အုပ်ထိန်းသူခွေးနှစ်ကောင်ကြောင့် သူ့ကိုယ်သူ ကြောင်ဆိုတာ မေ့နေရှာတဲ့ Azmael

 

ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်တုန်းက Nathalie ဆိုတဲ့ ဘယ်လ်ဂျီယံမီးသတ်သတ်မားတစ်ဦးဟာ ကြောင်ပေါက်လေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်။ အရင်ကတည်းကလည်း အကောင်လေးတွေချစ်တတ်တဲ့ Nathalie တစ်ယောက် ကြောင်လေးကို အိမ်ခေါ်သွားခဲ့ပါတယ်။Azmael လို့ နာမည်ပေးကာ Nathalie ဟာ အပြီးပိုင်မွေးစားခဲ့ပါတော့တယ်။ ဒါပေမဲ့ အိမ်ကိုသာ ခေါ်သွားတယ်။ Nathalie တစ်ယောက် စိတ်ပူစရာကိစ္စတစ်ခုရှိနေခဲ့ပါတယ်။ အဲဒါကတော့ Azmael ကို သူ့အိမ်က မိသားစုဝင်တွေရော နှစ်သက်ပါ့မလားဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ Nathalie အိမ်မှာ အကြီးကောင်နှစ်ကောင်ရှိနေလို့ပါပဲ။

အကြီးကောင်တွေကတော့ တစ်ခြားမဟုတ်ဘဲနဲ့ ခွေးလေးနှစ်ကောင်ပါ။ Pooches အမျိုးအစား ခွေးလေးနှစ်ကောင်ဖြစ်ပြီးတော့ Namue နဲ့ Liam ဆိုတဲ့ ချစ်စရာ အမွှေးလုံးလေးနှစ်ကောင်ပါ။ Namue နဲ့ Liam ဟာ ခွေးလေးတွေဖြစ်နေတဲ့အတွက်ကြောင့် Azmael ကို ခေါ်သွားခဲ့ရင် အဆင်ပြေပါ့မလားပေါ့။ ဒါပေမဲ့ Nathalie ရဲ့ အထင်နဲ့အမြင်နဲ့ တလွဲစီကိုဖြစ်နေခဲ့ပါတယ်။Azmael တစ်ကောင် အိမ်ကိုလည်းရောက်ရော Namue နဲ့ Liam တို့နှစ်ကောင် အရမ်းကို ဂရုစိုက်ခဲ့ကြပါတယ်။ဂရုစိုက်လွန်းလို့ Azmael ဟာ သူ့ကိုယ်သူ ခွေးလေးတစ်ကောင်လို့ပဲ ထင်နေတော့တာပါ။

ထိုင်လိုက်တိုင်း ကြောင်တွေလိုမျိုး လက်ကိုဖွက်ပြီးတောင် မထိုင်တော့ဘဲနဲ့ ခွေးတွေအတိုင်း လက်ကိုအရှေ့ကိုထုတ်ပြီး ထိုင်ပါတော့တယ်။ နောက် Azmael ကို စတွေ့တုန်းက ကြောင်အကောင် သေးသေးလေး၊ ရေကန်ထဲမှာ မလှုပ်နိုင်မရှားနိုင်နဲ့မလို့ တော်တော်လေးကို အသက်အန္တရာယ်နဲ့ နီးစပ်နေခဲ့တာပါ။ ဒါကြေင့်လည်း Azmael ဟာ သခင်ကိုရော သူ့ထကအကြီး ခွေးလေးနှစ်ကောင်ကိုရောပါ အရမ်းကို တွယ်တာသွားခဲ့တာပါ။

ခွေးလေးနှစ်ကောင်ဟာလည်း Azmael ကို အမြဲတမ်းလိုလို သူတို့ရဲ့မျိုးတူလို့ပဲ သတ်မှတ်ထားခဲ့ပြီးတော့ ခွေးလေးတွေရဲ့ အမူအကျင့်တိုင်းပဲ ဆက်ဆံပေးနေခဲ့တာပါ။ တခြားကြောင် နှစ်ကောင်လည်းရှိပေမယ့်လို့ Azmael ဟာ ခွေးလေးနှစ်ကောင်ကိုပဲ အမြဲတမ်း ကပ်ပြီးနေနေခဲ့တာပါတဲ့။ ပြေးတမ်းလိုက်တမ်းလည်းဆော့တယ်၊ခွေးစာတွေလည်း စားတယ်တဲ့လေ …ဒါကြောင့်ပဲ သခင်ဖြစ်တဲ့ Nathalie ဟာအရမ်းကို အံ့သြနေခဲ့တာပါတဲ့လေ။

 

အုပ္ထိန္းသူေခြးႏွစ္ေကာင္ေၾကာင့္ ကိုယ့္ကိုကိုယ္ ေၾကာင္ဆိုတာ ေမ့ေနရွာတဲ့ Azmael

ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေလာက္တုန္းက Nathalie ဆိုတဲ့ ဘယ္လ္ဂ်ီယံမီးသတ္သတ္မားတစ္ဦးဟာ ေၾကာင္ေပါက္ေလးတစ္ေကာင္ကို ေကာက္ရခဲ့ပါတယ္။ အရင္ကတည္းကလည္း အေကာင္ေလးေတြခ်စ္တတ္တဲ့ Nathalie တစ္ေယာက္ ေၾကာင္ေလးကို အိမ္ေခၚသြားခဲ့ပါတယ္။Azmael လို႔ နာမည္ေပးကာ Nathalie ဟာ အၿပီးပိုင္ေမြးစားခဲ့ပါေတာ့တယ္။ ဒါေပမဲ့ အိမ္ကိုသာ ေခၚသြားတယ္။ Nathalie တစ္ေယာက္ စိတ္ပူစရာကိစၥတစ္ခုရွိေနခဲ့ပါတယ္။ အဲဒါကေတာ့ Azmael ကို သူ႔အိမ္က မိသားစုဝင္ေတြေရာ ႏွစ္သက္ပါ့မလားဆိုတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ Nathalie အိမ္မွာ အႀကီးေကာင္ႏွစ္ေကာင္ရွိေနလို႔ပါပဲ။

အႀကီးေကာင္ေတြကေတာ့ တစ္ျခားမဟုတ္ဘဲနဲ႔ ေခြးေလးႏွစ္ေကာင္ပါ။ Pooches အမ်ိဳးအစား ေခြးေလးႏွစ္ေကာင္ျဖစ္ၿပီးေတာ့ Namue နဲ႔ Liam ဆိုတဲ့ ခ်စ္စရာ အေမႊးလုံးေလးႏွစ္ေကာင္ပါ။ Namue နဲ႔ Liam ဟာ ေခြးေလးေတြျဖစ္ေနတဲ့အတြက္ေၾကာင့္ Azmael ကို ေခၚသြားခဲ့ရင္ အဆင္ေျပပါ့မလားေပါ့။ ဒါေပမဲ့ Nathalie ရဲ႕ အထင္နဲ႔အျမင္နဲ႔ တလြဲစီကိုျဖစ္ေနခဲ့ပါတယ္။Azmael တစ္ေကာင္ အိမ္ကိုလည္းေရာက္ေရာ Namue နဲ႔ Liam တို႔ႏွစ္ေကာင္ အရမ္းကို ဂ႐ုစိုက္ခဲ့ၾကပါတယ္။ဂ႐ုစိုက္လြန္းလို႔ Azmael ဟာ သူ႔ကိုယ္သူ ေခြးေလးတစ္ေကာင္လို႔ပဲ ထင္ေနေတာ့တာပါ။

ထိုင္လိုက္တိုင္း ေၾကာင္ေတြလိုမ်ိဳး လက္ကိုဖြက္ၿပီးေတာင္ မထိုင္ေတာ့ဘဲနဲ႔ ေခြးေတြအတိုင္း လက္ကိုအေရွ႕ကိုထုတ္ၿပီး ထိုင္ပါေတာ့တယ္။ ေနာက္ Azmael ကို စေတြ႕တုန္းက ေၾကာင္အေကာင္ ေသးေသးေလး၊ ေရကန္ထဲမွာ မလႈပ္ႏိုင္မရွားႏိုင္နဲ႔မလို႔ ေတာ္ေတာ္ေလးကို အသက္အႏၲရာယ္နဲ႔ နီးစပ္ေနခဲ့တာပါ။ ဒါေၾကင့္လည္း Azmael ဟာ သခင္ကိုေရာ သူ႔ထကအႀကီး ေခြးေလးႏွစ္ေကာင္ကိုေရာပါ အရမ္းကို တြယ္တာသြားခဲ့တာပါ။

ေခြးေလးႏွစ္ေကာင္ဟာလည္း Azmael ကို အၿမဲတမ္းလိုလို သူတို႔ရဲ႕မ်ိဳးတူလို႔ပဲ သတ္မွတ္ထားခဲ့ၿပီးေတာ့ ေခြးေလးေတြရဲ႕ အမူအက်င့္တိုင္းပဲ ဆက္ဆံေပးေနခဲ့တာပါ။ တျခားေၾကာင္ ႏွစ္ေကာင္လည္းရွိေပမယ့္လို႔ Azmael ဟာ ေခြးေလးႏွစ္ေကာင္ကိုပဲ အၿမဲတမ္း ကပ္ၿပီးေနေနခဲ့တာပါတဲ့။ ေျပးတမ္းလိုက္တမ္းလည္းေဆာ့တယ္၊ေခြးစာေတြလည္း စားတယ္တဲ့ေလ။

ဒါေၾကာင့္ပဲ သခင္ျဖစ္တဲ့ Nathalie ဟာအရမ္းကို အံ့ၾသေနခဲ့တာပါတဲ့ေလ။

 

credit – shwemom

Be the first to comment

Leave a Reply

Your email address will not be published.


*