သောင်းကျန်းနေ တဲ့ ကြွက် ကို အသိုက်ပြောင်းပြေးစေမယ့် နည်းလမ်းကောင်းလေး

ကွက် ပြေးသော နည်းလေးကြွက်တွေက ပေါလိုက်တာ့ ပေါတာမှ စာအုပ်တွေကိုက် အဝတ်တွေကိုက်ညကျတော့ တစ်ဝုန်းဝုန်းနှင့်

လိုက်တမ်းပြေးတမ်းကစားကြ ၊ကျိန်းမရအောင်ဖြစ့် တစ်ကောင်နှင့်တစ်ကောင်လှမ်းအော်ကြတစ်ခါ

တလေများဆို ပြေးရင်းလွှားရင်းခြင်ထောင်အမိုးပေါ်ဒိုင်ဘင်ထိုးချ လွန်တာမှအတော်လွန့်အဲ့ဒါနှင့်ကလေးတွေက ထောင်ချောက်ထောင်မယ်

လျှောက်တယ့်မလုပ်နှင့် ဆေးကျွေးမယ်ဆိုတယ့်လုံးဝမလုပ်နှင့်ပေါ့….အဲ့ဒါနှင့်တစ်နေ့ကျတော

လက်မောင်းအောင့်လို့လင်ဇီးဒါဏ်ကြေဆေးလိမ်းတယ့် ပူလိုက်တာ့..အခိုးကလည်း မွှန်ပြီးမျက်ရည်ကျတယ့် လူတောင်အနံ့ခိုးရတာနှင့်မျက်ရည်ကျရတယ် ဟိုအကောင်တွေ(ကြွက်)ဆိုဘယ်လိုနေမလဲမသိသူတို့နှာခေါင်းကရှေရောက်

နေ တာဆိုတော့ ပိုပြီးအနံ့ရမှာပဲဆိုပြီးစမ်းကြည့်မယ်ပေါ့ဆိုတော့ကျောင်းသားသုံးယောက်ခေါ် ကြွက်လာလမ်း လျှောက်လမ်းတွေ လင်ဇီးတွေ ထူထူသုတ်ပြီး အသာနေလိုက်တာ့ ည(၁၀)နာရီလောက်ကျတော့ သောင်းကျန်းဖို့လာနေကြ

အချိန်အတိုင်း ကြွက်တစ်အုပ်ရောက်လာပါရော့ရှေ့ဆုံးကအကောင်က သုတ်ထားတဲ့လင်းဇီးနှင့်နဖူးတွေ့ဒူးတွေ့တွေ့ပြီးကြမ်း ပြင်ပေါ်ပြုတ်ကျ့…သူ့ပါးစပ်က အော်ချင်တာအော်ပြီး ထွက်ပြေးအဲ့ဒီလိုနှင့်နှစ်ကောင်သုံးကောင်လောက်ဖြစ်ရော

နောက်ကကြွက်တစ်အုပ်ရှေ့ဆက်မတက်ပဲ အသိုက်ပါပြောင်းတယ်ထင်ပါရဲ့…ခုဆိုကြွက်တွေလာမသောင်းကျန်းတာသုံးရက်ရှိပြီ…..ကျေးဇူးပါလင်ဇီးရေ့ သူ့အသက်မသေပဲ စိတ်ချမ်းသာစွာအိပ်စက်နိုက်တာ။

ခရစ်ဒစ် မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*