ခြေဖနောင့် ကွဲအက် ရခြင်းရဲ့ နောက်ကွယ်က အကြောင်း အရင်းများ

ဆောင်းရာသီ ရောက်တိုင်း အသးအရည် ခြောက်သွေ့လာတာကြောင့် ခြေဖနောင့်ကွဲအက်ခြင်းက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အမြဲတမ်း ခြေဖနောင့် ကွဲအက် နေလို့ စိတ်ညစ်နေရတဲ့ သူတွေအတွက် ခြေဖနောင့် ကွဲအက်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်အလေးချိန်များလာလို့

ကျွန်မတို့ရဲ့ ခြေထောက်တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းထားရတာဖြစ်ပါတယ်။ အရင် ကနှင့်မတူတော့ဘဲ ခန္ဓာကိုယ် အလေးချိန်တွေ တက်လာတဲ့ အခါမှာတော့ ကိုယ်အလေးချိန်ဒဏ်ကို ခြေဖနောင့်က မခံနိုင်တော့ဘဲ အက်ကွဲခြင်းတွေ စတင်ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။

ဗီတာမင် ချို့တဲ့ခြင်း

ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နှင့် အာဟာရဓာတ်များကို လုံလောက်စွာမရရှိတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကနေ သတိပေးလေ့ရှိပါတယ်။ခြေဖနောင့် အက်ကွဲခြင်းဟာလည်း သင့်ရဲ့ ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်တွေ ချို့တဲ့ နေပြီးဆိုတာကို အသိပေးတာဖြစ်လို့ ဗီတာမင်ဓာတ်တွေကိုလည်း ပြန်လည်ဖြည့်တင်းသင့်ပါတယ်။

ဖိနပ်ရွေးချယ်မှုမှားခြင်း

မကြာခဏ ကြုံဖူးကြမှာပါ။ ဖိနပ်အသစ် ဝယ်လာပြီးမှ ကိုယ့်ရဲ့ ခြေထောက်နှင့် မတော်လို့ နာကျင်မှုကို ခံစားရတတ်ပါတယ်။ဒေါက်ဖိနပ်အမြင့်တွေနှင့် ခြေထောက်ကို ပိတ်လှောင်ထားတဲ့ ဖိနပ်တွေကတော့ ခြေဖနောင့် အက်ကွဲသည်အထိဖြစ်စေနိုင်ပါတယ်။တစ်နေကုန် လှုပ်ရှားသွားလာရမယ့်နေ့မျိုးမှာ ပေါ့ပေါ့ပါးပါး ဖိနပ်ကိုသာ ရွေးစီးသွားသင့်ပါတယ်နော်.

မတ်တပ်အကြာကြီး ရပ်ရခြင်း

တစ်နေကုန် မတ်တပ်ရပ်ရပြီး လှုပ်ရှားသွားလာမှု ရှိတဲ့ သူတွေတိုင်း ခြေဖနောင့် အက်ကွဲလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များနေတဲ့ အခါမျိုးတွေမှာ အလေးချိန်ရဲ့ ဒဏ်ကြောင့် ခြေထောက်ကိုက်ခဲခြင်းကိုပါ တွဲပြီး ခံစားရနိုင်တာပဲဖြစ်ပါတယ်.။

ခြေဖနောင့်အက်ကွဲခြင်းကြောင့် နာကျင်ခြင်းနှင့် ခြေထောက်မလှတော့မှာကို စိုးရိမ်နေတဲ့ သူတွေအတွက် ကုသနည်းကတော့ ရေနွေးနွေးလေးနှင့် ခြေထောက်ကို ဆေးကြောပေးပါ။ ထို့နောက် အက်ကွဲနေတဲ့ ခြေဖနောင့် နေရာကို သဘာဝအလှဆီနင့် ဗက်ဆလင်းကဲ့ သို့သော အဆီတွေကို ပုံမှန်လေး လိမ်းပေးသွားလိုက်ရုံပါပဲ။ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝဖို့ကလည်းလိုသေးတာဆိုတော့ ရေများများသောက်ဖို့လည်း လိုအပ်ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*