သင် ဒီ စာလေး ဖတ်ပြီး ရင် မင်းကွတ်သီး အခွံ ကို ဘယ်တော့ မှ လွှင့်ပစ်တော့ မှာ မဟုတ်ဘူး

မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံး ဝင် လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

ဝမ်းပျက် ဝမ်းလျှော ရောဂါ အတွက် မင်းကွတ်သီး အခွံကို တစ်ည ရေ စိမ်ပြီး ထို အရည် အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြု ရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများ အတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မင်းကွတ်သီးရဲ့ အခွံကို ဘယ်လို နေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ ဆိုတာ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ အခွံတွေကို လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။

မင်းကွတ်သီးအခွံကို နေ့လှန်း၍ သိမ်းထား ပြီးနောက် ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် ပြုတ်သောက်နိုင်ပါတယ်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။

မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ ရောဂါများအတွက် မင်းကွတ်သီးခွံ ပြုတ်ရည်ကို လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် တစ်နေ့ လေးကြိမ် သောက်ပေးနိုင်ပါတယ်။

သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများအတွက် မင်းကွတ်သီးခွံ ကို တမာ၊ မာလကာခေါက်၊ လေးညှင်းပွင့်တို့နဲ့ ရောစပ် ကျိုချက်ပြီး မကြာခဏ ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

အနာပေါက်ရောဂါများအနေနဲ့ မင်း ကွတ်သီးခွံ ပြုတ်ရည် ကို ဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါမယ်။

လိပ်ခေါင်းသမားတွေအနေနဲ့ မင်းကွတ်သီးခွံ ပြုတ်ရည်ကို ကျောက်ချဉ် အနည်းငယ်ထည့် ပြီး ဖန်ထိုင်ပေးခြင်းဖြစ်လည်း သက်သာစေပါတယ်။

ပွေး ၊ဝဲ၊ ဝက်ခြံ၊ နေလောင်ကွက်၊ အင်ပျဉ် တွေအတွက်လည်း မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးခြင်ဖြင့် အသားအရေကို နူးညံ့စိုပြေစေမှာ ဖြစ်ပါတယ်။

မင်းကွတ်သီးခွံ ပြုတ်ရည်က

ပင်ပန်းနွမ်းနယ်မှုကို ခုခံကာကွယ်ပေးခြင်း။

အဖုအကျိတ်ကင်ဆာရောဂါတွေ ကိုလည်း ခုခံကာကွယ်နိုင်ပေးခြင်း။

အိုမင်းရင့်ရော်မှုကို ကာကွယ်စေခြင်း။

သွေးတိုးကိုလည်းကျစေခြင်း။

ဓာတ်တိုးမှုကိုလည်း တိုက်ဖျက်ပေးခြင်း။

သွေးတွင်းသကြားဓာတ်များ ကိုလည်းလျော့ကျစေခြင်း။

အဝလွန်ခြင်းကို ကာကွယ်စေပြီး ကိုယ်အလေးချိန်ကို ကျစေခြင်း။

သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး)မကပ်အောင် ကာကွယ်ပေးခြင်း။

နှလုံးနှင့်ဆက်စပ်သည့်ရောဂါများမဖြစ်အောင် ကာကွယ်ပေးခြင်း။

အရိုးအဆစ်ရောင် ရမ်းနာကျင်မှုပျောက် ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေးခြင်း၊

သွားဖုံးနှင့်ခံတွင်းဆိုင်ရာ ရောဂါ များ ပျောက်ကင်းစေခြင်း။

စတာတွေကိုလည်း အထောက် အကူ ဖြစ်စေပါတယ်။

မင်းကွတ်သီး အခွံကို ကျန်းမာရေး အတွက် ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ မင်းကွတ်သီးကို စားပြီး တဲ့အခါ မင်းကွတ်သီး ခွံကို ရေစင်အောင် ဆေးပြီး နေပူမှာ ခြောက်သွေ့အောင် လှန်းပါ။

အခွံခြောက်သွေ့သွားပြီ ဆိုမှ သန့်စင် ခြောက်သွေ့သော ပလတ်စတစ်ဘူး (သို့မဟုတ်) ဖန်ဘူးမှာထည့် ပြီး အေး၍ ခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်း ထားသင့် ပါတယ်။

ဆေးဝါး အဖြစ် အသုံးပြုမယ့် မင်းကွတ်သီးခွံမှာ မှိုစွဲနေတာ၊ နံနေတာ၊ ပိုး ထိုးနေတာ၊ တစ်နှစ်ထက် ပိုကြာအောင် သိမ်းဆည်းမိတာ ဆိုရင်တော့ မင်းကွတ်သီးခွံ ကို ဆေး ဝါးအနေနဲ့မသုံးစွဲသင့်ဘူး ဆိုတာကို သတိပြုသင့် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*