မိန်းကလေးတိုင်း သိထားသင့် တဲ့ အမျိုးသမီးရောဂါများ ရဲ့ အစပျိုး လက္ခဏာရပ်များ

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး အမျိုးသမီးတွေမှာသာဖြစ်တတ် တဲ့ရောဂါတချို့ကြောင့် ကိုယ့်ကိုယ် ကိုပိုဂရုစိုက်ဖို့လိုပါတယ်။

အသက်အန္တရာယ် ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက် အတွင်းဖြစ်လာတာမဟုတ်ဘဲ ရက်ရှည်လများ အစပျိုးပြီး ဖြစ်လာတာပါ။

ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင် အသက်အန္တရာယ်မဖြစ်အောင် အချိန် မီတားဆီးနိုင်မှာပါ။

ဒါကြောင့် အမျိုးသမီးတိုင်း သတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) အစားစားချင် စိတ်နည်းလွန်းခြင်း

တခါတရံမှာ အစားစား ချင်စိတ်ပျောက်နေတာမျိုးကလည်း ပုံမှန်ဖြစ်တတ်တဲ့အနေအထားတစ်ခုပါ။ ဒါပေမယ့် ကိုယ့်အကြိုက်ဆုံး အစားအစာကိုတောင်စားချင်စိတ်မရှိတာမျိုး၊

တစ်နေကုန်နေ လို့မှ တစ်ခါလောက်ပဲစားဖြစ်တာမျိုးတွေ ဖြစ်နေရင်တော့ သတိထားရတော့မှာပါ။ ဒါက သားအိမ်ကင်ဆာ အစပြုတဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။

(၂) ဗိုက်ပူနေခြင်း

မိန်းကလေးတွေဟာ အသက် ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေသေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ်။

ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာ က ပုံမှန်ပဲဖြစ်ပေမယ့် အစား အများကြီးစားထား သလိုမျိုး ဗိုက်ဖောင်းပြီးပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။

ဝမ်းဗိုက်က အမြဲလို လိုတင်းပြီး ပူနေ တယ်ဆိုရင် ဒါဟာ ရင်သားကင်ဆာ ဒါမှမဟုတ် သားအိမ် ကင်ဆာအစပျိုးနေတာဖြစ်နိုင်ပါတယ်။

(၃) မေးစေ့နား တဝိုက်ဝက်ခြံတွေထွက်ခြင်း

ဝက်ခြံ ထွက်တာကလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်တတ်တဲ့ အရာမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် မေးစေ့နား တဝိုက်မှာ ဝက်ခြံတွေအမြဲလိုလိုထွက်နေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ် ထဲက ဟော်မုန်းတွေ အလွန်အမင်းကေ မာက်ကမဖြစ်နေပါပြီ။

သင့်မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေ အမြဲထွက်နေတယ်ဆိုရင် ဆရာဝန် နဲ့သေချာပြသစစ်ဆေးဖို့လိုနေပါပြီ။

(၄) လေ့ကျင့်ခန်းလုပ်တဲ့ အခါ ကိုယ်လက်တွေအလွန်အမင်း နာကျင်ခြင်း

လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွေလက်တွေနာတာက ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် သင်ကတော့ သူများတွေထက်ပိုဆိုးပြီး လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် ၊

မလှုပ်နိုင်လောက်အောင် နာကျင်နေတယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သိပ်မကျန်းမာဘူး ဆိုတဲ့ လက္ခဏာပါ။ ဒီ လိုဖြစ်နေရင် ဆရာဝန်ပြဖို့လိုပါတယ်။

(၅) ဓမ္မတာလာ စဉ်သွေးခဲများဆင်းခြင်း

ဓမ္မလာတဲ့အခါ သွေးခဲတွေ ပါလာတာ၊ သွေးရောင်က ပုံမှန်လိုမဟုတ်ဘဲ အညိုရောင် လိုလိုဖြစ်နေတာတွေက သားအိမ်အတွက်စိုးရိမ်ရတဲ့အနေအထားပါ။

ဒီလိုအခြေအနေဖြစ် လာပြီဆိုရင် သားအိမ်အတွင်းအ လုံးဖြစ်နေတာမျိုး၊ ရေအိတ်ဖြစ်နေ တာမျိုးတွေ ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန် နဲ့ပြဖို့လိုနေပါပြီ။

(၆) ဆံပင်တွေ အများအပြားကျွတ်ခြင်း

ခေါင်းဖြီးလိုက်တာနဲ့ဆံပင်တွေတထွေးကြီးကျွတ်လာရင် ပေါ့ဆမနေသင့်ပါဘူး။

ဒါက ဟော်မုန်းမညီ မျှခြင်းကြောင့်ဖြစ်နိုင်ပြီး ဆံပင်တွေ အများအပြားကျွတ်တဲ့အခြေအနေကနေ ဒီထက်ပို ဆိုးတဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပါတယ်။

လေးစားစွာဖြင့်ခရက်ဒစ် သမီးလေး

Be the first to comment

Leave a Reply

Your email address will not be published.


*