ခါးပိုက်နှိုက်နဲ့ ကိုယ်ခံပညာတတ်ကျွမ်းတဲ့မိန်းကလေးတို့ တွေ့ဆုံသောအခါဝယ်

လွန်ခဲ့သောရက်ပိုင်းလောက်မှာ အာဂျင်တီးနားနိုင်ငံ၊ မြို့တော်ဗျူနိုစ်အေးရစ်ရှိလမ်းမတစ်နေရာမှာ အမျိုးသမီးတစ်ဦး ဖုန်းခါးပိုက်နှိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုအမျိုးသမီးမှ

သူခိုးကို ပြန်တိုက်ခိုက်ခဲ့ကာ ရဲ လက်ထဲအပ်ဖို့ သူခိုးကို ကိုယ်တိုင်ဖမ်းချုပ်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တာပါ။အသက် ၂၀ အရွယ် “ဘရီဆာ” ဆိုသူအမျိုးသမီးသည်

သူမ အလုပ်ကဆင်းပြီးတော့ လမ်းလျှောက်လာစဉ်မှာဘဲ အမျိုးသားတစ်ဦးဟာ အနားကပ်လာပြီး သူမရဲ့လက်ထဲကနေဖုန်းကို လုယက်ကာထွက်ပြေးသွားခဲ့တာပါ။ ထိုအချိန် ဖုန်းအခိုးခံရသောသူမဟာ ဒေါသထွက်ပြီးတော့

သူခိုးနောက်ကိုလိုက်ကာ အမျိုးသမီးတစ်ဦးလို့မထင်ရလောက်အောင် သူခိုးကိုလက်စွမ်းပြထိုးကြိတ်ရိုက်နှက်ကာ သူခိုးခဗျာ မျက်နှာမှာသွေးများစွာနဲ့ ကောင်းကောင်းပညာပေးခံလိုက်ရပါတယ်နော်။ ထို့နောက်မှာ ဘေးနီးနားက

လူတွေက သူခိုးကို ဝိုင်းကူဖမ်းဆီးပေးခဲ့ကြပါတယ်။သူမ လပေါင်းများစွာ ငွေစုဆောင်းပြီး ဝယ်ထားသောဖုန်းဖြစ်၍ အရမ်းဒေါသထွက်မိတယ်ဆိုပြီး၊

MMA ကိုယ်ခံပညာသင်ကြားဖူးတာကြောင့်လည်း ကြောက်ရွံ့မနေဘဲ ကိုယ့်ကိုယ်ကိုပြန်လည်ကာကွယ် လက်တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားရာနေရာသို့ ရဲများရောက်လာသည့်တိုင် သူမကိုယ်တိုင်သူခိုးကို အလွှတ်မခံဘဲ ဖမ်းချုပ်ပေးထားတာ ဖြစ်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*