
အိုးချင်းထားတော့ အိုးချင်းထိ – ကြိုးချင်းထားတော့ ကြိုးချင်းငြိ
အတာအိုးကလေး နှစ်လုံးကို တစ်လုံးတွင် ရွှေရောင် သုတ်ရ၏။နောက်တစ်လုံးကို ငွေရောင် သုတ်ရ၏။
ရွှေရောင် အိုးလေးတွင် ယောက်ျားလေး၏ ဓာတ်ပုံကို ကပ်ရ၏။ငွေရောင် အိုးကလေးတွင်မူ မိန်းကလေး၏ ဓာတ်ပုံကို ကပ်ရ၏။
ထို့နောက် ယောက်ျားလေး၏ ရွှေရောင် အိုးလေးထဲတွင် သူ၏ မွေးနံပန်းများကို ဂြိုဟ်သက်အလိုက် ထည့်ရ၏။မိန်းကလေး၏ ငွေရောင် အိုးကလေးထဲတွင် လည်း မိန်းကလေး၏ မွေးနံပန်းများကို ထည့်ရ၏။မွေးနံပန်းများကို သိစေချင် သောကြောင့် အောက်တွင် ဖော်ပြပေးလိုက်ပါ၏။
မွေးနံပန်းများမှာ အောက်ပါအတိုင်း ဖြစ်၏။
တနင်္ဂနွေသားသမီးအတွက်- အုန်း(၆)ညွန့်။ တနင်္လာသားသမီးအတွက်- ကံ့ကော်(သို့)ခရေ (၁၅)ညွန့်။ အင်္ဂါသားသမီးအတွက်-ဇီး(သို့)ဇော်စိမ်း(၈)ညွန့်။ ဗုဒ္ဓဟူးသားသမီးအတွက်-ရွက်လှ(၁၇)ညွန့်။ ကြာသပတေးသားသမီးအတွက်-မေမြို့ပန်း(၁၉)ပွင့်။ သောကြာသားသမီးအတွက်-သပြေပန်း(၂၁)ညွန့်။ စနေသားသမီးအတွက်-နှင်းဆီပန်း(၁၀)ပွင့်။
ပြီးရင် စားပွဲတစ်လုံးပေါ်မှာ အဲဒီအိုးနှစ်လုံးကို စားပွဲတစ်လုံးပေါ်မှာ အိုးချင်းထိအောင် တင်ထားလိုက်ပါ။အိုးချင်းထားတော့ အိုးချင်းထိ ကြိုးချင်းထားတော့ ကြိုးချင်း ငြိသည့် ဓတ်ကို ဆင်ခြင်းဖြစ်၏။
ထိုယတြာကို ပြုလုပ်ခြင်း အားဖြင့် ချစ်သူနှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး ပိုမို၍ ချစ်ခင်လာ၏။ ပိုမို၍ ခိုင်မြဲလာ၏။ ပိုမို၍ သံယောဇဉ် ဖြစ်လာ၏။ နောက် နှစ် ဦး အိမ်ထောင်ပြုမည့် ကိစ္စအတွက် မြန်ဆန် စွာ အောင်မြင်စေ၏။
အထက်ပါယတြာကို ချစ်သူနှစ်ဦး အဆင်မပြေ ဖြစ်နေသူများ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေသူ များရော ဆောင်ရွက်နိုင်၏။
ဟိန်းတင့်ဇော်
Leave a Reply