သူတို့ရဲ့ ချစ်သူ ကို အမှန် တကယ်ချစ် တဲ့ အမျိုးသားတွေ သာ ပြုလုပ် တတ်တဲ့ အပြုအမူ (၇) ချက်

ကျွမ်းကျင်သူတွေအဆိုအရ ကျွန်တော် တို့အာလုံးဟာ ကလေးဘဝကတည်းက လူမှုဆက်ဆံရေးရဲ့ ၇၀%ကို ခန္ဓာကိုယ်ဘာသာစကားနဲ့သာ အသုံးပြုကြတယ်လို့ ဆိုကြပါတယ်။ ဥပမာ – အအေးမိနေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ်ကို တုန်လှုပ်ပြတာမျိုး။ ခန္ဓာကိုယ်ဘာသာစကားက လူတစ်ဦးနဲ့ တစ်ဦး အကြားမှာ စကားလုံးတွေထက် ထိရောက်မှုများစွာရှိရုံသာမက ပိုမိုစွဲမက်၊ မှတ်မိစေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့လည်း သူတို့ချစ်တဲ့ အမျိုးသမီးတွေအပေါ်မှာ သူတို့ရဲ့ သီးသန့်စိတ်ခံစားမှုကို ဖော်ပြတတ်တဲ့နည်းလမ်းတွေရှိပါတယ်။ အခုမျှဝေပေး မယ့်နည်းလမ်းတွေကို သင့်ချစ်သူက ပြုမူတယ်ဆိုရင် သင့်ကို သူအမှန်တကယ်ချစ်မြတ်နိုးကြောင်း ဖော်ပြနေခြင်းလည်းဖြစ်ပါတယ်။

၁။သူ စကားပြောတိုင်း သင့်မျက်လုံးတွေ ကို စူးစိုက်ကြည့်တယ်

သင်နဲ့ စကားပြောတဲ့ အခါတိုင်း သူက သင့်မျက်လုံးတွေကို စူးစိုက်ကြည့်တယ်ဆိုရင် သူက သင့်ကို အမှန်တကယ်ချစ်မြတ်းနိုးတာကြောင့်ပါ။ မျက်လုံးတွေကို စိုက်ကြည့်တယ်ဆိုတာ ဂရုစိုက်ခြင်း၊ ချစ်မြတ်နိုးခြင်း၊ ဆွဲဆောင်ခြင်းနဲ့ ကျီစယ်လိုခြင်းတို့ရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ သင့်ရှိနေချိန်မှာ တစ်ခြား မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်မဝင်စားဘူးဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ Hess ရဲ့ လေ့လာမှုတွေအရ သင့်မျက်လုံးထဲမှာ ချစ်ခြင်းမေတ္တာအရိပ်အယောင်ကို တန်ပြန်ရှာဖွေနေခြင်းလည်း ဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် သူက သင်နဲ့ စကားပြောတိုင်း သင့်မျက်လုံးတွေ ကို စိုက်ကြည့်တတ်တယ်ဆိုရင် အမှန်တကယ်ချစ်မြတ်နိုးတာကြောင့်ပါ။

၂။သင့်နဲ့ တစ်စုံတရာပြောချင်တဲ့ အခါ သင့်အနီးနားကို ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီးပြောခြင်း

သူစကားပြောတဲ့ အခါ သင့်အနီးကို တမင်ယိုင်ပြီးပြောတာက သင့်ကို အနီးကပ်ကြားနိုင်အောင် ကြိုးစားနေခြင်းဖြစ်ပါတယ်။ သူရဲ့ မသိစိတ်မှာ သင်နဲ့ ရုပ်ပိုင်းဆိုင်ရာနီးကပ်မှုကို လိုလားနေတယ်။ နောက်ပြီး သူ့ရဲ့ စကားလုံးတွေမှာ အပြည့်အဝအာရုံစိုက်ထားပြီးဖြစ်တယ်ဆိုတာ သက်သေပြခြင်း လည်းဖြစ်ပါတယ်။ Body Language ဆွဲဆောင်မှုအရ တစ်စုံတစ်ယောက်က သင့်ဆီကို သူ့ရဲ့ ခန္ဓာကိုယ်ကိုင်းညွှတ်လာတဲ့အခါ စကားလုံးတွေမပါဘဲ ချိတ်ဆက်မှုတစ်ခု ပြုလုပ်ခြင်းပါ။ ဒါ့ကြောင့် သူက ဒီအရာလိုမျိုး လုပ်လာပြီဆိုရင် သူ့ရဲ့ ဂရုစိုက်မှုကို ပြသတာပါပဲ။ သင်က သူ့ အတွက်အရေးကြီးတယ်ဆိုတာ သင့်ကို သိစေချင်နေတာပါ။

၃။သူက သင့်ဆံပင်တွေကို ကလူကျီစယ်တယ်

အမျိုးသားတွေအတွက် ထိတွေ့ခြင်းဆိုတာက စွမ်းအားတွေပြည့်နေတဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ထိတွေ့ခြင်းကို ကျွန်တော်တို့က လိင်ကိစ္စသီးသန့်အဖြစ် အဓိပ္ပာယ်ကောက်ယူလို့ မရပါဘူး။ သင့်ရဲ့ ဆံပင်တွေကို ကစားခြင်းလိုမျိုး ရိုးရှင်းတဲ့ လက်ဟန်အမူအရာလေးတွေက သူ့စိတ်ရော၊ ခန္ဓာကိုယ်ပါ သင့်အနီးနားမှာရှိနေခြင်းကို ဆိုလိုပါတယ်။ ဒီအပြုအမူက သူဟာ သင်နဲ့ လုံးဝအဆင်ပြေတယ် အထူးသဖြင့် သူလုံးဝယုံကြည်စိတ်ချသူတွေကို ပြုလုပ်တတ်တဲ့ အပြုအမူဖြစ်ပါတယ်။

၄။ သင့်စကားတွေကို နားထောင်တဲ့အခါ သူ့မျက်ခုံးတွေကို မြှင့်ထားတယ်

ဒီအချက် သူကိုယ်တိုင်သတိမထားမိဘဲ သူ့ရဲ့ မသိစိတ်က သင့်ရဲ့ စကားလုံးတွေကို ရည်ရွယ်ချက်ရှိရှိနားထောင်နေရုံသာမက သူ့ရဲ့မျက်ခုံးတွေပါ မြှင့်ထားလိုက်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ မျက်နှာအမူအရာက စကားပြောသူကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ စိတ်ဝင်စားမှုကို ဆက်သွယ်ပြောဆိုတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

၅။ သူက သင်နဲ့အတူတူရှိနေတဲ့အခါ ကျေကျေနပ်နပ် အားရဝမ်းသာ ပြုံးတယ်၊ ရယ်တယ်

အမျိုးသားတွေ အနေနဲ့ စပ်ဖြီးဖြီးပြုံးဖြဲဖြဲလုပ်ခြင်း၊ သနားလာအောင် ပြုမူခြင်းနှင့် ရယ်မောခြင်း စတဲ့ နည်းလမ်းတွေက သူတို့ရဲ့ ဖျော်ဖြေမှုတွေကို ဖော်ပြခြင်းဖြစ်ပါတယ်။ သို့ပေမယ့် သူတို့က သူတို့ချစ်တဲ့ တစ်စုံတစ်ယောက်နဲ့အတူ ရှိနေတဲ့အခါ သူတို့ရဲ့ အပြုံးက သူတို့ရဲ့ မျက်လုံးတွေ အထိ ကူးစက်နေတတ်ပါတယ်။ သင့်အနေနဲ့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ပုလဲရောင်အရည်ကြည်လေးတွေ မြင်ရတဲ့အထိ သူတို့ရဲ့ သန့်ရှင်းတဲ့ ပျော်ရွှင်ခြင်းတွေကို မြင်ရပါလိမ့်မယ်။ သူက ဒီလိုမျိုး မကြာခဏဖြစ်လေ့မရှိပါဘူး။ အထူးသဖြင့် သင်နဲ့ အပြင်ထွက်တဲ့အခါကလည်း ဒီအပြုအမူမျိုးတွေ့ချင်မှ တွေ့ရပါလိမ့်မယ်။

၆။ သင့်ရဲ့ လက်တွေကို ကစားနေတတ်တယ်

ညနေခင်းလမ်းလျှောက်တဲ့အချိန်မှာဖြစ်ဖြစ် အလုပ်တွေခေါင်းထဲမှာ ပြည့်နှက်ပြီး လမ်းလျှောက်နေချိန်မှာပဲဖြစ်ဖြစ် သူက သင့်ရဲ့ လက်တွေကို ဆုပ်ကိုင်ထားနိုင်ပါတယ်။ သင့်ရဲ့ လက်ကို ဆုပ်ကိုင်ဖို့ ဒါမှမဟုတ် သင်နဲ့ ဆက်သွယ်မှုတွေကို နှစ်သက်တယ်လို့ ဆိုလိုပါတယ် ။ သူ စိတ်ညစ်နေတဲ့အချိန် (သို့) စိတ်ရှုပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက် ဆုပ်ကိုင်၊ ဆော့ကစားနေတာလည်း ဖြစ်နိုင်ပါတယ်။သူ့ရဲ့ ထိတွေ့မှုတွေက သူခံစားနေရတဲ့ တစ်စုံတစ်ရာကို ပြောပြနေခြင်းလည်းဖြစ်တယ်ပါတယ်။ သင့်ပါတနာရဲ့ လက်တွေက ဘေးကင်း တယ်၊ လုံခြုံမှုရှိတယ်လို့ ရှိတယ်လို့ ခံစားရတယ်ဆိုရင် သူကလည်း ဒီလိုအပြန်အလှန်ခံစားရတာကြောင့် ပြုလုပ်တာဖြစ်ပါတယ်။ ဒါဟာ မတော်တဆမဟုတ်ပါဘူး။ Healing Touch ရဲ့ သီအိုရီအရ သင်နဲ့အဆင်ပြေသူတစ်ယောက်ရဲ့ ထိတွေ့မှုက သင်ရဲ့ အရာရာတိုင်း အဆင်ပြေချောမွေ့ခြင်းတွေ ကို တိုးပွားစေပြီးတော့ လူမှုရေးအရအထီးကျန်မှုနှင့် စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်ပါတယ်တဲ့။

၇။ သင်က အုပ်စုထဲမှာ ရှိနေတယ်ဆိုရင် သင့်ကို တီးတိုးစကားပြောပါလိမ့်မယ်

လူတစ်ယောက် က သင့် ကို အမှန်တကယ်ချစ်တယ် ဆိုရင် သင်က သူ့ရဲ့ အမျိုးသမီးဖြစ်တယ်ဆိုတာ တစ်ခြားလူတွေသိအောင် သက်သေပြချင်ပါလိမ့်မယ်။ ဒါကြောင့် သင်က လူတွေနဲ့ အုပ်စုတစ်ခုထဲရောက်နေမယ်ဆိုရင် သူက သင့်နားအနားကို ကပ်ပြီး တိုးတိုးလေးစကားပြောလာပါလိမ့်မယ်။ ဒီအပြုအမူရဲ့ဆိုလိုရင်းက သင်တို့နှစ်ယောက်စလုံးကြားမှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ နီးကပ်မှုကို တိုးမြှင့်ခြင်းနှင့် အခြားအမျိုးသားတွေ သင့်ဆီကို ချဉ်းကပ်လာမယ့်အခွင့်အလမ်းတွေကို ဖြတ်တောက်ခြင်းလည်းဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*