ဝေးဝေးရှောင်သင့်တဲ့ မိန်းမ အမျိုးအစားများ

ပြဿနာ တစ်ခုဖြစ်တိုင်း ယောကျ်ားလေးတွေကိုပဲ အပြစ်တင်လို့ မရတဲ့ အခြေအနေတွေရှိပါတယ်။ မိန်းမ တွေကြောင့်လည်း အမှားတွေဖြစ်စေပါတယ်။ လူတိုင်းအမှားနဲ့ မကင်းတာက သဘာဝမို့ အိမ်ထောင်ပြုဖု့ိ စဉ်းစားတော့မယ်ဆိုရင် ဒီလိုမိန်းမတွေကို ဝေးဝေးကရှောင်ပါ။ ဘယ်တော့မှ လက်မထပ်ပါနဲ့။

– စကားအရမ်းများပြီး သူ့အကြောင်း၊ သူ့ဘဝအကြောင်းတွေ အဆက်မပြတ်ပြောနေတတ်တဲ့ မိန်းမ။ ဘယ်တော့မှ ရပ်လို့ရမှာ မဟုတ်ဘဲ တခြားသူဘာပြောနေလဲဆိုတာ ဂရုမစိုက်တဲ့ မိန်းမမျိုးဖြစ်ပါတယ်။

– အရင်တစ်ယောက်နဲ့ပြတ်တာမကြာသေးဘဲ စိတ်ကူးယဉ်ထားတဲ့ မင်္ဂလာပွဲအကြောင်း၊ ကလေးဘယ်နှစ်ယောက် လိုချင်လဲဆိုတာမျိုးပြောတတ်တဲ့ မိန်းမမျိုး သတိထားပါ။ သူက အိမ်ထောင်ပြုဖို့အတွက် အရမ်းဆန္ဒရှိနေတာကြောင့် သင်ကသ ူ့အတွက် ထူးခြားတဲ့သူတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

-ကိုယ့် အပေါ်ကိုနားလည်ဖြည့်ဆည်းပေးတဲ့မိန်းမနဲ့ ကိုယ့်ဆီက အကောင်းဆုံးတွေကို ရယူချင်တဲ့ မိန်းမမျိုးက ကွာခြားပါတယ်။ အရမ်းကို ဝေဖန်လွန်းတဲ့ အလိုမကျတတ်တဲ့မိန်းမဆိုရင်ရှောင်လိုက်တာ အကောင်းဆုံးပါ။ –

ရုပ်ကလေးက အမှတ်ပြည့်ရပေမယ့် ဦးနှောက် သုညဖြစ်နေတဲ့ မိန်းကလေးကိုလည်း ရှောင်ပါ။

-ကိုယ့်ကို အသုံးချဖို့ပဲ ဆက်ဆံတတ်တဲ့ မိန်းမတွေရှိပါတယ်။ သူ့ဘေးမှာ အမြဲရှိစေချင်တယ်လို့ထင်ရပေမဲ့ ကိုယ့်ကိုယ်ပိုင်ဘဝကို ချုပ်ချယ်သလို ဝင်စွက်ဖက်တတ်တာမျိုးတွေ ရှိနိုင်ပါတယ်။ သူတို့နဲ့ လက်တွဲခဲ့ရင် ကိုယ့်ဘဝပုံစံကိုတောင် ကိုယ့်စိတ်ကြိုက်ဖန်တီးခွင့်ရတော့မှာ မဟုတ်ပါဘူးး

-ကိုယ့်ကို အရမ်းမှီခိုလွန်းတဲ့ မိန်းကလေး။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘာမှ မဆုံးဖြတ်နိုင်တာကြောင့် ဒီလိုမိန်းကလေးနဲ့ လက်တွဲမယ်ဆိုရင် ကိုယ်ရှေ့ဆက်သွားမယ့်လမ်းမှာ ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လာစေနိုင်ပါတယ်။

-ကိုယ့်အပေါ် မေတ္တာရှိလို့မဟုတ်ဘဲ ကိုယ့်စည်းစိမ်ကို မက်လို့လာတဲ့သူတွေ မစဉ်းစားပါနဲ့။ ကိုယ့်ငွေတွေကို သူတို့ငွေလို အသုံးချချင်တဲ့ အချိန်ကျမှလာပြီး သူတို့လိုချင်တာရတာနဲ့ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ပြန်ထွက်သွားမယ့် မိန်းမတွေဖြစ်ပါတယ်။

-အပျော်အပါးမက်လွန်းတဲ့မိန်းကလေးတွေကတော့ အချစ်ရေးအဆင်ပြေပြေနဲ့ အောင်မြင်အောင် ထိန်းသိမ်းဖို့ထက် သူတို့ပျော်ဖို့ကိုပဲ စိတ်ဝင်စားတဲ့သူတွေဖြစ်တာကြောင့် ရေရှည်လက်တွဲမယ်ဆိုရင် စဉ်းစားသင့်တဲ့သူတွေဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*