ခြေထောက် အနံဆိုး ထွက်တာကို ဘယ်လိုဖျောက်မလဲ

၁ – ဆား

ဆားဟာ ခြေထောက်က ပိုနေတဲ့ စိုစွတ်အဆီပြန်မှုကို စုပ်ယူလိုက်ပြီး ခြေထောက်နံစေတဲ့ ပိုးမွှားတွေ ကြီးထွားလာမှုကို လျှော့ချပေးလိုက်ပါတယ်။

အသုံးပြုဖို့အတွက် ဆား လက်ဖက်ရည်ခွက် တစ်ခွက်စာလောက်နဲ့ ရေနွေးနွေး ရှစ်ခွက်စာ လိုအပ်ပါတယ်။ရေနွေးနဲ့ ဆားကို ဇလုံထဲထည့်ပြီး ဆားပျော်သွားအောင် အနည်းငယ်လှုပ်ပေးရမှာ ဖြစ်ပါတယ်။ ဆားတွေ အရည်ပျော်သွားပြီဆိုရင်တော့ ခြေထောက်ကို မိနစ်နှစ်ဆယ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။

နေ့စဉ် တစ်ကြိမ်ကနေ နှစ်ကြိမ်လုပ်ဖို့ လိုအပ်ပြီး ရက်အတော်ကြာအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။

၂ – မုန့်ဖုတ်ဆော်ဒါ

ဆော်ဒါမှာ ပိုးမွှားတွေကို သေစေတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပြီး တစ်ချိန်တည်းမှာပဲ သင့်ခြေထောက်ကို ပျော့ပြောင်းနူးညံစေပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေက မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့ ရေ ၈ ခွက်ဖြစ်ပါတယ်။ ဇလုံထဲ ဆော်ဒါနဲ့ရေကို ထည့်ပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့်စိမ်ပေးရမှာဖြစ်ပြီး နေ့စဉ် နှစ်ကြိမ်ခန့်လုပ်ပေးရမှာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*