တွင်းထဲမှာ ၃၇နာရီကြာပိတ်မိနေပေမဲ့ ရွှံ့ရည်သောက်ပြီး အသက်ရှင်ခဲ့တဲ့ ၇၀အရွယ်အဖိုး

အသက် ၇၀အရွယ် မလေးရှားအဖိုးအိုတစ်ယောက်ဟာ စားအုန်းဆီစိုက်ခင်းကို သွားရင်း အနက် ၁၃ပေရှိတဲ့ တွင်းထဲကို ကျပြီး ၃၇နာရီကြာအောင် တွင်းထဲမှာ နေထိုင်ခဲ့ရပါတယ်။ အဆိုပါ အဖိုးဟာ ပြီးခဲ့တဲ့ ၂၃ရက်နေ့ နံနက်ပိုင်းက စားအုန်းဆီစိုက်ခင်းထဲ အသီးခူးဖို့သွားရင်း မတော်တဆ တွင်းထဲကို ကျသွားခဲ့ဖြစ်ပါတယ်။

အဆိုပါတွင်းဟာ အနက် ၁၃ပေရှိပြီး ကျောက်စည်ပိုင်းနဲ့ ကာထားတဲ့ တွင်းကြီးပါ။ နံနက် ၉နာရီပိုင်းလောက်မှာ တွင်းထဲကို ပြုတ်ကျသွားတာဖြစ်ပြီး တွင်းရဲ့ နံရံပတ်ပတ်လည်မှာ ရေညှိတွေတက်နေတာကြောင့် အပေါ်ကို ပြန်တက်ဖို့ အဖြစ်နိုင်ခဲ့ပါဘူး။

နေ့လည်ပိုင်း ထမင်းစားချိန် ပြန်မလာလို့ မိန်းမဖြစ်သူက စိုက်ခင်းထဲ လာရှာပေမဲ့ ကံမကောင်းစွာပဲ အဖိုးကို ရှာမတွေ့ခဲ့ပါဘူး။ စိုက်ခင်းဖြစ်တာကြောင့် လူသွားလူလာနည်းပါပြီး အကူအညီတောင်းဖို့အတွက်လည်း တော်တော်နဲ့ မဖြစ်နိုင်ပါဘူး။

နောက်ဆုံးတော့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီရှာဖွေပေးခဲ့တာကြောင့် ၂၄ရက်နေ့ ညပိုင်း ၉နာရီနဲ့ မိနစ် ၄၀မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တွင်းထဲကနေ လုံလုံခြုံခြုံ ကယ်တင်နိုင်ခဲ့ပြီး ၂ရက်နီးပါးကြာအောင် ပိတ်မိနေတာကြောင့် ရေနဲ့ အစာဆာလောင်တဲ့ ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ရေနဲ့ ပေါင်မုန့်အချို့ကို ကျွေးပြီး အနီးနားရှိ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရပါတယ်။

တွင်းထဲကျနေတဲ့အချိန် ရေဆာတဲ့အခါ တွင်းထဲမှာရှိတဲ့ ဗွက်ရည်ကို သောက်ခဲ့ရပြီး စားစရာအတွက် တွင်းထဲကျတဲ့ ဖားကို စားခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က အချိန်မှီရောက်လာခဲ့လို့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ရတာပါ။ တနင်္ဂနွေနေ့မှ သူ့ကို ရှာတွေ့ခဲ့ရင် တွင်းထဲမှာပဲ အစာရေဆာ ငတ်ပြတ်ပြီး သေဆုံးနေလောက်ပြီလို့ အဖိုးအိုက ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*