ဒုက္ခပေးနေတဲ့ ဆင်းရဲခြင်း (၄) မျိုးဆိုတာ ဘာလဲ ? ဘယ်လို ကျော်လွှားကြမလဲ ?

ဆင်းရဲခြင်း ( ၄ ) မျိုးဆိုတာ ဘာတွေလဲ  ?

၁. ငွေကြေးဆင်းရဲခြင်း – သုံးစွဲစရာငွေအလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း မိသားစုကိုမကျွေးမွေးနိုင်ခြင်း ။
၂.အချိန်ဆင်းရဲခြင်း- ဘဝကိုအသုံးချဖို့အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့အရာလုပ်ဖို့အတွက် အချိန်မရှိတာ ၊ တစ်ချို့လည်းပိုက်ဆံရှိပေမဲ့ အချိန်မရှိဘူး ၊ တစ်ချို့ဆို ပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး ။ ပြီးရင်ဒီ နံပါတ် (၃) အရာကို အပြစ်တင်တယ် ။


၃.အခွင့်အရေးဆင်းရဲခြင်း – အခွင့်အရေးကောင်းကောင်းတွေ ဘဝထဲကိုဝင်မလာဘူး ၊ တစ်ချို့လည်းပြောကြတယ် ငါတို့လည်းကြိုးစားတယ်။ အလုပ်လုပ်နေတယ် ဒါပေမဲ့ဘာကြောင့် ခုထိမအောင်မြင်မချမ်းသာနိုင်သေးတာလဲ…ကျွန်တော်တို့အရင်ဆုံးနားလည်ထားကြရမှာက လူချမ်းသာအားလုံး အသီးသီးကြိုးစားခဲ့ကြရတယ်။
ဒါပေမဲ့ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ပါဘူး ။ဘာကြောင့်လဲဆိုတော့ နေရာမှားပြီးကြိုးစားနေရင် (၁၀) နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး..။ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုရင် အထမ်းသမားတွေ ကုန်တင်ကုန်ချသမားတွေ ချမ်းသာကုန်ရောပေါ့ အဲ့ဒီအသက်မွေးဝမ်းကြောင်း အလုပ်တွေက မကောင်းဘူးရယ်လို့မပြောပါဘူး။ ချမ်းသာလာဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ သာဆိုလိုတာပါ…..။
ဒါကြောင့်ကျွန်တော်တို့ (work hard) တစ်မျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး ၊ (work smart) လည်းလုပ်ရပါမယ်..အခွင့်အလမ်းကောင်းတွေရှာဖွေပြီး ကြုံလာတဲ့အခါ ဖမ်းဆုပ်ယူထားဖို့ ချီတုံချတုံမဖြစ်နေပါစေနဲ့။


အခွင့်အရေးဆင်းရဲတာထက် ပိုဆိုးဝါးတာကတော့ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ကြုံတွေ့ကြရပေမဲ့ကိုယ်တိုင်ကိုက သူ့ကိုဖမ်းဆုတ်ထားဖို့ နှောင့်နှေးနေတတ်ကြတာဟာနံပါတ် (၄) အမျိုးအစားလို ဆင်းရဲခြင်း ဖြစ်ပေါ်စေပါတော့တယ် ။
၄.အတွေးအခေါ်ဆင်းရဲခြင်း
ကိုယ့်ရဲ့ အတွေးထဲဘက်ပေါင်းစုံကနေ တွေးတယ်..ဒါပေမဲ့ကိုယ့်ရဲ့အစွမ်းအစကို ကိုယ်တော့အထင်သေးတယ်..အနုတ်သဘောပဲတွေးတယ်..မအောင်မြင်မှာကိုပဲတွေးနေတယ်..မလုပ်နိုင်မှာကိုပဲတွေးနေတယ်။ပြီးတော့အခွင့်အလမ်းတွေ လက်လွတ်သွားတာကိုပဲ ထိုင်ကြည့်နေယင်း ပိုက်ဆံမွဲအချိန်မွဲတယ်။အခွင့်အလမ်းကောင်းကောင်းတွေကြုံတွေ့ရတယ်..။
ဒါပေမယ့်အတွေးအခေါ်မွဲနေသေးရင်တော့ အာမခံတာ ဘဝကဘယ်လိုမှပြောင်းလဲနိုင်ဦးမှာ မဟုတ်ဘူး။ ဒီကနေ့ ကိုယ့်ကိုအထင်သေးတဲ့သူရှိရင် ကိုယ်ကြိုက်ပါ့မလား?မကြိုက်ပါဘူးလို့ဖြေရင် ဘာကြောင့်ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်အထင်သေးရမှာလည်း။ လူတစ်ရာက မလုပ်နိုင်ပါဘူးလို့ ဘယ်လိုပဲလာပြောနေကြပါစေ ကိုယ့်ကိုယ်ကိုသာ ငါလုပ်နိုင်တယ်ရယ်လို့ ပြောနေရင် လုပ်ကိုလုပ်နိုင်ပါတယ်။

 

credit to TIHA

Be the first to comment

Leave a Reply

Your email address will not be published.


*