မြန်မာအမျိုးသမီးလက္ခဏာစုများ (Myanmar women’s syndrome)-မြန်မာအိမ်ရှင်မများ ကြုံနေရသည့် အန္တရာယ်များ

ဒီအကြောင်းကိုရေးချင်နေတာအတော်ကြာပါပြီ။မရေးဖြစ်တဲ့အကြောင်းကတော့ ဒီခေတ်မှာအထူးကုမဟုတ်တဲ့ဆရာဝန်တွေကို လူတွေက ပညာရှင် expertအဖြစ်အသိအမှတ်သိပ်မပြုကြတော့တာရယ်|အစုအဖွဲ့တခုကိုသွားပြီးရန်စလိုက်သလိုဖြစ်သွားမှာစိုးတာရယ်ကြောင့်ပါ။
syndrome ဆိုတာတူညီတဲ့မူမမှန်လက္ခဏာစုကိုခေါ်ပါတယ်။အခုခေါင်းစဥ်ကလည်း မြန်မာအမျိုး သမီးတွေရဲ့၊တူညီတဲ့သွင်ပြင်စရိုက်လက္ခဏာတွေကို၊ထောက်ပြချင်တာ။အဓီက မြန်မာအိမ်ရှင်မတွေ။

တကယ်တော့မိန်းကလေးတွေကပိုတော်တယ်ဗျ။ ဆယ်တန်းအောင်ချက်|ဂုဏ်ထူး၊အမှတ်|မြို့နယ်၊ခရိုင်တိုင်းအဆင့်၊နိုင်ငံတော်အဆင့်တွေမှာပါမိန်းကလေးတွေကထိပ်ဆုံးကအများစု။တက္ကသိုလ်မှာလည်း၊အမျိုးသားတွေက နောက်ကပါဘဲခင်ဗျာ။အလုပ်ခွင်ထဲမှာလည်းတကယ်ထက်မြက်တဲ့အမျိုးသမီးတွေ ဒုနဲ့ဒေးပါ။စာရင်းစစ်ရုံးတွေ၊ စာသင် ကျောင်းတွေ၊အထည်ချုပ်လုပ်ငန်းတွေ၊ ဆေးရုံတွေ၊ရုံးတွေ၊ကုန်တိုက်တွေရောက်သွားရင်၊အမျိုးသမီးတွေချည်းတွေ့ရမှာပါ။

ဒါဆိုရင်ကျနော်ပြောချင်တာက ဘယ်သူတွေပါလဲ။ မြန်မာအိမ်ရှင်မတွေကို ပြောချင်တာပါ။ဘယ်လိုအိမ်ရှင်မတွေလည်းဆိုတော့၊ဝင်ငွေရတဲ့အလုပ်မလုပ်ဘဲ၊ မှီခိုအဖြစ်နဲ့ဘဲနေထိုင်ပြီး၊အမြဲတမ်းအိမ်မှု ကိစ္စတွေနဲ့ဘဲ၊အချိန်ကုန်နေကြတဲ့သူတွေကိုရည်ရွယ်တာပါ။
ဘယ်လို​မြန်မာအိမ်ရှင်မတွေမှာဘယ်လိုတူညီတဲ့အချက်တွေတွေ့ရပါသလဲ။ဆေးခန်းလာတဲ့သူတွေထဲမှာ၊မြင်တွေ့ရသလောက်ပြောပြချင်တယ်။ကျနော်နေဖူးတဲ့နယ်မြို့တွေမှာ|ရွာနဲ့|မြို့ဆင်ခြေဖုံးကသူတွေကိုကြည့်လိုက်ရင်၊ယောင်္ကျားက၊လယ်သမား၊ အလုပ်သ မား၊ကျောင်းဆရာ၊စျေးသည်၊ကုန်သည်|ဝန် ထမ်း၊ဆိုက္ကားနင်း၊ဆံပင်ညှပ်ဘာဘဲဖြစ်နေနေ၊မိန်းမတွေကမှီခိုတွေဘဲ၊အိမ်မှုကိစ္စလုပ်ရင်း၊လင့်လုပ်စာတခုတည်းနဲ့ရပ်တည်ကြတယ်။

ဒါဟာ နိုင်ငံနဲ့ချီပြီးကြည့်ရင်၊တော်တော်ဆိုးပါတယ်။သူများတိုင်းပြည်ကိုမှီဖို့၊ပြင်းပြင်းထန်ထန်အလုပ်လုပ်ကြရမယ့်အချိန်မှာ၊အနည်းဆုံးမောင်တထမ်းမယ်တရွက်ဖြစ်နေရမယ်။အခုတော့ဗျာ၊မနက်မိုးလင်းတာနဲ့|ဘု ရားပန်းလဲ၊ချက်ပြုတ်၊ဆွမ်းတော်ကပ် တံမြက်စီးလှည်း၊ကလေးထိန်း၊အဝတ်လျှော်၊မီးပူထိုး|သန့်ရှင်းရေးလုပ်ဆိုတဲ့တောက်တိုမယ်ရလေးတွေဘဲ လုပ်ကြရင်း|တနေ့တာကိုဘယ်လိုမှန်းမသိကုန်ဆုံးကြရ။အဟာရမပြည့်ဝတဲ့၊မနက်စာနဲ့ထမင်း၂နပ်ကိုဘဲစားသောက်ဆေးကြောလို့၊ညကျဇတ်လမ်းတွဲတွေကြည့်|အချိန်လွန်အိပ်စက်၊ဘဝကိုခုလိုအမှတ်တမဲ့ဖြတ်သန်းနေကြသူ တွေအများကြီး။ရည်မှန်းချက်လည်းမရှိကြဘူး။

ဆေးခန်းထဲဝင်လာတာနဲ့သိလိုက်ပြီ။မျက်နှာပြဲပြဲ၊ဗိုက်ပူပူ၊လက်မောင်း ခြေ သလုံးအတုတ်ကြီးတွေနဲ့။အသက်ရှုသံကပြင်း၊ပါးစောင်မှာကွမ်းယာ။ကိုရီးယားဇတ်လမ်းတွဲကလွဲလို့တခြားဘာကိုမှစိတ်မဝင် စား မသိတဲ့ပုံမျိုး။သနပ်ခါးဘဲကျားရိုက် အဝတ်အစားကမသပ်မယပ်နဲ့ပြူးကြပ်လို့။လက်ဝတ်လက်စားကမပါတာများသလို၊ပါလည်းခပ်နည်းနည်းဘဲ။လာပြတာက အသက်ရှုမဝ၊ဇက်ကြောတက်၊ဒူးနာ၊ခါးနာ|စားပြီးတိုင်းရင်ပြည့်ပြီးနေရခက်လို့|ဗမာဆေး၊အင်္ဂလိပ်ဆေး၊အစာကြေဆေး၊အ ကိုက်အခဲပျောက်ဆေး|ဒူးနာ ခါးနာလိမ်း ဆေး၊စုတ်ပေါက်၊တောလုပ်၊တောင်လုပ် အစုံလုပ်ပြီးမှ လာကြ။

ဟော!တွေ့ပါပြီ။ဆီးချို၊သွေးတိုး အသည်းအဆီဖုံး၊နှလုံးသွေးကြောကျဉ်း၊ယူ ရစ်အက်ဆစ်များ၊တရားခံကအဝလွန်ရော ဂါ။ပင်မအကြောင်းအရင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံ။ဟင်းစားနည်း၊ထမင်းစားများ၊ကိုယ်လက် လှုပ်ရှားမှုမရှိ။ဘာဗဟုသုတမှမရှိ။

ဆေးသောက်ရုံနဲ့မရ။လူနေမှုပုံစံကိုပြင်ရမည်။ခက်တာကရှင်းပြလည်း၊သဘောမပေါက်၊စိတ်မဝင်စား၊ပျောက်ချင်တာသာလိုရင်း၊ခက်ကပြီ။ဒီလိုနဲ့အကြွေစောကြ။တကယ်ကသူတို့ကိုချည်းအပြစ်တင်လို့မရ၊နိုင်ငံရေးစနစ်မကောင်းခဲ့၍၊ပညာရေးမကောင်း၊အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ကျွမ်းကျင်မှုမရှိ၊ဒီတော့ဖြစ်သလိုနေလိုက်ကြရင်း၊ဘဝကပိုပြီးကြပ်တည်းလာကြ။ပိုပြီးဖြစ်သလိုနေကြနဲ့အဆိုးဘက်ကိုပိုပိုရောက်သွားကြတယ်။

 

ကောင်းပါပြီ မြန်မအိမ်ရှင်မ တွေရဲ့ဘဝကိုဘယ်ကစပြီးပြုပြင်ကြမလဲ။ ကျနော်ဥာဏ်မှီသလောက်ဆွေးနွေးပါဦးမယ်။

၁- ကျန်းမာရေးနဲ့ညီညွတ်ပြီး မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်သည့် အစားအသောက် ချက်ပြုတ်နည်းများကိုသင်တန်းပေးသင့်သည်။အခွံခွါတာ၊ထောင်းတာ၊လှီးတာ​ဖြတ်တာမြန်တဲ့နည်းတွေonlineမှာရှိသည်။အားလုံးကိုappတခုတည်းမှာထည့်ထားလို့ရပြီး၊လေ့လာနိုင်အောင်လုပ်ပေးရမည်။

၂-အိမ်သန့်ရှင်းရေး၊သင်တန်းပေးသင့်သည် ရှုပ်ပွသွားမှခဏခဏလိုက်သိမ်းမည့်အစား၊အမြဲတမ်း စည်းကမ်းတကျနေရာချထား တတ်အောင်သင်ပေးထားလျှင်၊အချိန်ကုန်သက်သာသည်။ကုန်ကျစားရိပ်နည်းနည်းနဲ့အိမ်အလှဆင်တာတွေ၊သစ်ပင်ပန်းပင်၊ဟင်း သီးဟင်းရွက်အလွယ်တကူစိုက်တာတွေသင်ပေးလို့ တအိမ့်တအိမ်အတုယူစေမည်။အပေါ်က အပလီကေးရှင်းတခုထဲမှာဘဲပေါင်းထည့်ထားပြီး ပြပေးထားရင်လုံ လောက်သည်။

၃- ကျန်းမာရေးလေ့ကျင့်ခဏ်း​တွေလုပ်ဖို့၊ရပ်ကွက်ထဲမှာ fan clubတွေဖွဲ့ပေးမည်။ကစားဖိုနေရာတော့လိုမည်။ဝိတ်ချပြိုင်ပွဲ၊အချက်အပြုတ်ပြိုင်ပွဲ၊အနု ပညာ အဆိုအကပြိုင်ပွဲ၊ပန်းပြိုင်ပွဲ၊ဟင်း ရွက်ခင်းပြိုင်ပွဲတွေလုပ်မည်။တမြို့နယ်လုံးမလုပ်သေးဘဲ၊pilot projectအနေဖြင့်၊ရပ်ကွက်/ကျေးရွာတခုခုလောက်စမ်းလုပ်ကြည့်ပြီး၊လိုတာပြင်ယူမည်။

၅ -အမျိုးသမီးများလုပ်နိုင်မည့်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဖန်တီးပေးရန် ပညာရှင်များက သုတေသနပြုစီမံအကောင်အထည်ဖေါ်ရမည်၊၊မိသားစုတိုင်းဝင်ငွေတိုးပြီးတိုင်းပြည်လည်းတိုးတက်မည်။ကျနော်တို့နိုင်ငံတွင် အမျိးသမီးဦးရေကထက်ဝက်ကျော်သည်။နည်းသည်မဟုတ်။အလုပ်လုပ်နိုင်အောင်၊အခြေခံကစပြီးပြုပြင်ပေးသင့်သည်။

၆- အလုပ်အကိုင်ဖန်တီးပေးရာတွင် စိုက်ပျိုးမွေးမြူစက်မှု၊ကုန်ကြမ်းကုန်ချောထုတ်လုပ်နိုင်မှ တိုင်းပြည်တိုးတက်မည်။ ဆံပင်ညှပ်အလှပြင် စျေးရောင်း ပွဲစားလုပ် ကိုယ်စားလှယ်လုပ်ငန်းများကတော့၊တိုင်း ပြည်အတွက်၊ဘာမျှအသားတင်ထွက်ကုန်မထွက်။မလိုအပ်ဖူးလို့မဆိုလိုပါ။ကုန်ထုတ်လုပ်မှုလုပ်ငန်းထက် ဝန်ဆောင်မှုလုပ်ငန်းများကပိုများလာပြီဆိုလျှင်တိုင်း ပြည်တိုးတက်ဖို့သိပ်မကောင်းနိုင်ပါနိုင်ငံ တကာအဆင့်ဝန်ဆောင်မှုပေးခြင်း၊ဥပမာ နိုင်ငံခြားခရီးသွားများအတွက် hotel & tourism ဝန်ဆောင်မှုပေးခြင်းမျိုးကတော့ နိုင်ငံခြားငွေရသည့်အတွက်ကုန်ထုတ်လုပ်မှုတမျိုးလို့ပင်ယူဆလို့ရသည်။ပြည်တွင်း ခရီးသွားလုပ်ငန်းများကတော့ တိုင်းပြည်ကို ဘာမျှ အသားတင်တန်ဖိုးမပေးနိုင်ပါ။

နောက်ပြီး နေရာတကာမှာစျေးဆိုင်ပေါက်စနတွေ ပွထ​နေသည်မှာလည်း၊စိတ်ပျက်စရာအလွန်ကောင်းလှသည်။ကုန်ထုတ်လုပ်ငန်းတခုမှမပါ။တကယ်တော့ဒါလည်းအစိုးရက၊ကုန်ထုတ်လုပ်ငန်းတွေမဖန်တီးပေးနိုင်လို့၊ရရာလုပ်ကြခြင်းလည်းပါသည်။
၇- စာကြည့်တိုက်များထားပေးခြင်း စာဖတ်ဖြစ်အောင် စည်း ရုံးခြင်းတို့လုပ်သင့်ပါသည် စာမူများဖိတ်ခေါ်၍ရပ်ကွက် သတင်းစာများဖန်တီးနိုင်သည်၊သို့မဟုတ် ရပ်ကွက် websiteများလွှင့်တင်နိုင်သည်။

 


၈- ကလေးထိန်းဂေဟာများထားရှိပြီး က လေးများကို ငယ်စဉ်ကတည်းက စနစ်တကျပြုစုပျိုးထောင်နိုင်သလိုအမေတွေအလုပ်လုပ်နိုင်သည်။နေ့ကလေးထိန်းဆရာမများ၏အရည်အသွေးပြည့်ဝဖို့လည်းအရေးကြီးသည်။မြန်မာအိမ်ရှင်မအများစုနေ့စဥ်ဖြတ်သန်းနေရတဲ့၊မှီခိုဆိုတဲ့ဘဝကြီးနဲ့ဦးတည်ရာမဲ့ရပ်တည်နေရတဲ့ဘဝကြီးကိုစွန့်လွှတ်ကြဖို့အချိန်တန်ပါပြီ။အလုပ်လုပ်ကြပါ။အားကစားလိုက်စားကြပါ။စာဖတ်ကြပါ။ပတ်ဝန်းကျင်ကိုစူးစမ်းကြပါ။သပ်ယပ်လှပ​ကျော့ရှင်းပြီးအားလုံးပြည့်ပြည့်စုံစုံနဲ့၊ကျန်းမာပျော်ရွှင်စွာခေတ်နဲ့အညီနေနိုင်အောင်တဦးချင်းကစ၊အိမ်နီးချင်း​တွေရပ်ကွက် ကျေးရွာအဆင့်ကို​ကျော်ပြီး၊မြို့နယ် ခရိုင် တိုင်း နိုင်ငံထိ အားလုံးmind setလို့ခေါ်တဲ့ခံယူချက်တွေကို ပြုပြင်လိုက်ကြလျှင် သိပ်ကြာမည်မထင်ပေ။လင်သားများကလည်း၊အိမ်ဦးနတ်ဆိုပြီးအလကားမနေသင့်၊အိမ်မှုကိစ္စများကို ဝိုင်းဝန်းလုပ်သင့်သည်။

ဖြစ်နိုင်လျှင်ကိုယ့်မြို့နယ်က စချင်သည်။မြန်နိုင်သမျှမြန်မြန်အကောင်အထည်ဖော်ချင်သည်။စိတ်ကူးစိတ်သန်းလိုသည်။စီမံချက်ရှိရမည်။ရံပုံငွေလိုသည်။လူအင်အားရှိရမည်။နည်းပညာပါရမည်။ကျနော်တို့နိုင်ငံတွင် ပရဟိတစိတ်တွေထွန်းကားသည်။ပရဟိတအသင်းတွေထူထောင်ကြသည်။Ambulanceတွေလိုတာထက်ပိုနေသည်။တကယ်လိုသည့် မိလ္လာကားတွင် အလှုရှင်ကဗျည်းမထိုးလိုကြ။သူများနာကူလျှင် ကိုယ်လည်းလိုက်ပြီးနာကူမည်။ကျနော်ကတော့ပရဟိတအဖွဲ့တွေဟာအမြင်ကိုပြောင်းလည်းပြီးတော့၊နာကူအဆင့်နဲ့တင်ကြည်နူးသာဓုခေါ်မနေဘဲ၊ကိုယ့်ရပ်ရွာတိုးတက်အောင်၊ဟင်းစားပေးတဲ့အဆင့်မှပိုက်ချက်ပြနိုင်အောင်၊ပြောင်းလည်းသင့်ပြီဟုထင်ပါသည်။ခင်နှင်းကြည်သာကိုနမူနာယူကြပါ၊

မိန်းခလေးအပျိုအရွယ်ကလေးပေမယ့်၊ရေမရှိတဲ့အရပ်တွေမှာ၊စက်ရေတွင်းတွေလိုက်တူးနေတာ၊အလှုရှင်တွေလည်းမနည်းဘဲ။ခုတင်ပြခဲ့တဲ့လုပ်ငန်းတွေကို၊ပရဟိတအဖွဲ့တွေကတာဝန်ယူလုပ်လျှင်အောင်မြင်မည်ထင်သည်။
နိုင်ငံကိုအုပ်ချုပ်နေကြသူတွေကလည်း အမျိုးသမီးထုကြီး၏လက်ရှိအခြေနေကို အမှန်တကယ်သဘောပေါက်လျှက် အလျှင်အမြန့်ပြုပြင်ဆောင်ရွက်ပေးသင့်တယ်လို့မြင်မိကြောင်းပါခင်ဗျာ။

 

source – Dr. saw thurein

Be the first to comment

Leave a Reply

Your email address will not be published.


*