ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက ကြီးလာတဲ့ အခါ ကြုံတွေ့လာရမယ့် နောင်တရစရာ ဖြစ်ရပ်များ

ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက ကြီးလာတဲ့ အခါ ကြုံတွေ့လာရမယ့် နောင်တရစရာ ဖြစ်ရပ်များ

၁ ။ ခရီးမသွားခြင်း

ခရီးသွားခြင်းဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ သွားလို့ ကောင်းပါ တယ်။ ပျော်ရွင်မှု့အပြည့်အဝ ခံစားနိုင်တဲ့အပြင် လွတ်လပ်ပေါ့ပါးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားလို့ ဖြစ်ပါ တယ်။

အသက်ကြီးလာတဲ့ အခါ ကျန်းမာရေး စတဲ့ အ ကြောင်း အမျိုးမျိုးကြောင့် ခရီးသွားဖို့ ခက်ခဲတဲ့ အပြင် သွားဖြစ်ခဲ့ ရင်တောင်မှ ငယ် စဉ်က လောက် လွတ်လွတ် လပ်လပ် မပျော်နိုင်တော့ လို့ ဖြစ်ပါ တယ်။

၂ ။ သင့်တော်တဲ့ လေ့ကျင့်ခန်း မလုပ်ခြင်း

ငယ်ရွယ်စဉ်မှာ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ခုမှ မလုပ်ခဲ့ဖူး ဆိုရင် အသက်ကြီး လာတဲ့ အခါ သင် ဒုက္ခ ရောက်ပါ လိမ့်မယ်။ ဒါကြောင့် ကျန်းမာရေးကောင်းချင် ရင် အခု ငယ်တုန်းမှာ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်သင့်ပါတယ် ။

၃ ။ ထွက်သင့်တဲ့အလုပ်က မထွက်ခြင်း

တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ ကိုယ့်အတွက် တက်လမ်းမရှိသော အလုပ်ကို ထွက်သင့်မှန်း သိပါလျှက် မထွက်ပဲ စွဲစွဲမြဲမြဲ လုပ်နေတတ် ကြပါတယ် ။

ငယ်ငယ် ကတည်းက အသက်ကြီး လာတဲ့ အထိ အလုပ်တစ်ခု တည်းမှာ လုပ်ပြီး ဘာမှ သိသိ သာသာ မတိုးတက် လာတဲ့ လူတစ်ချို့ကို သင်မြင်ဖူးပါလိမ့် မယ်။

ဒါဟာ ထွက်သင့်တဲ့ အချိန်မှာ ထွက်ပြီး ကိုယ့်တိုးတက်မှု့ကို ပေးမယ့် အလုပ်ကို မရှာ ခဲ့လို့ဖြစ်ပါတယ် ။ ဒါကြောင့် ဒီအလုပ်က သင့် အတွက် ဘာမှမ ပေးနိုင်တော့ ဘူးဟု သိလိုက်တဲ့ အချိန်မှာ ထွက်လိုက်ပြီး နောက်တစ်ခုကို ရှာပါ။

၄ ။ ချစ်လျှက်နှင့် ဖွင့်မပြောခဲ့ခြင်း

ချစ်ပြီးတော့ ဖွင့် မ ပြောရဲလို့ ဝေးသွားရတဲ့ ဇာတ်လမ်းတွေကို သီချင်းတွေ ရုပ်ရှင်တွေထဲမှာ သင် ခဏခဏ မြင်ဖူးပါ လိမ့်မယ် ။ အဲ့ဒီတော့ ကိုယ်ကလည်း ချစ်နေ တယ်၊ ပြောဖို့ အခွင့် အ ရေးလည်း ရှိနေတယ်ဆိုရင် အချိန် ဆွဲ မ နေပဲ ပြောလိုက်တာ အ ကောင်းဆုံး ပါပဲ။

၅ ။ အချိန်ဆွဲခြင်း

ကျွန်တော်တို့တွေ တော်တော်များများရဲ့ မ ကောင်းတဲ့ အချက်ဟာ အချိန်ဆွဲခြင်း ပါပဲ ။ အချိန်ဆွဲခြင်းဟာလည်း ပျင်းနည်း တစ်မျိုးပဲဖြစ် ပါတယ် ။ အချိန်ဆွဲခြင်းကြောင့် ပြီးသင့်တဲ့ အချိန်မှာ ပြီးသင့်တဲ့အလုပ်တွေဟာ မပြီးပဲ ရှိနေတတ် ပါတယ်။ ဒါကြောင့် အချိန် ဆွဲခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါ။

၆။ မိသားစု ၊ သူငယ်ချင်းများကို အချိန်မပေးခြင်း

လူတစ်ချို့ဟာ အလုပ်နဲ့ အခြား ကိစ္စတွေမှာ နစ်မြုပ်ရင်း မိသားစုနဲ့ အ ပေါင်းအသင်းတွေကို အချိန်ပေးဖို့ မေ့နေတတ်ကြ ပါတယ် ။ ဒါဟာ အလုပ်လုပ်နေတုန်းမှာ မသိသာပေမယ့်

အသက်ကြီး လာတဲ့ အခါ အထီးကျန်ဆန် တတ်ပါတယ် ။ ဒါကြောင့် မိသားစုနဲ့ကိုယ့်မိတ်ဆွေတွေ ကို အချိန်နည်းနည်းစီ လောက်ပေးပြီး ရင်းရင်းနှီးနှီး နေတတ်ဖို့ လိုပါ တယ်။

၇ ။ သဝန်တို လွန်းခြင်း

ကိုယ်ချစ်တဲ့သူတွေအ ပေါ် သဝန်တိုခြင်းဟာ ကောင်းပါ တယ် ။ ဒါပေမယ့် အလွန်အမင်း သဝန်တိုခြင်းက တော့ ကြာလာတာနဲ့ အမျှ ဆက်ဆံရေးမှာ အထစ်အ ငေါ့တွေ ဖြစ်လာစေ ပါတယ်။ ဒါကြောင့် သင့်တော် သ လောက်ပဲ သဝန်တိုပါ ။

၈။ အတတ်ပညာအသစ် တစ်ခုခုကို မသင်ကြားခြင်း

ပညာကို သေတဲ့အထိ အဆက်မပြတ် သင်ကြားပါ ဆိုတဲ့စကားကို သင်ကြားဖူးမှာပါ။ တရိပ်ရိပ် တိုးတက်လာတဲ့ ခေတ်ကြီးကို အမှီ လိုက်ဖို့ အသစ် အ သစ်တွေကို သင်ကြား ရမှာပါ။

ဒါကို ငယ်ရွယ်စဉ်မှာ မသင်ခဲ့ရင်တော့ အသက်ကြီး လာတာနဲ့ အမျှ ဒုက္ခလှလှ ရောက်ရပ ါလိမ့်မယ်။

၉ ။ မိဘစကားကို နားမ ထောင်ခြင်း

အခုခေတ်မှာတော့ လူငယ်တော်တော်များများဟာ မိဘစ ကားကို နားမ ထောင်ချင်ကြ တော့ပါဘူး။ ဒီအဘိုးကြီး အဘွားကြီးတွေ ငါ့လောက် မသိပါဘူး ဆိုတဲ့ တဇွတ်ထိုး အမြင်ကို မြင်နေ တတ်ကြပါပြီ။

မိဘစကားတိုင်း မှန်တယ်လို့ မဆိုနိုင်ပေမယ့် ကိုယ့်ကိုကောင်းစေ ချင်တဲ့ စေတနာနဲ့ ပြောတယ်လို့ သိထားသင့်ပါတယ်။ ဒါကြောင့် သေသေချာချာ စဉ်းစားပြီး သင် လုံးဝ မှန်တယ် ဆိုတဲ့ ကိစ္စတစ်ချို့က လွဲရင် မိဘစကားကို နားထောင်သင့် ပါတယ်။

၁၀ ။ အခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မလဲလို့ စိုးရိမ်ခြင်း

ဒါဟာ လူငယ်တော်တော်များများ ဖြစ်နေတာပါ။ ” ငါ ဒါလေး ဝတ်ရင် ဘယ်လိုထင်မလဲ။ ဒီလိုလုပ်ရင်ရော ဘယ်လို ထင်ကြ မလဲ ”။ တကယ်တော့ လူ တိုင်း ကိုယ့်ကိစ္စနဲ့ ကိုယ်မို့လို့ ဘယ်သူမှ သင့်ကို လိုက်ကြည့် မ နေပါဘူး ။

ဒါကိုကြောက်ပြီးတော့ ဘာမှ မလုပ်ခဲ့ ရင်တော့ သင်ဟာ တိုးတက် လာမှာကို မဟုတ်တော့ ပါဘူး။ ဒါကြောင့် ရှက်စရာမဟုတ်တဲ့ ကိစ္စ တေကို လုပ်ဖို့ မရှက်ကြောက်ဖို့လိုပါတယ်။

၁၁ ။ အလုပ်တစ်ခုကို စပြီး အဆုံးမသတ်ခြင်း

အလုပ်တစ်ခုကို လုပ်တယ် ။ လုပ်နေရင်း နောက်တစ်ခုကို တွေ့ တော့ ပိုကောင်းတယ် ဆိုပြီး ထပ်လုပ်တယ် ။ နောက်တစ်ခု နောက် တစ်ခုတွေ့တော့ လည်း စရင်းစရင်း အဆုံးမသတ် နိုင်တဲ့ လူတစ်ချို့ကို ပတ်ဝန်းကျင်မှာ သင်မြင်ဖူး ပါလိမ့်မယ်။

ဒါကြောင့် အလုပ် အများကြီး လုပ်ပြီး တစ်ခုမှမပြီး တာထက် တစ်ခုလုပ်ပြီး တစ်ခုပြီး တာကိုပဲ လုပ်ဖို့ကြိုးစားပါ။

အထက်ပါအချက်တွေ အပြင် အခြားအချက်တွေ လည်း ရှိနိုင် ပါသေးတယ် ။ အဲ့ဒီအချက်တွေကိုလည်း စဉ်းစားပြီး ဆင်ခြင်ဖို့ လိုပါသေး တယ်။

ဒါကြောင့် အသက်ကြီးလာရင် ်နောင်တမရ စေဖို့ ငယ်ရွယ်စဉ်မှာ လုပ်သင့်တာတွေကို လုပ်ဖို့ တိုက်တွန် းလိုက်ပါရ စေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*