လေဖြတ် ဝေဒနာ ခံစားနေရသူများ အတွက် နည်းလမ်းကောင်း

လေဖြတ် ဝေဒနာ ခံစားနေရသူများ သည် ပင်ပန်းဆင်းရဲစွာ ခံစားရပါသည် ပြုစုရသော မိသားစု များမှာလဲ အင်မတန်မှ ဒုက္ခရောက်ပါသည် သို့ဖြစ်ပါ၍ ဆေးဖော် နည်းလေး မျှဝေလိုက်ပါသည်

ဆေးဖော်ရန် လိုအပ်သော ပစ္စည်းများ

၁ အုန်းသီး ရင့်ရင့်တစ်လုံး

၂ ထနှောင်းခေါက် နှင့် ချက်သော တောအရက် ဦးရည်

၃ ဆေးဖော်နည်းမှာ အုန်းသီး ၏ နတ်သမီးပေါက် အနားကို ဓားနှင့် ရှက်၍

နတ်သမီးပေါက် ကို ဖောက်ပြီး အုန်းရည်များ ထုတ်ပြစ်ရပါမည်

၎င်းနောက် အရက်ဦးရည် ကို အုန်းသီးထဲတွင် အပြည့် ထည့်၍ အပေါက်ကို သင့်တော်ရာဖြင့် လုံအောင်ပြန်ပိတ်ပါ ပိတ်ပြီးသောအုန်းသီးကို မြေကြီးကို တောင်ဝက်လောက်တူး၍ (၇)ရက် တိတိ မြုတ်ပါ

(၇)ရက်ပြည့်လျှင် ပြန်ဖော်၍ အုန်းသီး ထဲမှ အရက်များပြန်ထုတ်ပြီး ပုလင်းထဲပြန်ထည့်၍ သောက်လို့ရပါပြီ

ဆေးနည်း အညွှန်း

တစ်ခါသောက် လဖက်ရည် အကြမ်း ပန်းဂံ တစ်လုံး တစ်နေ့ တစ်ကြိမ် ဆေးသောက်ပြီးလျှင် လူနာ၏ ကိုယ်တွင်းမှာ စိုးစိုး စစ်စစ် ဖြစ်တတ်ပါသည်

ဆိုးရိမ်စရာ မရှိပါ ဘေးထွက်ဆိုးကျိုးမရှိပါ ထွက်လာသော ချွေးများကို သုတ်ပြစ်၍ အဝတ်အသစ်လဲပြစ်ပါ

လေဖြတ် ထားသော နေရာများကိုလဲ လိမ်းပေး၍ ရပါသည်

မှတ်ချက် ၎င်းဆေးနည်းသည် မိုးကုတ်ဆရာတော် ဘုရားကြီး ချီးမြှင့်သော ဆေးနည်းဖြစ် ပါသည်

ကျော်သက်နိုင် ( FB ) မှ

Be the first to comment

Leave a Reply

Your email address will not be published.


*