုပ်စဉ် သာမန်ပြုလုပ်နေကျအလုပ်တွေဖြစ်သလို ညည်းညူခြင်းလည်း မရှိကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ နေထိုင်မှုပုံစံဖြစ်နေပမဲ့ သူမတို့ရဲ့ အတွေ့အကြုံအရ ဖျားတာ၊ နာတာဆိုတာ မရှိသလောက် ရှားပါးပါတယ်။ ဒီလို အခြေအနေနဲ့ပဲ တောင်ပေါ်မှာနေထိုင်တဲ့သူမတို့ရဲ့ ဘဝဟာ ဆက်လက်အသက်ရှင်နေကြတာပဲဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ရဲ့ ဘဝကို အရမ်းကို ရိုးရှင်းပြီး အပူအပင်ကင်းကင်းနဲ့ လူနေမှုပုံစံကို ရွေးချယ်နေထိုင်နေကြတာလို့လည်း ဆိုပါတယ်။

(သင်ဆိုရင်ရော ဒီလိုနေထိုင်မှု ပုံစံမျိုးနဲ့ နေရမယ်ဆို နေနိုင်ပါ့မလား။)

Be the first to comment

Leave a Reply

Your email address will not be published.


*