“ဆော်ဒီဆိုရင် ရေနံပဲထွက်တာ” လို့ တစ်သက်လုံး မှတ်ထားကြ တုန်းပဲလား အခု မဟုတ်တော့ပါဘူး

“ဆော်ဒီဆိုရင် ရေနံပဲထွက်တာ” လို့ တစ်သက်လုံး မှတ်ထားကြ တုန်းပဲလား၊ အခု မဟုတ်တော့ပါဘူး

ဆော်ဒီက ပုဇွန်မွေးမြူရေး။ ကျနော်တို့မျက်စိဖွင့်ပြီးအလုပ်လုပ်ကြဖို့ “National Vision 2030” လိုမျိုး Plan ချဖို့ ဒီစာကို ရေးပါတယ်။ တရုတ်က ဆော်ဒီအာရေးဗီးယားက ပုဇွန်တင်သွင်းမှု ကို ယာယီ ဘန်းထားကြောင်း ရေးတော့ “တရုတ်ကိုဆော်ဒီက အေးခဲပုဇွန်ပို့တယ် မနောက်ပါနဲ့” လို့

ကွန်မန့်မှာ ရေးလာသူ တွေ့ရပါတယ်။ အဲ့ဒီတော့မှ ကျနော်တို့ မြန်မာတွေ အတော် အိပ်ပျော်နေ ပါလားဆိုပြီး အံ့ဩသွားပါတယ်။ “ဆော်ဒီဆိုရင် ရေနံပဲ ထွက်တာ လို့ တစ်သက်လုံး မှတ်ထားကြပုံ ပေါ်ပါတယ်။ တကယ်တော့ ဆော်ဒီလို ရေနံနဲ့သုံးမကုန်တဲ့ နိုင်ငံတောင်မှ သယံဇာတကို မမှီခိုဖို့

ကြိုးစား နေတာကြာပြီဗျ ဆော်ဒီဟာ နိုင်ငံပေါင်း ၃၂ နိုင်ငံကို အေးခဲပုဇွန်တွေပို့ပါတယ်။ ဆော်ဒီဟာ fish stock ရေထွက်ပစ္စည်းကို နိုင်ငံတော်ရဲ့စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှု မဟာဗျူဟာဒေါက် တိုင်ကြီးတစ်ခု (one of the strategic pillars of economic and social development) အ

ဖြစ်သတ်မှတ်ထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးကို ပုဇွန်တန်ချိန်ပေါင်း ၂ သိန်း တင်ပို့ဖို့ရည်ရွယ် ထားပါတယ်။ အဲ့ဒီလိုပို့နိုင်ဖို့ တစ်နေ့ကို တန်ချိန် ၅၅၀ လောက်ထွက် မှရမှာပါ။ ငါးနှစ်အ တွင်း ပုဇွန်တန်ချိန် ၆ သိန်း ထွက်စေဖို့ ဒေါ်လာသန်း ၄၀၀ ကို ရင်းနှီးမြှုပ်နှံပြီး Plan ချလုပ်ကိုင်

နေပါတယ်။ ပုဇွန်တင် မဟုတ်ဘူး။ ရေငန်မျှော့ sea cucumber ရော၊ အခြား ရေထွက် ပစ္စည်းတွေပါ တင်ပို့ဖို့လုပ်ဆောင် နေပါတယ်။ ရေနံမရှိတော့တဲ့ တစ်နေ့အတွက် နှစ်ပေါင်းများစွာ ကတ ည်းက (၁) အလုပ်အကိုင် တွေရရှိရေး၊ (၂) နိုင်ငံ့ဝင်ငွေရရှိရေး၊ (၃) အစားအသောက် ဖူလုံမှုရှိစေရေး အဲ့ဒီသုံးချက်နဲ့ Plan ချလုပ်ဆောင်နေတာပါ။ “သံယဇာတတွေ မရှိတော့မယ့် တစ်နေ့ကို ကြိုတင် ပြင်ဆင်ထားပြီး သားပါ။” ကျနော်တို့ထင်ထားသလို ဆော်ဒီတွေက အိပ်ပျော်မနေပါဘူး။ တကယ်အိပ်ပျော်နေတာက ကျနော်တို့ပါ။ကဲ… ဆော်ဒီ ပုဇွန်မွေးမြူရေး စတင်ခဲ့ပုံ လေးကို

ပြောပြပါမယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ နီးပါး ၁၉၇၀ ကျော်က ဆော်ဒီက အင်ဂျင်နီယာလေး တယော က်ဟာ ဖိလစ်ပိုင်ကို ဆောက်လုပ်ရေး လုပ်ငန်းသုံး လုပ်သားတွေ ငှားရမ်းဖို့ရာ သွားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ရှိနေတုန်း စားသောက်ဆိုင် တဆိုင် ရဲ့ menu ထဲမှာ Red sea shrimp ကိုတွေ့လိုက်

ပါတယ်။ အဲ့ဒီမှာ ငါတို့ ဆော်ဒီအာရေးဗီးယား ရဲ့ Red sea coast line တစ်လျှောက် ပုဇွန်မွေးမြူ ရေးလုပ်နိုင်ရင် ကောင်းမှာပဲလို့ ဖောက်ထွက်ကာစဉ်းစားခဲ့ပါတယ်။ “Vision” – အနာဂတ် အတွ က် အမြင်ဟာ အသက်ပါ။ Company တစ်ခုမှာလည်း ထို့အတူပါပဲ။ အမြင်မရှိတဲ့လူတွေ အစိုးရ

အဖွဲ့ထဲရောက် နေရင် တိုင်းပြည်ဟာ မတိုးတက်ပဲ နောက်ကျ ကျန်ခဲ့ပါတယ်။ ကျနော်ကမျက်မြင်ကိုယ်တွေ့ကို ကြုံဖူးတာပါ။ အဲ့ဒီ အနာဂတ် အတွ က် အမြင်ရှိတဲ့လူငယ် အင်ဂျင်နီယာ လေးရဲ့ အိမ် မက်ဟာ ဒီကနေ့မှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ ကြီးဆုံး ရေလုပ်ငန်း ဖြစ်လာပြီး National

Aquaculture Group ကြီးပေါ်ပေါက် လာခဲ့ပါတယ်။ တိုင်းပြည်အတွက် လည်းအလွန် အကျိုးရှိတယ်။ တည်ထောင်ခဲ့သူ အတွက်လည်း အလွန် အကျိုးရှိတယ်။ ပြည်သူလူထု အတွက်လည်း အ လုပ်အကိုင်ရပြီး အကျိုးရှိတယ်။ ကမ္ဘာအနှံ့က စားသုံးသူ တွေအတွက်လည်း စားနပ်ရိက္ခာ ဖူလုံပြီး အကျိုးရှိတဲ့အတွက် အဖက်ဖက်က အကျိုး ကျေးဇူး ကြီးမားတဲ့ လုပ်ငန်းမျိုးပါ။ Saudi Kingdom ရဲ့ Vision 2030 ရဲ့ Economic and social development roadmap နဲ့လဲကိုက်ညီပါတယ်။ Self-efficiency and food security ဆိုတာက ၂၁ ရာစုမှာ တိုးပွားလာတဲ့ လူဦးရေနဲ့

တွက်ပြီး နိုင်ငံတိုင်းက စိုးရိမ်နေတဲ့အရာပါ။ အခုလို အောင်မြင် လာဖို့အတွက် ခုရေတွင်း တူးပြီး အခုရေကြည် မထွက်ခဲ့ပါဘူး။ အနာဂတ်အတွက် Vision ချပြီး ဘာအခက်အခဲရှိရှိ လက်မလျော့ပဲကြိုးစားဖြတ် သန်းခဲ့ရတာပါ။ မသိတာ မတတ်တာတွေကို သင်ယူခဲ့ရ တာတွေ၊ ပေးဆပ်ခဲ့ရတာ

တွေလည်းအများကြီးပါ။ ၁၉၈၂ ကနေ ၁၉၈၇ ခုနှစ်အထိ ပုဇွန်မွေးမြူရေး ဖြစ်နိုင်ခြေ အတွက်ကို လေ့လာခဲ့ ပါတယ်။ မျိုးမတူတဲ့ ပုဇွန်တွေကို စမ်းသပ်မွေးမြူ ကြည့်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Indian white shrimp ကိုပထမဦးဆုံး အောင်အောင် မြင်မြင် မွေးမြူနိုင်ခဲ့ ပါတယ်။ ၁၉၈၅ ခု

နှစ်မှာ Penaeus semisulcatus shrimp ကိုမွေးမြူနိုင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကျမှ ဥရောပနိုင်ငံတွေကို ပုဇွန်စပို့ နိုင်ခဲ့ပါတယ်။ အဲ့ကအောင် မြင်မှုတွေ ဆက်တိုက်ရ လာပါတယ်။ အောင်မြင်မှုသို့သွားရာ လမ်းဟာအမြဲတမ်း ချောမွတ်ဖြောင့် ဖြူးနေတာတော့ မဟုတ်ပါဘူး။ ၂၀၁၁မှာ white

spot syndrome virus (WSSV) outbreak လိုမျိုးတွေ ဖြစ်ခဲ့ဖူးပါ တယ်။ သဘာဝ ပင်လယ်ထဲက ပုဇွန်တွေက WSSV ဗိုင်းရပ်စ်ဟာ ဆောင်းတွ င်းကာလမှာ တောင်ကနေ မြောက်ကိုစီးတဲ့ရေ စီးကြောင်းနဲ့ အတူပါလာပြီး ပုဇွန်မွေတဲ့ ကန်တွေမှာ ရောဂါ အကြီးအကျယ် ဖြစ်ခဲ့ဖူးပါတယ်။ အခုလို

အခက် အခဲတွေကို ဖြတ်သန်းပြီးနောက် ဆော်ဒီအာရေးဗီးယားဟာ အာရှကက်ကတစ်၊ ဥရောပကက်တစ် နဲ့အခြားငါးမျိုးတွေ sea cucumber နဲ့ sea algae တွေကိုပါ မွေးမြူနေပါပြီ Shrimp hatchery တွေ၊ nursing units တွေ၊ shrimp-farming tanks ကြီးတွေနဲ့ တစ်ဆင့်ချင်း ပရော

ဂျက်ချကာ တိုးချဲ့လာခဲ့ တာဖြစ်ပါတယ် ကျနော်တို့ ဒီအတိုင်းသာ ဆက်လက် အိပ်ပျော် နေခဲ့ရင် တစ်နေ့ကျရင် ကျနော်တို့စားတဲ့ ကက်ကတစ်ဟာ ဆော်ဒီကလာတဲ့ ကက်ကတစ် ဖြစ်သွားနိုင်တာကို သတိပြုပါ။ ပထဝီထဲက ပါတာဆိုရင် အသေကျက် မှတ်ခဲ့ရတာမျိုး တွေကို ပြောင်းလဲ သင့်ပါ

ပြီ။ ဆော်ဒီသည် ရေနံထွက်သည် ဆိုတာအပြင် ဂူလ်ဂဲ နဲ့ရှာဖွေရာတွင် ပုဇွန်နှင့်ငါးများစွာတင်ပို့ပါသည်လို့ ထည့်ရေးနိုင်သူမျိုးကို ဂုဏ်ထူးပေးရမယ့်ခေတ်ကို ရောက်လာပါပြီ။ မြန်မာပြည်မှာလဲ မရှိတော့မယ့် သယံဇာတတွေကို ကလေးတွေ အ ခုထိ byheart ကြက်တူရွေးကျက် ကျက်မှတ်ရ

တုန်း ထင်ပါတယ်။ ခုလောက်ဆိုရင် နိုင်ငံတစ်နိုင်ငံတည်ဆောက်ဖို့ “To build a Nation”အတွက် Vision, Mission, Action Plan တွေကိုချဖို့၊ လူ ငယ်တွေရဲ့ အနာဂတ်ကို ကြိုမြင်ထားတဲ့ Vision တွေကို အစိုးရတာဝန် ရှိသူတွေက နိုင်ငံအတွက်

အသက်တစ်မျှ အရေးကြီး တာကို သိမြင်ပြီးအ သိအမှတ်ပြု မြေတောင်မြှောက် ပေးဖို့လိုအပ်ကြောင်း သဘောပေါက် လောက်ပြီ ထင်ပါတယ်လ။ စာကိုရင်ဘတ်နဲ့ ရေးပါတယ် (Richard Myo Thant)

(Unicode version) “ဆော်ဒီဆိုရင် ရေနံပဲထွက်တာ” လို့ တစ်သက်လုံး မှတ်ထားကြ တုန်းပဲလား၊ အခု မဟုတ်တော့ပါဘူး

ဆော်ဒီက ပုဇွန်မွေးမြူရေး။ ကျနော်တို့မျက်စိဖွင့်ပြီးအလုပ်လုပ်ကြဖို့ “National Vision 2030” လိုမျိုး Plan ချဖို့ ဒီစာကို ရေးပါတယ်။ တရုတ်က ဆော်ဒီအာရေးဗီးယားက ပုဇွန်တင်သွင်းမှု ကို ယာယီ ဘန်းထားကြောင်း ရေးတော့ “တရုတ်ကိုဆော်ဒီက အေးခဲပုဇွန်ပို့တယ် မနောက်ပါနဲ့” လို့

ကွန်မန့်မှာ ရေးလာသူ တွေ့ရပါတယ်။ အဲ့ဒီတော့မှ ကျနော်တို့ မြန်မာတွေ အတော် အိပ်ပျော်နေ ပါလားဆိုပြီး အံ့ဩသွားပါတယ်။ “ဆော်ဒီဆိုရင် ရေနံပဲ ထွက်တာ လို့ တစ်သက်လုံး မှတ်ထားကြပုံ ပေါ်ပါတယ်။ တကယ်တော့ ဆော်ဒီလို ရေနံနဲ့သုံးမကုန်တဲ့ နိုင်ငံတောင်မှ သယံဇာတကို မမှီခိုဖို့

ကြိုးစား နေတာကြာပြီဗျ ဆော်ဒီဟာ နိုင်ငံပေါင်း ၃၂ နိုင်ငံကို အေးခဲပုဇွန်တွေပို့ပါတယ်။ ဆော်ဒီဟာ fish stock ရေထွက်ပစ္စည်းကို နိုင်ငံတော်ရဲ့စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှု မဟာဗျူဟာဒေါက် တိုင်ကြီးတစ်ခု (one of the strategic pillars of economic and social development) အ

ဖြစ်သတ်မှတ်ထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးကို ပုဇွန်တန်ချိန်ပေါင်း ၂ သိန်း တင်ပို့ဖို့ရည်ရွယ် ထားပါတယ်။ အဲ့ဒီလိုပို့နိုင်ဖို့ တစ်နေ့ကို တန်ချိန် ၅၅၀ လောက်ထွက် မှရမှာပါ။ ငါးနှစ်အ တွင်း ပုဇွန်တန်ချိန် ၆ သိန်း ထွက်စေဖို့ ဒေါ်လာသန်း ၄၀၀ ကို ရင်းနှီးမြှုပ်နှံပြီး Plan ချလုပ်ကိုင်

နေပါတယ်။ ပုဇွန်တင် မဟုတ်ဘူး။ ရေငန်မျှော့ sea cucumber ရော၊ အခြား ရေထွက် ပစ္စည်းတွေပါ တင်ပို့ဖို့လုပ်ဆောင် နေပါတယ်။ ရေနံမရှိတော့တဲ့ တစ်နေ့အတွက် နှစ်ပေါင်းများစွာ ကတ ည်းက (၁) အလုပ်အကိုင် တွေရရှိရေး၊ (၂) နိုင်ငံ့ဝင်ငွေရရှိရေး၊ (၃) အစားအသောက် ဖူလုံမှုရှိစေရေး အဲ့ဒီသုံးချက်နဲ့ Plan ချလုပ်ဆောင်နေတာပါ။ “သံယဇာတတွေ မရှိတော့မယ့် တစ်နေ့ကို ကြိုတင် ပြင်ဆင်ထားပြီး သားပါ။” ကျနော်တို့ထင်ထားသလို ဆော်ဒီတွေက အိပ်ပျော်မနေပါဘူး။ တကယ်အိပ်ပျော်နေတာက ကျနော်တို့ပါ။ကဲ… ဆော်ဒီ ပုဇွန်မွေးမြူရေး စတင်ခဲ့ပုံ လေးကို

ပြောပြပါမယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ နီးပါး ၁၉၇၀ ကျော်က ဆော်ဒီက အင်ဂျင်နီယာလေး တယော က်ဟာ ဖိလစ်ပိုင်ကို ဆောက်လုပ်ရေး လုပ်ငန်းသုံး လုပ်သားတွေ ငှားရမ်းဖို့ရာ သွားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ရှိနေတုန်း စားသောက်ဆိုင် တဆိုင် ရဲ့ menu ထဲမှာ Red sea shrimp ကိုတွေ့လိုက်

ပါတယ်။ အဲ့ဒီမှာ ငါတို့ ဆော်ဒီအာရေးဗီးယား ရဲ့ Red sea coast line တစ်လျှောက် ပုဇွန်မွေးမြူ ရေးလုပ်နိုင်ရင် ကောင်းမှာပဲလို့ ဖောက်ထွက်ကာစဉ်းစားခဲ့ပါတယ်။ “Vision” – အနာဂတ် အတွ က် အမြင်ဟာ အသက်ပါ။ Company တစ်ခုမှာလည်း ထို့အတူပါပဲ။ အမြင်မရှိတဲ့လူတွေ အစိုးရ

အဖွဲ့ထဲရောက် နေရင် တိုင်းပြည်ဟာ မတိုးတက်ပဲ နောက်ကျ ကျန်ခဲ့ပါတယ်။ ကျနော်ကမျက်မြင်ကိုယ်တွေ့ကို ကြုံဖူးတာပါ။ အဲ့ဒီ အနာဂတ် အတွ က် အမြင်ရှိတဲ့လူငယ် အင်ဂျင်နီယာ လေးရဲ့ အိမ် မက်ဟာ ဒီကနေ့မှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ ကြီးဆုံး ရေလုပ်ငန်း ဖြစ်လာပြီး National

Aquaculture Group ကြီးပေါ်ပေါက် လာခဲ့ပါတယ်။ တိုင်းပြည်အတွက် လည်းအလွန် အကျိုးရှိတယ်။ တည်ထောင်ခဲ့သူ အတွက်လည်း အလွန် အကျိုးရှိတယ်။ ပြည်သူလူထု အတွက်လည်း အ လုပ်အကိုင်ရပြီး အကျိုးရှိတယ်။ ကမ္ဘာအနှံ့က စားသုံးသူ တွေအတွက်လည်း စားနပ်ရိက္ခာ ဖူလုံ

ပြီး အကျိုးရှိတဲ့အတွက် အဖက်ဖက်က အကျိုး ကျေးဇူး ကြီးမားတဲ့ လုပ်ငန်းမျိုးပါ။ Saudi Kingdom ရဲ့ Vision 2030 ရဲ့ Economic and social development roadmap နဲ့လဲကိုက်ညီပါတယ်။ Self-efficiency and food security ဆိုတာက ၂၁ ရာစုမှာ တိုးပွားလာတဲ့ လူဦးရေနဲ့

တွက်ပြီး နိုင်ငံတိုင်းက စိုးရိမ်နေတဲ့အရာပါ။ အခုလို အောင်မြင် လာဖို့အတွက် ခုရေတွင်း တူးပြီး အခုရေကြည် မထွက်ခဲ့ပါဘူး။ အနာဂတ်အတွက် Vision ချပြီး ဘာအခက်အခဲရှိရှိ လက်မလျော့ပဲကြိုးစားဖြတ် သန်းခဲ့ရတာပါ။ မသိတာ မတတ်တာတွေကို သင်ယူခဲ့ရ တာတွေ၊ ပေးဆပ်ခဲ့ရတာ

တွေလည်းအများကြီးပါ။ ၁၉၈၂ ကနေ ၁၉၈၇ ခုနှစ်အထိ ပုဇွန်မွေးမြူရေး ဖြစ်နိုင်ခြေ အတွက်ကို လေ့လာခဲ့ ပါတယ်။ မျိုးမတူတဲ့ ပုဇွန်တွေကို စမ်းသပ်မွေးမြူ ကြည့်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Indian white shrimp ကိုပထမဦးဆုံး အောင်အောင် မြင်မြင် မွေးမြူနိုင်ခဲ့ ပါတယ်။ ၁၉၈၅ ခု

နှစ်မှာ Penaeus semisulcatus shrimp ကိုမွေးမြူနိုင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကျမှ ဥရောပနိုင်ငံတွေကို ပုဇွန်စပို့ နိုင်ခဲ့ပါတယ်။ အဲ့ကအောင် မြင်မှုတွေ ဆက်တိုက်ရ လာပါတယ်။ အောင်မြင်မှုသို့သွားရာ လမ်းဟာအမြဲတမ်း ချောမွတ်ဖြောင့် ဖြူးနေတာတော့ မဟုတ်ပါဘူး။ ၂၀၁၁မှာ white

spot syndrome virus (WSSV) outbreak လိုမျိုးတွေ ဖြစ်ခဲ့ဖူးပါ တယ်။ သဘာဝ ပင်လယ်ထဲက ပုဇွန်တွေက WSSV ဗိုင်းရပ်စ်ဟာ ဆောင်းတွ င်းကာလမှာ တောင်ကနေ မြောက်ကိုစီးတဲ့ရေ စီးကြောင်းနဲ့ အတူပါလာပြီး ပုဇွန်မွေတဲ့ ကန်တွေမှာ ရောဂါ အကြီးအကျယ် ဖြစ်ခဲ့ဖူးပါတယ်။ အခုလို

အခက် အခဲတွေကို ဖြတ်သန်းပြီးနောက် ဆော်ဒီအာရေးဗီးယားဟာ အာရှကက်ကတစ်၊ ဥရောပကက်တစ် နဲ့အခြားငါးမျိုးတွေ sea cucumber နဲ့ sea algae တွေကိုပါ မွေးမြူနေပါပြီ Shrimp hatchery တွေ၊ nursing units တွေ၊ shrimp-farming tanks ကြီးတွေနဲ့ တစ်ဆင့်ချင်း ပရော

ဂျက်ချကာ တိုးချဲ့လာခဲ့ တာဖြစ်ပါတယ် ကျနော်တို့ ဒီအတိုင်းသာ ဆက်လက် အိပ်ပျော် နေခဲ့ရင် တစ်နေ့ကျရင် ကျနော်တို့စားတဲ့ ကက်ကတစ်ဟာ ဆော်ဒီကလာတဲ့ ကက်ကတစ် ဖြစ်သွားနိုင်တာကို သတိပြုပါ။ ပထဝီထဲက ပါတာဆိုရင် အသေကျက် မှတ်ခဲ့ရတာမျိုး တွေကို ပြောင်းလဲ သင့်ပါ

ပြီ။ ဆော်ဒီသည် ရေနံထွက်သည် ဆိုတာအပြင် ဂူလ်ဂဲ နဲ့ရှာဖွေရာတွင် ပုဇွန်နှင့်ငါးများစွာတင်ပို့ပါသည်လို့ ထည့်ရေးနိုင်သူမျိုးကို ဂုဏ်ထူးပေးရမယ့်ခေတ်ကို ရောက်လာပါပြီ။ မြန်မာပြည်မှာလဲ မရှိတော့မယ့် သယံဇာတတွေကို ကလေးတွေ အ ခုထိ byheart ကြက်တူရွေးကျက် ကျက်မှတ်ရ

တုန်း ထင်ပါတယ်။ ခုလောက်ဆိုရင် နိုင်ငံတစ်နိုင်ငံတည်ဆောက်ဖို့ “To build a Nation”အတွက် Vision, Mission, Action Plan တွေကိုချဖို့၊ လူ ငယ်တွေရဲ့ အနာဂတ်ကို ကြိုမြင်ထားတဲ့ Vision တွေကို အစိုးရတာဝန် ရှိသူတွေက နိုင်ငံအတွက်

အသက်တစ်မျှ အရေးကြီး တာကို သိမြင်ပြီးအ သိအမှတ်ပြု မြေတောင်မြှောက် ပေးဖို့လိုအပ်ကြောင်း သဘောပေါက် လောက်ပြီ ထင်ပါတယ်လ။ စာကိုရင်ဘတ်နဲ့ ရေးပါတယ် (Richard Myo Thant ) မူးရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*