ညမအိပ် ခင် ရှောင်ရှား သင့်သော အစား အစာ များ

ညအိပ်ချိန်နီးနေတဲ့ အချိန်မှာ အစာစားခြင်းဟာ ရေရှည်အတွက် ကောင်းတဲ့အလေ့အကျင့်တစ်ခုမဟုတ်ပါဘူး။ နေ့ခင်းဖက်တွေမှာ ကလီစာတွေက တစ်နေကုန်အလုပ်လုပ်ထားရတာကြောင့် ညဖက်တွေမှာ အနားယူဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ အစာစားထားမယ်ဆိုရင် အစာခြေစ နစ်ကို ထိခိုက်စေပါတယ်။ ဒီလိုဖြစ်တာ ကြာလာ တာနဲ့အမျှ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေ လာနိုင်ပါတယ်။ ဒါကြောင့် တတ်နိူင်သမျှ ညအိပ်ယာ ဝင်ချိန်နဲ့ နီးကပ်စွာ အစာစားခြင်းကို ရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။

တကယ်လို တခုခုစားချင်တယ် ဆိုရင်လည်း အခု kwee page က ပြောပြတဲ့ အစားအစာတွေကို ညအိပ်ယာမဝင်မီ မစားဖို့ အကြံပြုပါရစေ။

အဆီများ တဲ့ အစားအစာတွေ

အဆီဓာတ်နှင့် ကယ်လိုရီပမာဏ ပါဝင်မှုနှုန်းမြင့်မား တဲ့ ဟင်းအဆီ အနှစ်တွေ၊ အားလူကြော်၊ ကြက်ကြော် စတဲ့ အကြော်အလှော်တွေ ကို ရှောင်စားပေးသ င့်ပါတယ်။ အဆီစားသုံးမှုများရင် မအီမသာ ဖြစ်ပြီး ညအိပ်မပျော်ဘဲ ဖြစ်သွားတတ်ပါတယ်။

ရေခဲမုန့်

ရေခဲမုန့် ဟာ တော် သင့်ရုံလောက် စားရင် ကျန်းမာရေး အတွက်သိပ်ပြီး ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ရေခဲမုန့်ထဲ မှာ နို့ထွက်ပစ္စည်းနဲ့ သကြားဓာတ်တွေ အများကြီး ပါဝင်နေ ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ကယ်လိုရီပမာဏ အတော်အတန် ပါဝင်တာကြောင့် အိပ်ခါနီး စားဖို့မ သင့်ပါဘူး။

ကဖိန်း ဓာတ်ပါဝင်တဲ့ အစားအစာတွေ

ကဖိန်းဓာတ်ဟာ ဦးနှောက်အာရုံကြောတွေကို တက်ကြွအောင် လှုံ့ဆော်ပေးတဲ့အတွက် ညမအိပ်ဘဲ အလုပ် လုပ် အများစု စားသောက်တတ်ကြပါတယ်။ ဒါပေမယ့် ရေရှည်စားသောက်မယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ချောကလက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါအအေးတွေမှာ ကဖိန်းဓာတ် ပါဝင်မှု များ တာကြောင့် အိပ်ချိန်နဲ့ နီးကပ်စွာ စားသောက်ခြင်းမှ ရှောင်ရှား သင့်ပါတယ်။

ပရိုတင်းပါဝင်မှုများတဲ့ အစားအစာတွေ

ပရိုတင်းဓာတ်ဟာ အစာချေဖျက်ဖို့ အချိန် အကြာကြီးပေးရတဲ့ အတွက် အိပ်ချိန်နဲ့ နီးကပ်အောင် စားမိလိုက် တဲ့အခါ ဗိုက်ထဲမှာ စားထားသမျှ ချေဖျက်နေရတဲ့ အတွက်ကြောင့် အိပ်ချိန်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ခါနီးရှောင်ရှား သင့်တဲ့ အစားအစာတွေထဲမှာ ပရိုတင်းပါဝင်မှုနှုန်းများတဲ့ အစားအစာတွေ လည်း ပါဝင် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*