ဆပ်ကပ်လောကမှာဘဲ ဘဝအချိန်ကုန်ဆုံးခဲ့ရပြီး နောက်ဆုံး နေရောင်ခြည်အောက်မှာ ရေမိုးချိုးရင်းဇိမ်ခံခွင့်ရခဲ့တဲ့ အငြိမ်းစားဝက်ဝံကြီး

ဆပ်ကပ်လောကမှာဘဲ ဘဝအချိန်ကုန်ဆုံးခဲ့ရပြီး နောက်ဆုံး နေရောင်ခြည်အောက်မှာ ရေမိုးချိုးရင်းဇိမ်ခံခွင့်ရခဲ့တဲ့ အငြိမ်းစားဝက်ဝံကြီး

ဆပ်ကပ်လောကမှာဘဲ သူ့ရဲ့ဘဝအချိန်တော်တော်များများကုန်ဆုံးခဲ့ရတဲ့အသက်ကြီးကြီးဝက်ဝံတစ်ကောင်ဟာ အငြိမ်းစားယူပြီးနောက်မှာ ရေမိုးချိုးရင်း ရေစိုစိုနဲ့နေရောင်ခြည်အောက်မှာ အေးဆေးဇိမ်ခံနေခဲ့တဲ့ပုံကို ဝန်ထမ်းတွေက ရိုက်ယူပေးခဲ့ပါတယ်။ Toshkaလို့ခေါ်တဲ့အဆိုပါဝက်ဝံဟာ လူတွေအတွက် လှည့်ကွက်အဆန်းတွေပြုလုပ်ပေးရင်း ဆပ်ကပ်လောကမှာ ၂၅နှစ်ခန့်လုပ်ကိုင်ခဲ့ရတာပါ။ဒါပေမဲ့ “ပြန်လည်ထူထောင်ရေးနဲ့ဘဝထောက်ပံ့ရေး”အတွက် မကြာသေးခင်ကမှ Ukraineနိုင်ငံ Satanovအခြေချစခန်းရဲ့ဌာနတစ်ခုကို ပြောင်းရွေ့လာခဲ့တာပါ။ပြီးခဲ့တဲ့လက ရိုက်ကူးခဲ့တဲ့ဗီဒီယိုမှာ Toshka ဟာ မြေကြီးပေါ်အေးဆေးထိုင်ပြီး သူ့ကိုပတ်ဖြန်းလာတဲ့ရေကိုလျှာနဲ့ လျက်ရင်း သူ့ခြေထောက်ကိုကုတ်နေတာကို တွေ့ရမှာပါ။

Ukraineနိုင်ငံရဲ့အပူချိန်က ၃၅စင်တီဂရိတ်အထိရှိနေတာကြောင့် ရေအေးဟာ သူ့အတွက်အတော်လေးအဆင်ပြေနေပါတယ်။သူ့ကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့ဝန်ထမ်းတစ်ဦးက နေပူထဲရေချိုးရတာကသူ့ရဲ့အကြိုက်ဆုံးအပန်းဖြေမှုဖြစ်တယ်လို့ဆိုထားပြီး ထို့နောက် သူတို့က” သူက သူ့ဘဝအချိန်တော်တော်များများကိုကုန်ဆုံးခဲ့ရတဲ့ဆပ်ကပ်ပြဝက်ဝံတစ်ကောင်ပါ။သူ့ရဲ့နောက်ဆုံးပိုင်ရှင်က ပြန်လည်ထူထောင်ရေးနဲ့ထောက်ပံ့ရေးအတွက် ကျွန်မတို့ဆီကို ပို့ခဲ့တာ”လို့လည်းထပ်မံပြောဆိုထားပါသေးတယ်။

Toshkaဟာ ဆပ်ကပ်လောကမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ရပြီး လူတွေကိုအရမ်းကြောက်လန့်နေခဲ့ရတာကြောင့် စစရောက်ချင်း ချုံပုတ်ထဲမှာဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နှစ်ပတ်အကြာ ပုန်းနေခဲ့ပါတယ်။ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ဂရုစိုက်ပေးမှုနဲ့အာရုံစိုက်ပေးမှုတွေက သူ့ရဲ့ကြောက်စိတ်ကို ပြေလျော့သွားစေခဲ့ပါတယ်။အခုတော့ သူ့ရဲ့အိမ်အသစ်မှာ အဆင်ပြေနေပြီး နေရောင်ခြည်အောက်မှာ နာရီပေါင်းများစွာထိုင်ရင်းအချိန်ဖြုန်းဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။

https://www.youtube.com/watch?v=Wyh9VTVFn8o

 

Be the first to comment

Leave a Reply

Your email address will not be published.


*