သားငယ်လေးကို ကျောက်ထရံမှာတွဲလောင်းချထားပြီး အပြုံးမပျက်ဓာတ်ပုံရိုက်နေခဲ့တဲ့ ဖခင် (ရုပ်သံ)

အံ့သြထိတ်လန့်ဖွယ်ကောင်းတဲ့ယခုဖော်ပြမဲ့ video မှာတော့ online ပေါ်မှာအတော်လေးပျံ့နှံနေပြီး ၊ video ထဲရှိ ကလေးငယ်ရဲ့ဖခင်ဖြစ်သူကတော့ ပြိုင်ဘက်ကင်းတဲ့ဓာတ်ပုံမျိုးရရှိအောင် သားဖြစ်သူကိုကျောက်ထရံရဲ့အစွန်းဖက်မှာ တွဲလောင်းချကာ ကလေးလက်ကိုကိုင်ဆွဲထားပြီး ဓာတ်ပုံရိုက်ယူနေခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ဟာ ပေးကျင်းမြို့ရဲ့မြို့အစွန်ဖက် Hongjing အဝေးပြေးလမ်းမှာ ပြီးခဲ့တဲ့နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ လမ်းရဲ့အခြားတစ်ဖက်မှာလည်း လူတွေဟာထိုင်နေကြပြီး ၎င်းတို့ရဲ့ခြေထောက်ကို ကျောက်ထရံအစွန်းဖက်မှာ တွဲလောင်းချထားနေကြတာကို တွေ့ရှိကြမှာပါ ။ သို့ပေမဲ့ အဆိုပါမိသားစုတစ်စုကတော့ ၎င်းတို့ရဲ့သားငယ်လေးကို ကျောက်ထရံအစွန်ဖက်မှာ ကလေးငယ်ရဲ့လက်ကိုဆွဲကိုင်ထားပြီး နောက်ပြန်အနေအထားဖြင့်တွဲလောင်းချထားပြီး ဓာတ်ပုံရိုက်ယူနေခဲ့ကြတာပါ ။

အဆိုပါအဖြစ်အပျက်ရဲ့ မူရင်း video ဟာ တရုတ် social media site ဖြစ်တဲ့ Weboi ပေါ်မှာ အတော်လေးကို လူကြည့်များကာရေပန်းစားနေခဲ့ပြီး ၊ video ရိုက်ယူနေသူကလည်း ” ကြည့်လိုက်အုံး ၊ ကလေးရဲ့လက်က အတော်လေးကိုတုန်ခါနေပြီ ” ဆိုပြီး ပြောဆိုနေခဲ့တဲ့အသံကို video ထဲမှာ ကြားကြရမှာပါ ။

အဆိုပါ Video ဟာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် ကလေးငယ်ရဲ့မိဘတွေဟာ အတော်လေးကိုအပြစ်တင်ဝေဖန်ခြင်းမျိုးခံနေရလျက်ရှိပါတယ် ။ ကလေးငယ်ရဲ့မိဘတွေကိုတော့ နာမည်အတိအကျနဲ့ဖော်ပြထားခြင်းမျိုးတော့မရှိသေးပါဘူး ။ ကိုယ့်ရဲ့မိုက်ရူးရဲဆန်လွန်းတဲ့လုပ်ရပ်နဲ့ တစ်ခါတစ်လေကိုယ့်ရဲ့သားသမီး အန္တရာယ်ဖြစ်သွားမှာမျိုး မရှိအောင်မိဘတွေက သတိထားပြီး ပြုမှုနေထိုင်သွားရမှာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*