ကျန်းမာရေး အတွက် စားသုံးဖို့ မသင့်တော်တဲ့ ငါး အမျိုး အစား ၅ မျိုး

အချို့သော ငါးအမျိုးအစားတွေက ခန္ဓွာကိုယ် အတွက် ဆိုးကျိုးတွေဖြစ်စေနိုင် ပါတယ်။ ငါးစားသုံးခြင်းဟာခန္ဓာကိုယ် ကျန်းမာရေးကိုကောင်းမွန်စေပြီးလူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရ ဓာတ် တွေကို ပေးစွမ်းစေနိုင်ပါတယ်။

ဒါပေမယ့် အချို့သောငါး အမျိုးအစားတွေကတော့ ခန္ဓွာကိုယ်အတွက် ကောင်း ကျိုးထက်ဆိုးကျိုး ကိုသာဖြစ်စေနိုင်တာ ကြောင့်စားသုံးဖို့မသင့်တော်တဲ့ငါးအမျိုးအစားတွေကိုဖော်ပြပေးလိုက်ရပါတယ်။

(၁) ငါးကင် ဆိုင်တွေ မှာအများဆုံး အသုံးပြုပြီးတလားဗီးယားလို့ လူသိများကြတဲ့ငါးဟာပရိုတိန်းပါဝင်မှုနည်းပါး သလို Omega 3 Fatty Acid လည်းမပါဝင်သလောက်ကိုနည်းပါးပါတယ်။ ကင်ဆာဖြစ်စေတဲ့ Dioxin Level မြင့်မားစွာ ပါဝင်တာကြောင့်များများ စားသုံးခြင်း ကိုရှောင်ကြဉ် သင့်ပါတယ်။

(၂) အရွယ်အစားကြီးကြီးနဲ့ ဖွံဖြိုးလှတဲ့ ငါးခူတွေဟာကြီးထွားမှု နှုန်းမြင့်အောင် ဟော်မုန်းတွေအမြောက်အများ ကျွေး ပြီးမွေးမြူထားတာဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။သဘာဝငါးခူတွေမှာသာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုဖြည့်တင်းပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့်သဘာဝ ငါးခူမျိုးကိုသာရွေးချယ်စား သုံးသင့်ပါတယ်။

(၃) ငါးရှဉ့်ဟာသူ့သဘာဝကို ကညစ်ပတ်တဲ့နေရာတွေမှာ ကျက်စားတာဖြစ်တာကြောင့် ပြဒါးဓာတ်တွေအများအပြား ပါဝင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အဆီဓာတ်မပါဝင်ဘဲ ခန္ဓာကိုယ် အတွက်အန္တရာယ်ရှိစေတဲ့ အဆီဓာတ်သာပါဝင် တာကြောင့်ချင့်ချိန်စားသုံးသင့်ပါတယ်။

(၄) ဆူရှီပြုလုပ်တဲ့ အခါအသုံးပြုတဲ့ ဒေါ် လာငါး အမျိုးအစားတွေမှာဖယောင်း ဓာတ်အများအပြားပါဝင်တာကြောင့် အစာအိမ်ရဲ့ အစာခြေစနစ်ကို နှောင့်နှေးစေနိုင်ပါတယ် ။အစာအိမ် ရောဂါရှိသူတွေစားသုံး ဖို့မသင့်တော်တဲ့ ငါးအမျိုးအစားပဲဖြစ်ပါတယ်။

(၅) မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ တူနာငါးတွေဟာ ဒီကနေ့ခေတ် မှာတော့ သဘာဝတူနာငါးမျိုး ကို တွေ့ဖို့ခဲယဉ်းသွားပါပြီ။ ဟော်မုန်းတွေ အလွန်အကျွံ တိုက်ကျွေးထားတဲ့ တူနာငါးမျိုးတွေသာ ရှိတော့တာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*